မေးမယ်…
ဘဏ်ကတ်သက်တမ်းမကုန်ခင် ဘယ်နှစ်ရက်ကြိုပြီး ကတ်အသစ်လဲလှယ်လို့ရလဲ။
ဖြေမယ်…
ဘဏ်ကတ်သက်တမ်းမကုန်ဆုံးမီ တစ်လကြိုတင်ပြီး ကတ်အသစ် လဲလှယ်ဆောင်ရွက်နိုင်ပါတယ်။
မျှဝေမယ်…
ဘဏ်ကတ်ရဲ့ သက်တမ်းကုန်ဆုံးမဲ့ရက်ကို မိမိကတ်ပေါ်မှာ ကြိုတင်စစ်ဆေးနိုင်ပါတယ်။ ကတ်အသစ် လဲလှယ်လိုပါက နီးစပ်ရာ ရိုးမဘဏ်ဘဏ်ခွဲသို့ မှတ်ပုံတင်မူရင်းနဲ့ လဲလှယ်လိုတဲ့ကတ်ကို ယူဆောင်လာပြီး ဆောင်ရွက်နိုင်ပါတယ်။
အနီးဆုံး ရိုးမဘဏ်ဘဏ်ခွဲလိပ်စာများကိုလဲ ယခုလင့်ခ် https://ymbank.co/fb_locations မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
ရိုးမဘဏ်က Customer တွေ အမေးများတဲ့ မေးခွန်းတွေကို အပတ်စဉ် စနေနေ့တိုင်း ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။
သင့်ရဲ့ မေးခွန်းတိုင်းကို နားထောင်ပေးဖို့၊ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးဖို့နဲ့ အခက်အခဲတိုင်းကို အတူဖြေရှင်းပေးဖို့ ရိုးမဘဏ်က အမြဲအတူရှိနေပါတယ်။
#YomaBank #မေးမယ်ဖြေမယ်မျှဝေမယ် #TogetherWithYomaBank



BizSpace Portal
Payroll Portal
Supply Chain Financing





