menu

Scam Awareness


Sharing is not always Caring 

Scam Awareness - ရိုးမဘဏ်
အရင်းနှီးဆုံး သူငယ်ချင်းတွေကို ကိုယ့်ရဲ့ ခံစားချက်တွေ ရင်ဖွင့်မျှဝေလေ့ရှိပေမယ့် ငွေကြေးဆိုင်ရာ ကိုယ်ရေးအချက်အလက်တွေကိုတော့ အသိပေးမျှဝေလို့ မဖြစ်ပါဘူး။ 
ကိုယ်ရေးအချက်အလက်တွေနဲ့ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်တွေဆိုတာ မိမိတစ်ဦးတည်းသာ သိထားရမယ့် အချက်အလက်တွေဖြစ်လို့ မည်သူတစ်ဦးတစ်ယောက်ကိုမှ မမျှဝေဖို့ ရိုးမဘဏ် Customer များထံ အသိပေးတိုက်တွန်းလိုက်ပါသည်။ 


Phone Fraud

Scam Awareness - ရိုးမဘဏ်
ဖုန်းခေါ်ဆိုမှုတိုင်းရဲ့ နောက်ကွယ်က သတိပြုရမယ့် အန္တရာယ်… 
မသမာသူများဟာ ရိုးမဘဏ် ဝန်ထမ်း (သို့) ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုရဲ့ ဝန်ထမ်း အယောင်ဆောင်ကာ ရိုးမဘဏ် Customer များရဲ့ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်များကို ဖုန်းဆက်ပြီး လိမ်လည်ကာ တောင်းခံလေ့ရှိပါသည်။ ဒီလို လိမ်လည်ဖုန်းဆက်ပြီး တောင်းခံလာတဲ့ အခြေအနေမျိုးမှာ မိမိရဲ့ အရေးကြီး အချက်အလက်များကို မမျှဝေလိုက်ဖို့ အသိပေးအပ်ပါသည်။  


Advance Fees Scam

Scam Awareness - ရိုးမဘဏ်
မသမာသူတွေရဲ့ လှည့်ကွက်တွေကို ကြိုသိနေမယ်ဆိုရင်တော့ မိမိရဲ့ ဘဏ်အကောင့်တွေကို ကာကွယ်နိုင်ပြီပေါ့… 

မသမာသူတွေဟာ ရိုးမဘဏ် Customer များထံ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုအဖြစ် လိမ်လည်ဟန်ဆောင်ပြီး ချေးငွေရယူရန် ဝန်ဆောင်ခတွေပေးဖို့ (သို့) ကံစမ်းမဲဆုကြီးတွေ ထုတ်ယူဖို့ ကြိုတင်ငွေလွှဲရန် လိုအပ်ကြောင်း မက်ဆေ့ချ်များ တောင်းခံလာတဲ့အခါ အထူးသတိထားရှောင်ရှားကြဖို့ အသိပေးလိုက်ရပါသည်။  


Never disclose personal information on social media 

Scam Awareness - ရိုးမဘဏ်
မိမိ၏ အရေးကြီး ကိုယ်ရေးအချက်အလက်များကို လူမှုကွန်ယက်များပေါ် မျှဝေခြင်း သတိပြုကြပါစို့…. 

မသမာသူတွေဟာ လူကြီးမင်းတို့ရဲ့ အနီးအနားမှာပဲ ရှိနေနိုင်ပါသည်။ ရိုးမဘဏ် Customer များအနေနဲ့ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုမှတစ်ဆင့် ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုများမဖြစ်ပေါ်စေဖို့ မိမိရဲ့ အရေးကြီးကိုယ်ရေးအချက်အလက်တွေကို လူမှုကွန်ယက်များပေါ် မျှဝေမိခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ အသိပေးတိုက်တွန်းလိုက်ပါသည်။  


Business Email Compromise 

Scam Awareness - ရိုးမဘဏ်
မသမာသူတွေရဲ့ အယောင်ဆောင်လိမ်လည်မှုတွေကို ကြိုသိနေမယ်ဆိုရင်တော့ မိမိရဲ့ ဘဏ်အကောင့်ကို ကာကွယ်နိုင်ပြီပေါ့… 

မသမာသူတွေဟာ ရိုးမဘဏ် Customer များထံ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုဟန်ဆောင်ပြီး အီးမေးလ်များမှတစ်ဆင့် အမည်မသိ ဘဏ်အကောင့်များထံ ငွေလွှဲရန် တောင်းခံလာတဲ့အခါ အထူးသတိထားရှောင်ရှားကြဖို့ အသိပေးလိုက်ရပါသည်။


Be CyberSure  

Scam Awareness - ရိုးမဘဏ်
သတိပြုရမယ့် Click တစ်ချက်…. 

လူမှုကွန်ယက်များမှတစ်ဆင့် လူကြီးမင်းထံ ရိုးမဘဏ်အယောင်ဆောင်ကာ Customer အကြံပြုစာ (Customer Feedback Form) များ မက်ဆေ့ချ် (သို့) လင့်ခ်များ ရောက်ရှိလာခဲ့ရင် ထိုလင့်ခ်များကို မဝင်ရောက်မီ ရိုးမဘဏ်ရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာ အစစ်ဟုတ်/ မဟုတ်ကို အရင်ဆုံး အတည်ပြုစစ်ဆေးဖို့ လိုအပ်ပါသည်။  

Customerများရဲ့ ငွေကြေးဆိုင်ရာလုံခြုံရေးကို အဓိကထားသောအားဖြင့် ရိုးမဘဏ်ရဲ့ (အပြာရောင် အမှန်ခြစ်အမှတ်အသားပါရှိသော) တရားဝင်လူမှုကွန်ယက်စာမျက်နှာမှ လွဲ၍ အခြားမည်သည့် လူမှုကွန်ယက်စာမျက်နှာကိုမှ တရားဝင်အသိအမှတ်ပြုထားခြင်း မရှိပါကြောင်း အသိပေးအပ်ပါသည်။ ထို့ကြောင့် အမည်မသိ လင့်ခ်များကို မဝင်ရောက်မီ အထူးသတိပြုကြဖို့ တိုက်တွန်းလိုက်ပါသည်။  


Your important information is for your eyes only. 

Scam Awareness - ရိုးမဘဏ်
အပြုံးတွေ မျှဝေပါ၊ လျှို့ဝှက်နံပါတ် OTP Code တွေတော့ မမျှဝေလိုက်ပါနဲ့ … 

ရိုးမဘဏ် Customerများရဲ့ ဘဏ်အကောင့်ဆိုင်ရာအချက်အလက်များ လုံခြုံမှုရှိစေရန်အတွက် မိမိရဲ့ Mobile Banking / ATM Card များရဲ့ User ID ၊ Password နဲ့ PIN နံပါတ်များ၊ OTP Code များကို မည်သူ တစ်ဦးတစ်ယောက်ကိုမှ မျှဝေခြင်းမပြုရန် အသိပေးအပ်ပါသည်။


Bank Smart 

Scam Awareness - ရိုးမဘဏ်
ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုပြီး ထိရောက်ပါသည်… 

ဒါကြောင့်မို့ ရိုးမဘဏ် Customer များအနေနဲ့ Yoma Bank Digital Banking ဝန်ဆောင်မှုများကို လုံခြုံစွာ အသုံးပြုနိုင်ဖို့ သိထားသင့်တဲ့ အချက်အလက်တွေကို မျှဝေပေးလိုက်ပါသည်။ 

  • Digital Banking (Mobile Banking Application/Online Banking) ကို အသုံးပြုပြီးတိုင်းမှာ Log out လုပ်ဖို့ မမေ့ပါနဲ့။ 
  • Public Wifi နှင့်ချိတ်ဆက်၍ မိမိရဲ့ Digital Banking (Mobile Banking Application/Online Banking ဝန်ဆောင်မှုများ) ကို အသုံးမပြုပါနဲ့။
  • မိမိဖုန်းအတွင်းသို့ တရားဝင်အသိအမှတ်ပြုထားတဲ့  App Store များမှ Application များကိုသာ Download ပြု ထည့်သွင်းအသုံးပြုကြဖို့ အသိပေး တိုက်တွန်းလိုက်ပါသည်။  
ရိုးမဘဏ်က စိတ်ချလုံခြုံမှုရှိတဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 


Email Fraud 

Scam Awareness - ရိုးမဘဏ်
မိမိရဲ့ မက်ဆင်ဂျာထဲကို အမည်မသိသူထံမှ လင့်ခ် တစ်ခုဝင်လာပြီလား?

မိမိရဲ့ အီးမေးလ်ထဲကို အမည်မသိသူထံမှ အီးမေးလ်နှင့် လင့်ခ် တစ်ခု ဝင်လာပြီလား?

ဒီလို သံသယရှိဖွယ် လင့်ခ်တွေ ဝင်လာတဲ့အခါတိုင်း ဖွင့်မကြည့်လိုက်ဖို့ အရေးကြီးပါသည်။ ရိုးမဘဏ်မှ ဆက်သွယ်တဲ့ ပုံစံနဲ့ လင့်ခ်တွေ ဝင်လာပြီဆိုရင်တော့ ရိုးမဘဏ်မှ ပေးပို့ခြင်း ဟုတ်၊ မဟုတ်နဲ့ မည်သည့် အကြောင်းအရာကြောင့် ဆက်သွယ်ပေးပို့လာသည်ကို အရင်စိစစ်ဖို့လိုပြီး၊ ရိုးမဘဏ်ရဲ့ (အပြာရောင် အမှန်ခြစ် အမှတ်အသားပါရှိသော) တရားဝင် လူမှုကွန်ယက် Facebook စာမျက်နှာရဲ့ Messenger (သို့မဟုတ်) Customer Care Center Number ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ များကိုတိုက်ရိုက်ဆက်သွယ် မေးမြန်းဖို့ အကြံပြုလိုပါသည်။