News & Activities > Press News

News & Activities > Press News

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့၏ Exclusive Bancassurance အကျိုးတူပူးပေါင်းဆောင်ရွက်မှု သက်တမ်းတိုးမြင့်

16 December 2025သတင်းများ

ရန်ကုန်၊ မြန်မာ၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ – ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့၏ Exclusive Bancassurance Partnership အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို ထပ်မံသက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။ ထိုအကျိုးတူပူးပေါင်းမှုအတွက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဟောင်ကောင်မြို့ရှိ Prudential Plc ၏ ရုံးချုပ်တွင် ကျင်းပခဲ့ပြီး ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့မှ စီမံခန့်ခွဲမှုအဖွဲ့ခေါင်းဆောင်များကိုယ်တိုင် တက်ရောက်ခဲ့ကြပါသည်။

ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့၏ လက်တွဲဆောင်ရွက်မှုသည် မြန်မာနိုင်ငံအနှံ့ရှိ ထောင်ပေါင်းများစွာသော မိသားစုများအား ငွေကြေးဆိုင်ရာ အကာအကွယ်ပေးမှုနှင့် စိတ်ချလုံခြုံမှုကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ ယခုအကျိုးတူပူးပေါင်းဆောင်ရွက်မှုအား သက်တမ်းတိုးခြင်းဖြင့် ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့သည် ပိုမိုပြည့်စုံသော အသက်အာမခံနှင့် ကျန်းမာရေးအာမခံအစီအစဉ်များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး မြန်မာပြည်သူပြည်သားများ၏ ငွေကြေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီစေရန်၊ ငွေကြေးခိုင်မာမှု (Financial Resilience) တည်ဆောက်နိုင်ရန်နှင့် ကျန်းမာပျော်ရွှင်သောဘဝများ ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ငွေကြေးဆိုင်ရာအသိပညာ (Financial Literacy) မြှင့်တင်ရေးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လူမှုအသိုင်းအဝိုင်းများအတွက် ပိုမိုကျန်းမာပြီး ခိုင်မာသည့် အနာဂတ်ကို ဖန်တီးပေးရန် ရည်ရွယ်ပါသည်။

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံကို ယုံကြည်အားပေးခဲ့ကြသည့် ချစ်ခင်လေးစားရသော အသုံးပြုသူ Customer များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ ရိုးမဘဏ်အနေဖြင့် “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဟူသော ရည်မှန်းချက်နှင့်အညီ ဘဏ်ဝန်ဆောင်မှုအသုံးပြုသူများနှင့် လူမှုဝန်းကျင်အတွက် ခေတ်မီတိုးတက်သော လူနေမှုဘဝအဆင့်အတန်း ရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Share this news on