ဝန်ထမ်းများဖြင့်စဉ်ဆက်မပြတ်ထိတွေ့ဆက်သွယ်မှုရှိခြင်း
Who we are > အလုပ်အကိုင်များ
ဝန်ထမ်းများဖြင့်စဉ်ဆက်မပြတ်ထိတွေ့ဆက်သွယ်မှုရှိခြင်း
Who we are > အလုပ်အကိုင်များ
ဝန်ထမ်းများဖြင့်စဉ်ဆက်မပြတ်ထိတွေ့ဆက်သွယ်မှုရှိခြင်း
ရိုးမဘဏ်သည် ဝန်ထမ်းများအားလုံးရာထူးကြီးငယ်မရွေး အပြန်အလှန်ဆက်သွယ်နိုင်ပြီး ဘဏ်၏ အခြေခံတန်ဖိုးများနှင့်ကိုက်ညီသော ပတ်ဝန်းကျင်တစ်ခုအားကောင်းစေရေးအတွက် အထူးအလေးထားဆောင်ရွက်ပါသည်။ ရိုးမဘဏ်သည် ဝန်ထမ်းများ၏စွမ်းဆောင်ရည်နှင့် ရလဒ်ကောင်းများ ရရှိစေရေးကိုသာ အာရုံစိုက်ခြင်းမျိုးမဟုတ်ဘဲ ချမှတ်ထားသည့်ကျင့်ဝတ်များမှတစ်ဆင့် ဝန်ထမ်းတစ်ဦးစီ၏ အဆင်ပြေတိုးတက်ရေးနှင့် စိတ်ခွန်အားတက်ကြွမှုရှိစေရန် Employee Value Proposition များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ရိုးမဘဏ်ဝန်ထမ်းများအားလုံးသည် ဘဏ်၏ရုံးတွင်းဆက်သွယ်ရေးကွန်ရက် (Yammer Page)၊ အပတ်စဉ်ဌာနအလိုက်အစည်းအဝေးများနှင့် အစီရင်ခံစာများအပါအဝင် အခြားသောလုပ်ငန်းခွင်ဆက်သွယ်ရေးနည်းလမ်းများမှတစ်ဆင့် အလုပ်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ရယူဝေမျှနိုင်ပါသည်။ ထို့ပြင် လုပ်ငန်းခွင်ဆိုင်ရာ တိုးတက်ပြောင်းလဲမှုများကို သိရှိနိုင်စေရန် ဘဏ်၏ အကြီးတန်းစီမံခန့်ခွဲမှုတာဝန်ရှိသူများမှလည်း ပုံမှန် “TownHall” (လပတ်အစည်းအဝေးများ) ကျင်းပပေးခြင်းဖြင့် ဝန်ထမ်းများအား စဉ်ဆက်မပြတ် ထိတွေ့ဆက်သွယ်မှုရှိစေရန် အဓိကအခန်းကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိပါသည်။
ထို့ပြင် သန်လျင်မြို့နယ်၊ ကြယ်စင်မြို့တော်တွင်တည်ရှိသည့် ရိုးမဘဏ်ရုံးချုပ်သည်လည်း သက်တောင့်သက်သာရှိသည့် မျက်မှောက်ခေတ်၊ ခေတ်ပြိုင်လုပ်ငန်းခွင်တစ်ရပ်ကို ထင်ဟပ်စေလျက်ရှိပါသည်။
လုပ်ဖော်ကိုင်ဖက်အချင်းချင်း နေ့စဉ်အပြန်အလှန်ဆက်သွယ်မှုအတွက် ဗဟိုချက်တစ်ခုအဖြစ် ဝန်ထမ်းများသက်သာချောင်ချိရေးကို အသားပေးထားပြီး သန့်ရှင်းကျယ်ဝန်းသည့်မုန့်ဈေးတန်း (Canteen) ကိုလည်း ရိုးမဘဏ်မှ စီစဉ်ပေးထားပါသည်။ လုပ်ဖော်ကိုင်ဖက်များအချင်းချင်း အပြန်အလှန်ဆက်သွယ်နိုင်သည့်အပြင် ခိုင်မြဲသည့်ဆက်ဆံရေးများတည်ဆောက်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ ဝန်ထမ်းများအနားယူအပန်းဖြေနိုင်မည့် နေရာများကို စီစဉ်ပေးထားပြီး (Social Hours) များ ကိုလည်း စီစဉ်ပံ့ပိုးပေးထားပါသည်။
ရိုးမဘဏ်သည် ဝန်ထမ်းများ၏ကောင်းကျိုးကို အလေးထားပြီးပွင့်လင်းမြင်သာသည့် အပြန်အလှန်ဆက်သွယ်မှု၊ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီမှုတို့အားကောင်းသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်စေရေးအတွက် ပံ့ပိုးကူညီရန်ကတိပြုထားပါသည်။
Rabo ဘဏ်နှင့် ရိုးမဘဏ် ပူးပေါင်း၍ နယ်သာလန်နိုင်ငံတွင် နှစ်လကြာ လေ့လာရေး အစီအစဉ် ပြုလုပ်ပေးခြင်း


ဒေါ်အိသဉ္ဇာ (Deputy Head Of Corporate) နှင့် ဒေါ်မေမြတ်ဖြူစင် (Deputy Head of Homeloan) တို့က သူတို့ရဲ့အတွေ့အကြုံတွေကို မျှဝေထားပါတယ်
“မတူညီတဲ့ အမြင်တွေ မတူညီတဲ့ အတွေးခေါ်တွေရှိကျတဲ့ နိုင်ငံအရပ်ရပ်က သူတွေနဲ့ အချိန်ကုန်ဆုံးရတာဟာ ကျွန်မရဲ့ အကြီးမားဆုံးသော ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုပါ။ မိမိတို့ရဲ့ အစုရှယ်ယာဝင်တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ “ကမ္ဘာနဲ့အညီတွေးခေါ်တတ်ပြီး မိမိအရပ်ဒေသကဲ့သို့ ပြုမူခြင်း” ဆိုသောဆောင်ပုဒ်ကို အားပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်ဆိုတာသိရှိခဲ့ပါတယ်။ ကျွန်မအနေနဲ့ မိမိရဲ့ အားသာချက်တွေကို ရှာဖွေနိုင်ခဲ့ပြီးတော့ အဲဒီအားသာချက်တွေကို အသုံးချကာ အလုပ်ခွင်နှင့် လူမှုရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်သွားမှာ ဖြစ်ပါတယ်။”
“Robo နှင့် တွဲဖက် လုပ်ဆောင်တဲ့ ဒီအစီအစဥ်ဟာ ကျွန်မအတွက် အကောင်းဆုံးသော သင်ယူမှုတစ်ခုဖြစ်ခဲ့ပါတယ်. အခြားမတူညီသော ဘဏ်တွေက လူတွေနဲ့ ချိတ်ဆက်အလုပ်လုပ်ရတာကျွန်မအတွက် အဖိုးမဖြတ်နိုင်ပါဘူး။ နောက်ပြီး လုပ်ငန်းတွေမှာ digital စနစ်သို့ ပြောင်းလဲခြင်းကို ဘယ်လိုကိုင်တွယ်လဲဆိုတာကိုလည်း လေ့လာသင်ယူခဲ့ရပါတယ်။
ကျွန်မကို ဘဏ်နဲ့သက်ဆိုင်တဲ့အသိပညာတွေအပြင် နေ့စဥ်လုပ်ဆောင်ရမယ့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကိုလည်း သင်ကြားပေးပါတယ်။ သူတို့ရဲ့ “ကမ္ဘာကိုအတူတကွကောင်းမွန်အောင်ပြုလုပ်ကျစို့” ဆိုတဲ့ဆောင်ပုဒ်က ကျွန်မကို ပိုမို ပေးကမ်းတတ်တဲ့လူတစ်ယောက်ဖြစ်အောင်ပြုလုပ်ပေးတဲ့အပြင် ဘဝမှာ တွေ့ကြုံလာရမယ့် အခက်အခဲတွေကို ခံနိုင်ရည်ရှိအောင်လည်း သင်ကြားပေးပါတယ်။ ကျွန်မကို ခွန်အားတွေရှာဖွေတတ်အောင်ကူညီခဲ့ပြီးတော့ အောင်မြင်မှုအတွက်အကောင်းဆုံးအသုံးချတတ်ဖို့လည်း ကူညီပေးခဲ့ပါတယ်
ဆက်စပ် အကြောင်းအရာများ

ရိုးမဘဏ်တွင် အလုပ်လုပ်ခြင်း
ပြိုင်ဘက်ကင်းသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဖြင့် စဉ်ဆက်မပြတ်တိုးတက်ပြောင်းလဲနေသည့် ကုမ္ပဏီတစ်ခုအဖြစ် ရိုးမဘဏ်၏ ဂုဏ်သတင်းကို ကျွနု်ပ်တို့ ဂုဏ်ယူစွာ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။
Read More
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal