"ရိုးမဘဏ်အကောင့် ပိတ်ခံရတော့မယ်" (သို့) "အကောင့်စနစ် အဆင့်မြှင့်တင်ရန် လိုအပ်ပါတယ်" စတဲ့ အကြောင်းပြချက်တွေနဲ့ ဆက်သွယ်လာတာမျိုး ကြုံဖူးပါသလား။ 

11 September 2026

မသမာသူတွေဟာ ရိုးမဘဏ်ဝန်ထမ်း အယောင်ဆောင်ပြီး ဖုန်းခေါ်ဆိုခြင်း၊ SMS နဲ့ လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် ဆက်သွယ်ပြီး ကိုယ်ရေးအချက်အလက်နဲ့ ငွေကြေးတွေကို လိမ်လည်ရယူဖို့ ကြိုးပမ်းတတ်ကြပါတယ်။

ရိုးမဘဏ်အနေနဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို ရိုးမဘဏ်ရဲ့ တရားဝင်ချန်နယ်တွေကတစ်ဆင့်သာ ဆက်သွယ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ချန်နယ်တွေမှအပ အခြားချန်နယ်တွေကတစ်ဆင့် ဆက်သွယ်လာရင် လုံးဝ မယုံကြည်ပါနဲ့။

ရိုးမဘဏ်ရဲ့ တရားဝင်ချန်နယ်များမှာ –

✅ Yoma Bank 24/7 Customer Care Center – 9662 (သို့မဟုတ်) 097 9662 9662

✅ Website – www.yomabank.com

✅ Email – [email protected]

✅ Yoma Bank Official Facebook Page & Messenger

✅ Yoma Bank Official Viber Channel

✅ Yoma Bank Official TikTok Channel – www.tiktok.com/@yoma_bank တို့ဖြစ်ပါတယ်။

Scam Awareness အကြောင်း အသိပညာများကို Yoma Bank Facebook Page တွင် မျှဝေသွားမှာဖြစ်လို့ စောင့်ကြည့်ပေးပါ။

Scam Awareness နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ယခုလင့်ခ် https://ymbank.co/fb_scamawareness မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

#YomaBank #ScamAwareness #ImpersonationScam #CyberSecurity #TogetherWithYomaBank