ဝန်ထမ်းများအားပံ့ပိုးကူညီခြင်း

Who we are > အလုပ်အကိုင်များ

ဝန်ထမ်းများအားပံ့ပိုးကူညီခြင်း

Who we are > အလုပ်အကိုင်များ

ဝန်ထမ်းများအားပံ့ပိုးကူညီခြင်း

ရိုးမဘဏ်၏ ဝန်ထမ်းအကျိုးခံစားခွင့်အဆိုပြုချက်(EVP)ကို ဝန်ထမ်းတိုင်းသိရှိခံစားနိုင်မည့်အဖွဲ့အစည်း၏ ယဉ်ကျေးမှု၊ ဝန်ထမ်းများအတွက် ဦးဆောင်နိုင်မှု အခွင့်အလမ်း၊ အလုပ်အကိုင်တိုးတက်မှု အခွင့်အလမ်းများအပြင် ဆုကြေးနှင့်အကျိုးအမြတ်များစသည့် အချက် (၅) ချက်အား အခြေခံရေးဆွဲထားခဲ့ခြင်းဖြစ်ပါသည်။ ဝန်ထမ်းများအနေဖြင့် ရိုးမဘဏ်နှင့်လက်တွဲဆောင်ရွက်သည့် လုပ်သက်တစ်လျှောက် ၎င်းတို့ဘဝနေထိုင်မှုအတွက် လိုအပ်မည့်အခြေခံအချက်များအား ဘက်စုံထောင့်စုံမှပံ့ပိုးပေးနိုင်ရန် ရိုးမ ဘဏ်မှစဉ်းစားစီမံပေးထားပါသည်။ ထိုစီမံပေးထားမှုများတွင် ဝန်ထမ်းတစ်ဦးအနေဖြင့် မင်္ဂလာဆောင် အတွက်ခွင့် (၅) ရက်၊ အမျိုးသမီးဝန်ထမ်းများအတွက် မီးဖွားခွင့် (၁၅၀) ရက်၊ အမျိုးသားများအတွက် ဇနီးသည် မီးဖွားချိန်တွင်စောင့်ရှောက်နိုင်ခွင့် (၃၀) ရက် စသည်တို့အပါအဝင်၊ စာမေးပွဲဖြေဆိုချိန် အတွက်ခွင့်၊ မိသားစုဝင်များ၏နာရေးအတွက်စာနာသည့်ခွင့်စသည်တို့ပါဝင်ပါသည်။ ထို့ပြင်ရုံးချုပ်ဝန် ထမ်းများအား StarCity Sports Club တွင်အဖွဲ့ဝင်အဖြစ် စာရင်းသွင်းပေးထားသဖြင့် ဝန်ထမ်းများ အနေနှင့် အားကစားလေ့ကျင့်မှုများကို မိမိနှစ်သက်သလိုလေ့ကျင့်နိုင်ခြင်း၊ ဝန်ထမ်း၏ကျန်းမာရေးအရ ဆေးရုံတက်ရောက်၍ ကုသမှုခံယူစဉ်တွင် စရိတ်ထောက်ပံ့ပေးခြင်း၊ လူမှုဖူလုံရေးစရိတ်များစီစဉ်ပေးခြင်းတို့အပြင် ဝန်ထမ်းများအတွက် အထူးအတိုးနှုန်းခံစားခွင့်များဖြင့် အရေးပေါ်ချေးငွေ၊ နှစ်ရှည်ချေးငွေ၊ အိမ်ရာချေးငွေ၊ ယာဉ်ဝယ်ယူရန်ချေးငွေစသည့်အကျိုးခံစားခွင့်များကိုလည်း စီစဉ်ပေးထားပါသည်။ ထိုသို့အကျိုးခံစားခွင့်များအား စီမံပေးထားခြင်းဖြင့် ရိုးမဘဏ်သည် မိမိတို့၏ဝန်ထမ်းအားလုံးအတွက် ရေရှည်အကျုံးဝင်စေမည့်ပံ့ပိုးမှုများပေးအပ်ရာတွင် အားကောင်းသည့် လုပ်ငန်းခွင်တစ်ရပ်ဖြစ်စေရန် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။

ရုံးချုပ်နှင့် ဘဏ်ခွဲဝန်ထမ်းများအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် We Care Program ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ရုံးချုပ်ဝန်ထမ်းများအနေဖြင့် ရုံးချုပ် တည်ရှိရာ Star City သန်လျင်တွင် လူတွေ့ကျန်းမာရေးစောင့်ရှောက်မှုများ ရယူနိုင်ပြီး ဘဏ်ခွဲ ဝန်ထမ်းများအတွက် ဆရာဝန်များနှင့် ဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးနိုင်သည့် (Tele-Med) အစီအစဉ်ကိုလည်း စီစဉ်ထားရှိပေးထားပါသည်။

ရိုးမဘဏ်သည် ဝန်ထမ်းများ၏ကျန်းမာရေးနှင့် လုံခြုံရေးကို စဉ်ဆက်မပြတ်အလေးထားသည့်အဖွဲ့အ စည်းဖြစ်သည့်အားလျော်စွာ ဝန်ထမ်း (၃,၅၀၀) ကျော်အား နှစ်စဉ်အသက်အာမခံထားရှိပေးလျက် ရှိပါသည်။

အကန့်အသတ်များစွာ ရှိနေသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ ဆိုးရွားစွာ ပြတ်တောက် မလောက်ငမှုတို့ကြောင့် မြန်မာနိုင်ငံ၏ ပြည်သူလူထုအပေါ် COVID-19 တတိယလှိုင်း၏ ရိုက်ခတ်မှုသည် အလွန်ပြင်းထန် ဆိုးရွားခဲ့ပါသည်။ ထိုသို့သော ထိတ်လန့်ကြောက်မက်ဖွယ်ရာ အခြေအနေတွင် ရိုးမဘဏ်၏ ဝန်ထမ်းများကို ပံ့ပိုးကူညီနိုင်ရန် ဘဏ်အနေဖြင့် ဆေးပညာရှင်ဆရာဝန် ၅ ဦးပါဝင်သော COVID အကျပ်အတည်း တုံ့ပြန်ရေးအဖွဲ့ (COVID Crisis Response Team – CCR Team) ကို ဖွဲ့စည်းခြင်း အပါအဝင် အရေးပါသော ထပ်တိုးပံ့ပိုးကူညီမှု အစီအစဉ်များကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ကပ်ရောဂါ၏ သက်ရောက်မှုကို ခံစားရသော ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများအား အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် COVID အကျပ်အတည်း တုံ့ပြန်ရေးအဖွဲ့ (CCR Team) ကို ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် စတင် ဖွဲ့စည်းခဲ့ပါသည်။ COVID အကျပ်အတည်း တုံ့ပြန်ရေးအဖွဲ့သည် ဝန်ထမ်းများအား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး ကျန်းမာသုခ ရှိစေရေးကို အလေးထား၍ ကျန်းမာရေးနှင့် သက်ဆိုင်သည့် မည်သို့သော အကြောင်းကိစ္စရပ်မျိုးကို မဆို ပံ့ပိုးကူညီပေးရန် ရည်ရွယ်ပါသည်။ အွန်လိုင်းမှ တစ်ဆင့် ကျန်းမာရေး စောင့်ရှောက်မှု အကြံဉာဏ်များ ပေးခြင်း (virtual medical consultation)၊ အိမ်တိုင်ရာရောက် ဆေးညွှန်းများ ပို့ပေးခြင်း (သို့မဟုတ်) အားပေးစကားပြောကြားခြင်း တို့ကို ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများနှင့် သူတို့၏ မိသားစုများကို CCR Team မှ ပံ့ပိုး ကူညီပေးလျက် ရှိပါသည်။ ဝန်ထမ်းများ ကြုံတွေ့နေရသော သတင်းဖောင်းပွမှုကို ဖြေရှင်းရန် အတွက်လည်း CCR အဖွဲ့သည် ကျန်းမာရေးဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုများကို ပန်းလှိုင်ဆေးရုံနှင့် ပူးပေါင်း၍ အွန်လိုင်းဟောပြောပွဲများ (webinars) မှတစ်ဆင့် ဆွေးနွေးပညာပေးမှုများ ကိုလည်း ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိပါသည်။

ရိုးမဘဏ်အနေဖြင့် ဘဏ်၏ ဝန်ထမ်းများကို ကာကွယ်ခြင်းသည် ရည်မှန်းချက်များ ပြည့်မီနိုင်ရန်နှင့် Customer များအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် အလွန်အရေးကြီးသည်ဟု ယုံကြည်ပါသည်။ COVID ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားနေချိန်အတွင်း ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အောက်ဆီဂျင် အခက်အခဲများကြောင့် ရိုးမဘဏ်သည် ဝန်ထမ်းများ အတွက်လည်း oxygen concentrators များ ဝယ်ယူရန် လိုအပ်ခဲ့ပါသည်။ ဘဏ်အနေဖြင့် ရန်ကုန်နှင့် မန္တလေးရှိ လိုအပ်မှု ရှိနေသော ဝန်ထမ်းများ ငှားရမ်းနိုင်ရန်အတွက် oxygen concentrators အလုံးပေါင်း ၃၀ ကို ဝယ်ယူခဲ့ပါသည်။ ပန်းလှိုင်ဆေးရုံသည်လည်း ထိုစက်ပစ္စည်းများကို ထိန်းသိမ်းရန်၊ စောင့်ရှောက်ရန်တို့အတွက် ပံ့ပိုးကူညီမှု ပေးခဲ့ပါသည်။

ရိုးမဘဏ်အနေဖြင့် ကျွန်ုပ်တို့၏ လက်ရှိ ဖော်ဆောင်လျက်ရှိသော “We Care” ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု အစီအစဉ် (“We Care” CSR program) ၏ အစိတ်အပိုင်းအဖြစ် ဝန်ထမ်းများအတွက် ရင်းနှီးမြှုပ်နှံခြင်းနှင့် ပံ့ပိုးကူညီမှုတို့ကို ဆက်လက် လုပ်ဆောင်လျက် ရှိပါသည်။ ရိုးမဘဏ်သည် ဝန်ထမ်းများ အားလုံးအတွက် အခမဲ့နှင့် ဝန်ထမ်းများ၏ မိသားစုဝင်များအတွက် သင့်တင့်သော နှုန်းဖြင့် ကာကွယ်ဆေးထိုးနှံနိုင်သော COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ နောက်ဆုံး ရက်သတ္တပတ်တွင် စတင်ခဲ့ပါသည်။ ဤ အစီအစဉ်အောက်တွင် ဘဏ်၏ ဝန်ထမ်းများအနေဖြင့် မိသားစုဝင် အရေအတွက် အကန့်အသတ်မရှိ စာရင်းပေးသွင်းနိုင်ပြီး ဝင်ငွေနည်း ဝန်ထမ်းများ၏ မိသားစုဝင် ၂ ဦးအထိကို ဘဏ်မှ အခမဲ့ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါသည်။ ငွေကြေး အခက်အခဲရှိသော ဝန်ထမ်းများအတွက်လည်း သူတို့၏ မိသားစုဝင်များအတွက် ကာကွယ်ဆေးများ ရရှိနိုင်စေရန် ကာကွယ်ဆေး လှူဒါန်းခြင်း (Vaccine Donation) နှင့် အရေးပေါ် ချေးငွေထုတ်ပေးခြင်း (Emergency Cash Loan) အစီအစဉ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ရိုးမဘဏ် ဝန်ထမ်းအားလုံး၏ ၉၂% ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ပါသည်။

ဆက်စပ် အကြောင်းအရာများ

Supporting Our Customers

Supporting Our Customers

COVID-19 ရောဂါ ၏ သက်ရောက်မှုကို တစ်ကမ္ဘာလုံးနှင့်အတူ ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားများ သည်လည်း အနည်းနှင့်အများ ကြုံတွေ့နေရသည်ကို နားလည်ပါသည်။

Read More