ခေါင်းစဉ်
| တာဝန်များ
|
ဘုတ်အဖွဲ့
| - ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များ (အထူးသဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများ၊ ညွှန်ကြားချက်များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ချက်များ)အတိုင်း လိုက်နာဆောင်ရွက်မှု ရှိစေရန် စောင့်ကြည့်ခြင်း
- ဘုတ်အဖွဲ့မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိစေခြင်း
- ဘဏ်၏ အမြုတေတန်ဖိုးနှင့် ရည်မှန်းချက်များအား ပြန်လည်သုံးသပ်ခြင်းနှင့် ချမှတ်ခြင်း
- ဘုတ်အဖွဲ့၏ လုပ်ဆောင်ချက်နှင့် အကျိုးသက်ရောက်မှုများကို အကဲဖြတ်ခြင်း
- အစုရှယ်ယာရှင်များက ဒါရိုက်တာဘုတ်အဖွဲ့ဝင်များအားရွေးချယ်နိုင်ရန် အလားအလာရှိသော အဖွဲ့ဝင်များအား ရွေးချယ်အကြံပေးခြင်း
- အစုရှယ်ယာဝင်များ အတည်ပြုနိုင်ရန် ဘုတ်အဖွဲ့၏လစာအား အကြံပြုခြင်း
|
မဟာဗျူဟာ | - မဟာဗျူဟာအား ပြန်လည်သုံးသပ်ခြင်း၊ အတည်ပြုခြင်းနှင့် စောင့်ကြည့်ခြင်း
- မဟာဗျူဟာဆိုင်ရာ ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးအတွက် အဆက်မပျက် လုပ်ဆောင်ချက်များအား စောင့်ကြည့်ခြင်း
- အဓိကကျသော စီးပွားရေးဆိုင်ရာကိစ္စရပ်များအား ဆုံးဖြတ်ချက်ချခြင်း
|
ဆုံးရှံးနိုင်ခြေများနှင့် ထိန်းချုပ်မှုများ
| ဆုံးရှံးနိုင်ခြေများဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်နှင့် ဆက်စပ်မူဝါဒများ၊ လုပ်ငန်းစဥ်များအား အတည်ပြုခြင်းနှင့် စောင့်ကြည့်ခြင်းဆုံးရှံးနိုင်ခြေများဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ကောင်းမွန်သော ထိန်းချုပ်မှုပတ်ဝန်း ကျင်တစ်ခု တည်ဆောက်ရန်လက်ခံနိုင်သော ဆုံးရှံးနိုင်ခြေများအား သတ်မှတ်ခြင်း ပြင်ပစာရင်းစစ်များအား ထုတ်ပယ်ခြင်း၊ ပြန်လည်ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး အစုရှယ်ယာဝင်များအား အကြံပြုခြင်း
|
အစီရင်ခံခြင်း | - ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်များအား မှန်ကန်မှုရှိမရှိ သေချာစေခြင်း
|
စီးပွားရေးနှင့် သက်ဆိုင်သူများ
| - ဘဏ်၏ စီးပွားရေးစနစ် ရေရှည်တည်တံ့ခိုင်မြဲမှုကို သေချာစေရန် စီးပွားရေးနှင့် သက်ဆိုင်သူများ၏ မျှော်မှန်းချက်များကို ထည့်သွင်းစဥ်းစားခြင်း
- ဘဏ်သည် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာတွင် တာဝန်ယူမှု၊ တာဝန်သိမှုရှိရှိ ဖြင့် လုပ်ဆောင်နိုင်ရန် သေချာစေခြင်း
|
ဝန်ထမ်းများ
| - ဘဏ်၏ လူစွမ်းအားအရင်းမြစ်ဆိုင်ရာ မူဘောင်များ၊ မူဝါဒများကို ပြန်လည်စမ်း စစ်ခြင်းနှင့် အတည်ပြုခြင်း
- ကုမ္ပဏီ၏ ရာထူးဆက်ခံခြင်းအတွက် အစီအစဉ်ချမှတ်ခြင်း
- စီမံခန့်ခွဲရေးအဖွဲ့အတွက် လစာနှင့် မက်လုံးပေးဆွဲဆောင်မှု အစီအစဉ်များ ချမှတ်ခြင်း
|