ဘေလ်ပေးဆောင်ခြင်းဝန်ဆောင်မှု
လစဉ်ပေးဆောင်စရာရှိသည့် ဘေလ်များကို ရိုးမဘဏ်နှင့်အတူ အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။ အင်တာနက် ဘေလ်၊ အာမခံ၊ အွန်လိုင်းရှော့ပင်း၊ ဂိမ်း၊ ချေးငွေ၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားသော ဝန်ဆောင်မှုများအတွက် ကျသင့်ငွေများကို လွယ်လင့်တကူ ဘေလ်ပေးဆောင် သွားနိုင်မည်ဖြစ်သည်။
အကျိုးကျေးဇူးများ
- ဘေလ်ပေးဆောင်မှုကို ဖုန်းမှတစ်ဆင့် အလွယ်တကူ အချိန်မကုန် လုပ်ဆောင်နိုင်ခြင်း
- လူသုံးများပြီး လစဉ်ဘေလ်ပေးဆောင်နိုင်သည့်ကုမ္ပဏီများ ထည့်သွင်းထားခြင်း
ဘေလ်ပေးဆောင်ခြင်း ဝန်ဆောင်မှု ရယူနိုင်သူများ
ရိုးမဘဏ် အကောင့်ရှိသည့် မည်သူမဆို ဘေလ်ပေးဆောင်ခြင်းကို Mobile Banking/Online banking မှတစ်ဆင့် လုပ်ဆောင်နိုင်ပါသည်။
ချိတ်ဆက်ထားပြီးသော ကုမ္ပဏီများ
ဘေလ် ပေးဆောင်ပုံအဆင့်ဆင့်
အမျိုးမျိုးသော ဘေလ်ပေးဆောင်ရမည့် လုပ်ငန်းများကို အောက်ပါအတိုင်း လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ပါပြီ။
အဆင့် ၁:
keyboard_arrow_down
Yoma Mobile Banking Application သို့ Online Banking အား ၀င်ရောက်ပါ။
အဆင့် ၂:
keyboard_arrow_down
Menu အောက်မှ ‘ဘေလ်ပေးဆောင်ရန်’ ကို ရွေးချယ်ပြီး ဘေလ်ပေးဆောင်မည့် မိမိဘဏ်စာရင်း၊ ဘေလ်ပေးရမည့် လုပ်ငန်းအဖွဲ့အစည်း နှင့် ပေးဆောင်ရမည့် ဘေလ်၏အသေးစိတ် အချက်အလက်များဖြည့်ပါ။
အဆင့် ၃:
keyboard_arrow_down
အချိန်တိုအတွင်း ဘေလ်ပေးဆောင်နိုင်မည် ဖြစ်သည်။