ATM စက်ကတစ်ဆင့် ဘဏ်အချင်းချင်း ငွေလွှဲနိုင်မည့် ဝန်ဆောင်မှုကို ရိုးမဘဏ် ATM စက်တိုင်းတွင်ဆောင်ရွက်နိုင်ပြီဖြစ်
1 Min Read
ရိုးမဘဏ်သည် ATM စက်ကတစ်ဆင့် ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်မှုဆောင်ရွက်နိုင်သော မြန်မာနိုင်ငံရှိ ပထမဆုံးဘဏ် နှစ်ခုထဲတွင် အပါအဝင်ဖြစ်လာသည်
ရန်ကုန်၊ မြန်မာ ။ ။ အောက်တိုဘာလ ၁ရက် ၊၂၀၁၉ ခုနှစ် – ရိုးမဘဏ်၏ ATM စက်တိုင်းတွင် ဘဏ်အချင်း ချင်းငွေလွှဲနိုင်သည့် ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ပြီး ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် အဆိုပါဝန်ဆောင်မှု ရရှိနိုင်သော ပထမဆုံး ဘဏ်နှစ်ခုထဲမှ တစ်ခုဖြစ်လာခဲ့သည်။ FIS IST/Switch1 အသုံးပြုသော မည်သည့် ပြည်တွင်းဘဏ်အပ်ငွေစာရင်းသို့မ ဆို ရိုးမဘဏ် ATM များမှ တစ်ဆင့် ငွေချက်ချင်းလွှဲ နိုင်မည်ဖြစ်ပါ သည်။ ယခုဝန်ဆောင်မှုသည် စာရွက်စာတမ်း အခြေပြု ဘဏ်လုပ်ငန်း လည်ပတ်မှုတွင် အချိန်ကုန်သက်သာစေသကဲ့သို့ ATM ကတ် အသုံးပြုသူအားလုံး အနေဖြင့်လည်း ဘဏ်ခွဲသွားရန်မလိုဘဲ အချိန်နှင့်တစ်ပြေးညီ ငွေလွှဲဝန်ဆောင်မှုများ ရယူနိုင်မည်ဖြစ်ပါသည်။
“ATM စက်သုံးပြီးဘဏ်အချင်းချင်းငွေလွှဲနိုင်တဲ့ဝန်ဆောင်မှုကို နိုင်ငံအတွင်းမှာ ဦးဆောင်စတင်နိုင်ခဲ့တဲ့ အဖွဲ့အစည်း တစ်ရပ်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ ငွေသားမဲ့စီးပွားရေးကို အခုလို အထောက်အပံ့ပေးခြင်းက မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ဖော်ညွှန်းလိုက်ခြင်းပဲဖြစ်ပါတယ်။ ယခုကစပြီး အသက်ဝင်ပြီ ဖြစ်တဲ့ ဒီဝန်ဆောင်မှုဖြင့် ATM ကတ် သုံးပြုသူအားလုံး ကျွန်တော်တို့ ရိုးမဘဏ် ATM တွေကို အသုံးပြုပြီး ငွေကြေးစီးဆင်းမှုကို ချက်ချင်း စိတ်ကြိုက်စီမံခန့်ခွဲနိုင်ပြီဖြစ်ပါတယ်။ အချိန်ကုန် သက်သာပြီး ကြိုက်တဲ့ အချိန်မှာ အလွယ်တကူရနိုင်တဲ့ ဒီဝန်ဆောင်မှုက နိုင်ငံတွင်းရှိ ငွေရေးကြေးရေးအလုံးစုံပါဝင်လာမှုကို အားပေးရာ ရောက်သလို ငွေသားအသုံးပြုမှုကိုလည်း လျော့ကျစေမှာပါ” ဟု ရိုးမဘဏ်၏ Chief Technology Officer ဦးကျော်စိုးလင်းမှ ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီဝန်ဆောင်မှုကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ကြိုးစားအားထုတ်ခဲ့တာတွေရဲ့ အသီးအပွင့်တွေကို မျက်ဝါးထင်ထင်မြင်လာရတဲ့အတွက် ဝမ်းသာမိသလို အကောင်အထည်ဖော်ပေးခဲ့တဲ့ ရိုးမဘဏ် နဲ့ ရွှေဘဏ်ရဲ့ ကြိုးပမ်းမှုကိုလည်း အသိအမှတ်ပြုပါတယ်။ ရိုးမဘဏ်ဟာ ဒီဝန်ဆောင်မှုကို အသက်ဝင်စေမယ့် FIS IST/Switch ဆော့ဖ်ဝဲအသစ် ကို အောင်အောင်မြင်မြင်နဲ့ တပ်ဆင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဝန်ဆောင်မှု အသစ်က ငွေကြေးစီးဆင်းမှုကို တိုးတက်စေပြီး ဘဏ်အချင်းချင်းကြား ဈေးကွက်ကိုလည်း ဖွံ့ဖြိုးတိုး တက်စေသလို ငွေသားမဲ့ ငွေပေးချေမှုစနစ်ရဲ့ ထိရောက်မှုကိုလည်း မြှင့်တင်နိုင်မှာဖြစ်ပါတယ်” ဟု MPU မှ CEO ဦးဇော်လင်းထွဋ်က ပြောကြားခဲ့သည်။
ဘဏ်အချင်းချင်းငွေလွှဲဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းရှိ ရိုးမဘဏ် ATM စက်အားလုံးတွင် ဆောင်ရွက်နိုင်ပြီဖြစ်ပြီး ငွေပို့မှုအတည်ပြုအပြီးတွင် ငွေပမာဏချက်ချင်းလွှဲပြောင်းသွားမည်ဖြစ်သည်။ ငွေတစ်ခါလွှဲတိုင်းတွင် ဝန်ဆောင်ခ အဖြစ် မြန်မာကျပ်ငွေ ၂၀၀ နှင့် ငွေလွှဲပြောင်းသည့်ပမာဏ၏ ဝ.၀၅% ပေးဆောင်ရပါမည်။ တစ်နေ့လျှင်အများဆုံး လွှဲနိုင်သည့် ငွေပမာဏမှာ မြန်မာကျပ်ငွေ သိန်း ၁၀၀ ကျပ်ဖြစ်ပါသည်။
MPU အဖွဲ့ဝင် ဘဏ်ပေါင်း ၂၈ ဘဏ်အနက် ရိုးမဘဏ်နှင့် ရွှေဘဏ်တို့သည် ATM မှတစ်ဆင့်ဘဏ်အချင်း ချင်းငွေလွှဲနိုင်သော ဝန်ဆောင်မှုကို စတင်ခဲ့သည့် ဘဏ် နှစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်အရ MPUအဖွဲ့ဝင် ဘဏ်အားလုံံးသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာအမီ switch system အသစ်ကို အသုံးပြုရမည်ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ရိုးမဘဏ် ATM ပေါင်း ၄၀ ကျော်ရှိပြီး ငွေထုတ်ဝန်ဆောင်မှု၊ ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်မှု၊ ငွေလက်ကျန်စာရင်းကြည့်ခြင်းနှင့် PIN နံပါတ်ပြောင်းခြင်းစသည်တို့ကို ဝန်ဆောင်ပေးလျက်ရှိ ပါသည်။ ရိုးမဘဏ်သည် ယခုနှစ်အကုန်တွင် ATM စက်ပေါင်း ၈၀ အထိချဲ့ထွင်သွားရန် မျှော်မှန်းထားသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal

