ရိုးမဘဏ်နှင့် ရိုးမလုပ်ငန်းစုတို့မှ ငလျင်ဘေးသင့်ဒေသများသို့ ကူညီပံ့ပိုးမှု
ရိုးမဘဏ်သည် ၎င်း၏ “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ရိုးမလုပ်ငန်းစုနှင့် ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင်စစ်ကိုင်းတိုင်းဒေသကြီးရှိ မိဂဒါဝုန်ချောင်၊ မဟာသန္တိသုခချောင်နှင့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဘုံးအိုးကျေးရွာတို့ရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ကိုယ်တိုင်သွားရောက်ကူညီပံ့ပိုးခဲ့ပါသည်။
ကူညီပေးမှုများအနက်တွင် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် ဆန်၊ ဆီ၊ အသင့်စားအစားအသောက်၊ ရေသန့်နှင့် အခြားအိမ်သုံးပစ္စည်းများ ကို ပေးအပ်ကူညီခဲ့ပါသည်။
ဤလှုပ်ရှားမှုသည် ရိုးမဘဏ်၏ Corporate Social Responsibility (CSR) ဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ငလျင်ဘေးအန္တရာယ်ကြုံတွေ့သူများအတွက် ပြန်လည်ထူထောင်ရေး လှုပ်ရှားမှုများတွင် အဖွဲ့အစည်းအနေဖြင့် တာဝန်ယူမှုရှိကြောင်းကို ပြသသည့် သက်သေတစ်ခုဖြစ်ပါသည်။
ရိုးမဘဏ်နှင့် ရိုးမလုပ်ငန်းစုတို့သည်အဖွဲ့အစည်းအနေဖြင့် လူ့ဘောင်အပေါ်အကျိုးပြုနိုင်သည့် လှုပ်ရှားမှုများ၊ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအတွက် အထောက်အပံ့ပေးမှုများနှင့် အများပြည်သူအတွက် တာဝန်ယူမှုရှိသည့် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
BizSpace Portal
Payroll Portal
Supply Chain Financing







