ရိုးမဘဏ်၏ ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော လူမှုအကျိုးပြု လုပ်ငန်းများဆောင်ရွက်ရန် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာ ၅၃ ရွာအား ပံ့ပိုးမှုများလုပ်ဆောင်

New & Activities > သတင်းများ

ရိုးမဘဏ်၏ ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော လူမှုအကျိုးပြု လုပ်ငန်းများဆောင်ရွက်ရန် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာ ၅၃ ရွာအား ပံ့ပိုးမှုများလုပ်ဆောင်

New & Activities > သတင်းများ

ရိုးမဘဏ်၏ ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော လူမှုအကျိုးပြု လုပ်ငန်းများဆောင်ရွက်ရန် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာ ၅၃ ရွာအား ပံ့ပိုးမှုများလုပ်ဆောင်

24 September 2020သတင်းများ

1 Min Read

အဆိုပါ ပံ့ပိုးမှုတွင် ရှမ်းမြောက်ပိုင်းရှိ ရွာသူရွာသား ၂၇၀၀၀ နီးပါးအား အကျိုးသက်ရောက်မှုရှိနိုင်သော အများပြည်သူအတွက် ကျန်းမာရေး ပညာပေးအစီအစဉ်အပြင် လိုအပ်သော ဆေးပစ္စည်း လှူဒါန်းမှူများ ပါဝင်သည်။

မြန်မာ/ရန်ကုန်- စက်တင်ဘာ ၂၄ ရက်၊ ၂၀၂၀ – ရိုးမဘဏ်က ဒေသတွင်း လူမှုဘဝသာယာရေးကို ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြုနိုင်ရန်  ရည်ရွယ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၎င်း၏ ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) အစီအစဉ်သစ်ကို စတင်အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါ အစီအစဉ်တွင် ယင်းဒေသတွင်း ကျန်းမာရေး ဝန်ဆောင်မှုများ မြှင့်တင်ပေးရန် ရည်ရွယ်ပြီး ပြည်သူများအတွက် ကျန်းမာရေး ပညာပေးအစီအစဉ်များအပြင် လိုအပ်သော ဆေးပစ္စည်း လှူဒါန်း မှု များ ပါဝင်မည်ဖြစ်ကာ  ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ မိုင်းရယ်၊ တန့်ရမ်း၊ နမ့်တူ၊ ကျောက်မဲ၊ ကွတ်ခိုင် နှင့် နမ့်ခမ်းမြို့နယ်များရှိ ကျေးရွာ ၅၃ ရွာ မှဒေသခံ ရွာသူရွာသား ၂၇,၀၀၀ ဦး အကျိုးသက်ရောက်မှုရှိမည် ဖြစ်ပါသည်။ ဒေသတွင်း ပြည်သူများ၏ အခြေခံ ကျန်းမာရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းဖြင့် ဒေသတွင်းလူမှုဘဝသာယာရေးဆောင်ရွက်ရာတွင်   အကျိုးသက်ရောက်မှု ကောင်းများ ရရှိစေရန် အဆိုပါ စီမံကိန်းအသစ်က ကူညီပေးနိုင်မည် ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော COVID-19 အခြေအနေများကြောင့် ဝေးလံကာ ဖွံ့ဖြိုးမှုနည်းနေသေးသော နေရာများရှိ ထိခိုက်လွယ်သော လူမှု အသိုက်အဝန်းတွင် ကပ်ရောဂါများ နှင့် အခြားအခြေခံကျန်းမာရေး ပြသနာများ လွယ်ကူစွာ ဖြစ်ပေါ်စေပါသည်။ ဝေးလံကာဖွံ့ဖြိုးမှုနည်းနေသေးသော လူမှုအသိုင်းအဝန်း အား လက်ရှိအခြေအနေ၏ သက်ရောက်မှုများမှ ကာကွယ်ပေးနိုင်ရန် နှင့် ထိခိုက်လွယ်သော မိသားစုများကို ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိအောင် ကူညီပေးနိုင်ရန်အတွက် ရိုးမဘဏ်သည် ကျန်းမာရေး လုပ်သား ၇၀ ဦးနှင့်အတူ ပူးပေါင်းလုပ်ကိုင်ကာ ကျေးရွာများ တွင် COVID-19 ပညာပေးလုပ်ငန်းများကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် COVID-19 နှင့်ပတ်သတ်၍ နားလည်သိရှိပြီး သတိပြုရှောင်ကျဉ်နိုင်ရန် ဒေသတွင်း ဘာသာစကားများဖြင့် အသံချဲ့စက်များ အသုံးပြုကာ လိုက်လံကြေညာပေးသွားမည်ဖြစ်သည်။ အသံချဲ့စက်ဖြင့် လိုက်လံကြေညာရာတွင် COVID-19 နှင့်ပတ်သတ်၍ အခြေခံ သိရှိရမည့်အချက်များဖြစ်သည့် COVID-19 အကြောင်း၊ ရောဂါလက္ခဏာများ နှင့် ကူးစက်မှုများမှ မည်သို့ ကာကွယ်ရမည်ဆိုသော အချက်များ ပါဝင်ပါသည်။ ယင်းအစီအစဉ်သည် ကပ်ဘေးရောဂါကာလအတွင်း အများပြည်သူ အချင်းချင်း စဉ်ဆက်မပြတ် ဆက်သွယ် ချိတ်ဆက်နိုင်စေရန်နှင့်   ရောဂါကာကွယ်ရေးနှင့်ပတ်သတ်၍ မှန်ကန်တိကျသော သတင်း အချက်အလက်များကို ပြည်သူလူထုထံ ရောက်ရှိစေရန် ပံ့ပိုးလုပ်ဆောင်ပေးသွားမည် ဖြစ်သည်။

ရိုးမဘဏ်က ယင်းဒေသရှိ ကျန်းမာရေး လုပ်သား ၇၀ ဦးကို ၎င်းတို့၏ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နိုင်ရန်  လိုအပ်သော ဆေးဝါးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ  လှူဒါန်းပေးသွားမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် အခြေခံ ဆေးဝါးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများဖြစ်သော  သာမိုမီတာ၊ ဗီတာမင်၊ ဆေးဝါးများ၊ စာရေးကိရိယာများ၊ ကျောပိုးအိတ်များ၊ ကျန်းမာရေး လုပ်သားများအတွက် ဆေးပစ္စည်းများ နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အသုံးအဆောင်များဖြစ်သည့် ဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ လက်သည်းညှပ် အစရှိသော ကျန်းမာရေးဆိုင်ရာ ပစ္စည်းများကို လှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

ရိုးမဘဏ်၏ CEO ဖြစ်သူ မစ္စတာ Dean Cleland က “ ရိုးမဘဏ်အနေနဲ့ ထောက်ပံ့မှု လိုအပ်နေ တဲ့နေရာ တွေကို အကူအညီပေးခြင်းဖြင့် ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ အများပြည်သူရဲ့ လူမှုဘဝသာယာရေးအတွက် အပြည့်အဝမြှပ်နှံ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါက ကျွန်တော်တို့ ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) အစီအစဉ်ရဲ့ အဓိက ဦးစားပေးဖြစ်ပြီး ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် လူမှုဘဝ တိုးတက်ရေး နဲ့ တန်းတူပါဝင်နိုင်ရေးတွေ တိုးတက်ဖြစ်ထွန်းစေဖို့ ခိုင်မာတဲ့ အထောက်အပံ့ ဖြစ်လာပါလိမ့်မယ်။ အခု အစီအစဉ်သစ်ကနေပြီးတော့ အဲ့ဒီ ဒေသ တွေမှာ ယုံကြည်စိတ်ချရလောက်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ နဲ့ သန့်ရှင်းမှု စနစ်တွေ ပုံပေါ်လာအောင် ကျွန်တော်တို့အနေနဲ့ ထောက်ပံ့လမ်းညွန်မှုတွေ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းပေးခြင်းက ထိခိုက်နိုင်ခြေများတဲ့ ပြည်သူတွေကို ဒီကပ်ရောဂါကနေ ကျော်ြဖတ်နိုင်ဖို့ အကူအညီဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။”ဟု ပြောကြားခဲ့ပါသည်။  

ရိုးမဘဏ်က ၎င်းဝန်ဆောင်မှုပေးသောနေရာများရှိ အများပြည်သူကို ပြန်လည် အလုပ်အကျွေးပြုရန်  ကတိကဝတ်ပြုထားပြီးဖြစ်သည်။ ဘဏ် သက်တမ်း၂၇ နှစ်တာ  ကာလအတွင်း  ရိုးမဘဏ်က လူမှုစီးပွား ရေးဆိုင်ရာ ပတ်ဝန်းကျင်တွင် ကောင်းမွန်သော အကျိုးကျေးဇူးများ၊ သက်ရောက်မှုများ ရရှိအောင် ပြည်သူအားလုံးပါဝင်နိုင်သည့် ငွေရေးကြေးရေးစနစ် ပုံဖော်ရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းများ နှင့် ဝန်ထမ်းများ၏အရည်အသွေးမြှင့်တင်ခြင်း အစရှိသော စုံလင်သည့် ပရဟိတ လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၀ ခုနှစ် ဇူလိုင်ကလည်း COVID-19‌ ရောဂါဖြစ်ပွားနေစဉ်အတွင်း လုံခြုံစိတ်ချစွာ ကျောင်းပြန်တက်နိုင်ရန် လှိုင်သာယာ မြို့နယ်ရှိ ဒိုင်စုကျေးရွာ နှင့် နောင်ကျေးရွာတို့ရှိ ကျောင်းသားကျောင်းသူများအား ကိုယ်တိုင် ဒီဇိုင်းဆင်နိုင်သော နှာခေါင်းစည်း ၆၀၀၀ ကျော်နှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှုဒါန်းခဲ့သည်။ 

Share this news on