မဟာဗျူဟာ

Who we are > ကျွန်ုပ်တို့အကြောင်း

မဟာဗျူဟာ

Who we are > ကျွန်ုပ်တို့အကြောင်း

မဟာဗျူဟာ

ကျွန်ုပ်တို့ ရိုးမဘဏ်သည် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော်ကို တည်ဆောက်ရန်ဟူသော ရည်မှန်းချက်အတိုင်း လုပ်ဆောင်လျက် ရှိသည်။

၂၀၁၉ ခုနှစ်တွင် အမှုဆောင်အရာရှိချုပ်အဖြစ် Mr. Dean Cleland ကို ခန့်အပ်ခဲ့ပြီးနောက် လွန်ခဲ့သော ၂၈ နှစ် ကတည်းက ချမှတ်ခဲ့သော အခြေခံကောင်းများကို မူတည်ပြီး ၂၀၂၅ ခုနှစ်အတွက် မဟာဗျူဟာကို ရိုးမဘဏ်၏ ခေါင်းဆောင်များနှင့်အတူ ရေးဆွဲခဲ့ပါသည်။ အဆိုပါ မဟာဗျူဟာကို ဒါရိုက်တာဘုတ်အဖွဲ့မှ ၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် စတင် အတည်ပြုခဲ့ပါသည်။ ဘဏ်သည် ၅ နှစ်တာ ကာလအတွင်း မက်ခရိုအဝန်းအဝိုင်းရှိ အခြေအနေများကို ခန့်မှန်းခြင်းနှင့် Customer များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးရန် လိုအပ်သည့် အချက်များကို အကဲဖြတ်ခြင်းတို့ကို ထည့်သွင်းစဉ်းစားကာ ၎င်း၏ မဟာဗျူဟာကို နှစ်စဉ် ပြန်လည် သုံးသပ်ပါသည်။

မဟာဗျူဟာ အစီအစဉ်သည် ဒါရိုက်တာဘုတ်အဖွဲ့နှင့် ဘဏ်တစ်ခုလုံးအကြား ယခုနှစ်တွင်သာမက နောင်လာမည့် ၅ နှစ်အတွင်း ရှေ့ဆက်သွားမည့် လမ်းကြောင်းကို ဖော်ဆောင်ပေးမည့် မဟာဗျူဟာမြောက် ဦးစားပေး လုပ်ဆောင်ရမည့် အချက်များကို သိရှိပြီး အတူတကွ ပူးပေါင်း လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

မဟာဗျူဟာ ရည်မှန်းချက်များ 
မြန်မာ့စီးပွားရေး လုပ်ငန်းများ အကျိုးအမြတ် ရရှိရေး ဦးတည် လုပ်ဆောင်ရန်ပိုမိုတည်တံ့ခိုင်မြဲသော မြန်မာနိုင်ငံ တည်ဆောက်ရာမှာ မြန်မာ့စီးပွားရေး လုပ်ငန်းများအတွက် ရင်းနှီးငွေများ မောင်းနှင်ပေးနိုင်ရန် အလွန် အရေးကြီးပါသည်။ ကုမ္ပဏီများသည် (အကြီးစားနှင့် အငယ်စား)  ကျွန်ုပ်တို့ စီးပွားရေးအတွက် အခြေခံဖြစ်သည့် အလျောက် ရိုးမဘဏ်အနေဖြင့် ရင်းနှီးငွေများရရှိရေး အဆင်ပြေရန် ရည်ရွယ်ပါသည်။
ဝန်ဆောင်မှု ရယူသူများ၏ အဓိကဘဏ် ဖြစ်လာရန်ကျွန်ုပ်တို့သည် ဝန်ဆောင်မှု ရယူသူများ၏ ငွေကြေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်၊ ခိုင်မာသော ဆက်ဆံရေး တည်ထောင်နိုင်ရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိသည်။ ဘဏ်၏ ဝန်ဆောင်မှု လုပ်ငန်းများ၊ ငွေပေးချေမှု၊ ငွေလွှဲမှုများနှင့် ဝန်ဆောင်မှု ရယူသူများ၏ အတွေ့အကြုံကို မြှင့်တင်နိုင်ရန် အကောင်းဆုံး နည်းပညာများကို အသုံးပြု လုပ်ဆောင်ရန် ရှိသည်။
အစုရှယ်ယာရှင်များ အကျိုးအမြတ်ပိုမို ဖြစ်ထွန်းရန်ကျွန်ုပ်တို့သည် ဝန်ဆောင်မှု ရယူသူများနှင့် အစုရှယ်ယာရှင်များ အတွက် အကျိုးအမြတ်များ၊ တန်ဖိုးများ ပိုမိုဖြစ်ထွန်းစေရန် ရည်ရွယ်ပါသည်။

အဆိုပါ မဟာဗျူဟာ ရည်မှန်းချက်များအပြင် ဘဏ်၏ အထူးအလေးပေးမှုကို လိုအပ်သော အခြားသော နယ်ပယ်များလည်းရှိကြောင်း အသိအမှတ်ပြု၍ ၎င်းမှာ မဟာဗျူဟာအပေါ်တွင် ပိုမို အထောက်အကူ ဖြစ်စေပါသည်။ ဥပမာအားဖြင့် ဝန်ထမ်းများအတွက် “Way We Work” အစီအစဉ်ကို အကောင်အထည်ဖော် ထားရှိ၍ လုပ်ငန်းစဉ်များနှင့် လုပ်ငန်း ဆောင်ရွက်ပုံများကို အကောင်းဆုံး ဖြစ်စေရန် ကြည့်ရှုခြင်း၊ ဆုံးရှုံးနိုင်ခြေ အခြေအနေများအတွက် တိုးတက်မှုနှုန်းနှင့် Risk Appetite ကြားတွင် ဟန်ချက်ညီစေရန် ထိန်းညှိပေးခြင်းနှင့် ပိုမို များပြားလာသော Customer များအတွက် AML နှင့် KYC ကဲ့သို့သော လိုက်နာဆောင်ရွက်မှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ထားရှိခြင်းတို့ကို အဓိကထား ဆောင်ရွက်လျက် ရှိပါသည်။

ယနေ့တွင်ရိုးမဘဏ်၏ ၂၀၂၅ မဟာဗျူဟာဖြစ်မြောက်ရေးအတွက် ဝန်ထမ်းတိုင်းသည် တာဝန်ယူ ဆောင်ရွက်ရပါသည်။ တီထွင်စမ်းသပ်မှုရှိရှိ၊ စွမ်းဆောင်နိုင်စွမ်းရှိရှိဖြင့် ဝန်ဆောင်မှု ရယူသူများအား ဝန်ဆောင်မှုပေးရန် ဖြစ်ပါသည်။

ဆက်စပ် အကြောင်းအရာများ

ရိုးမဘဏ်အကြောင်း

ရိုးမဘဏ်အကြောင်း

As ‘the Responsible Bank’ for 30 years

Read more
Mission, Vision and Values

Mission, Vision and Values

As ‘the Responsible Bank’ for 30 years,

Read more