မြန်မာနိုင်ငံတစ်ဝန်းရှိ ထောင်ပေါင်းများစွာသော ရိုးမဘဏ်ဝန်ထမ်းများအတွက် ကာကွယ်မှုပေးနိုင်ရန် ပရူဒန်ရှယ် အာမခံ ၏ စုပေါင်းအသက်အာမခံ အစီအစဉ် ရယူပေးအပ်ထား
1 Min Read
ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ မေလ – မြန်မာနိုင်ငံရှိ အကြီးဆုံး ပုဂ္ဂလိကဘဏ်များအနက် တစ်ခုဖြစ်သည့် ရိုးမဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ၎င်း၏ ဝန်ထမ်းပေါင်း (၃,၀၀၀) ကျော်အား အသက်အာမခံ အကာအကွယ် ပေးအပ်နိုင်ရန်အတွက် Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ် အာမခံ) မှ PRUGroup Life စုပေါင်းအသက်အာမခံကို ဝယ်ယူခဲ့သည်။ PRUGroup Life အာမခံအမျိုးအစားသည် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအတွက် စုပေါင်းအသက်အာမခံ အစီအစဉ်တစ်ခုဖြစ်ပြီး အစီအစဉ်အတွင်း အကျုံးဝင်သော မည်သည့် ဝန်ထမ်းမဆို သေဆုံးခြင်း၊ လုံးဝနှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း (သို့မဟုတ်) မသန်စွမ်းဖြစ်ခြင်း တို့ကြောင့် ဖြစ်လာနိုင်သော ငွေကြေးဆုံးရှုံးမှုတို့မှ ထိန်းသိမ်းကာကွယ်မှု ရရှိမည်ဖြစ်သည်။
ဝန်ထမ်းများအတွက် အသက်အာမခံထားရှိခြင်းသည် မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအားလုံး မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်သောအရာတစ်ခု မဟုတ်သော်လည်း ရိုးမဘဏ်သည် ၎င်း၏ ဝန်ထမ်း အများစုမှာ တစ်ဦးချင်း အသက်အာမခံ ရယူထားခြင်းမရှိသောကြောင့် PRUGroup Life စုပေါင်းအသက်အာမခံကို တန်ဖိုးကြီးမားလှသည့် ဝန်ထမ်းအကျိုးခံစားခွင့်အဖြစ် ဝယ်ယူပေးခဲ့ခြင်းဖြစ်သည်။ PRUGroup Life အာမခံ အကာအကွယ်ကို ရယူထားခြင်းဖြင့် ရိုးမဘဏ်ဝန်ထမ်းများမှာ မတော်တဆဖြစ်ရပ်တစ်ခု၊ မမျှော်လင့်ထားသော ဘဝအလှည့်အပြောင်းတစ်ခုနှင့် ကြုံတွေ့လာရပါက ၎င်းတို့၏ မိသားစုနှင့် ချစ်ခင်ရသူများ အတွက် ငွေကြေးအခက်အခဲ မဖြစ်စေရန် ကာကွယ်မှု ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိထားသောကြောင့် စိတ်အေး ချမ်းသာစွာ သွားလာလုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။
ထို့အပြင် PRUGroup Life စုပေါင်း အသက်အာမခံ အစီအစဉ်တွင်ပါရှိသည့် ရိုးမဘဏ်ဝန်ထမ်းအားလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး၏ ဘေးအန္တရာယ်မှ အကာအကွယ်ပေးထားသည့် COVID-19 ဆိုင်ရာ အပိုဆောင်းအာမခံ အကာအကွယ်ကိုပါ အခမဲ့ ရရှိနိုင်မည် ဖြစ်သည်။ အခမဲ့ COVID-19 အာမခံအကာအကွယ် အစီအစဉ်ဖြင့် မည်သည့် ရိုးမဘဏ် ဝန်ထမ်းမဆို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး မတော်တဆ ကူးစက်ခံရသည်ဖြစ်စေ၊ ကူးစက်ခံရမှုကြောင့် အသက်ဆုံးရှုံးသည် ဖြစ်စေ ပရူဒန်ရှယ် အာမခံ မှ ထပ်ဆောင်းအကျိုးခံစားခွင့်ကို တစ်ပေါင်းတည်း ပေးအပ်သွားမည် ဖြစ်ပါသည်။
ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Dean Cleland က “ရိုးမဘဏ်ရဲ့ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ဟာ ဝန်ထမ်းတွေဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ကုမ္ပဏီတစ်ခုအနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျွန်တော်တို့ ဘဏ် ဝန်ထမ်းတွေအတွက် အသက်အာမခံ အကာအကွယ်ဆိုတာ အရေးကြီးတဲ့ ငွေကြေး ထိန်းသိမ်းစောင့်ရှောက်မှုပုံစံ တစ်မျိုးလို့ သုံးသပ်မိပါတယ်။ မိသားစုကို ထောက်ပံ့ဖို့၊ ရှင်သန်ရပ်တည်မှုအတွက် လိုအပ်တာတွေ ဝယ်ယူဖို့ လုပ်ခ လစာကို အားထားနေရတဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေဟာ ရိုးမဘဏ်ကပေးတဲ့ ဝန်ထမ်းအကျိုးခံစားခွင့်တွေ၊ သက်သာချောင်ချိရေး အစီအစဉ်တွေကို ပိုပြီး ပြည့်စုံဖူလုံသွားစေတဲ့ PRUGroup Life အသက်အာမခံ အကာအကွယ်နဲ့ အထူးကာကွယ်စောင့်ရှောက်မှု ရရှိနိုင်ကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
Prudential Myanmar ၏ CEO ဖြစ်သူ Mr.Asit Rath က “ဝန်ထမ်းသက်သာချောင်ချိရေး အစီအစဉ်တွေဟာ ခေတ်သစ် အဖွဲ့အစည်းတွေတိုင်းရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံကိန်းတွေမှာ အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါတယ်။ ကုမ္ပဏီအရွယ်အစား ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အသက်အာမခံ အစီအစဉ်တွေ ထောက်ပံ့ ပေးအပ်ခြင်းဟာ ဝန်ထမ်းဗဟိုပြု တိုးတက်ရေး အစီအစဉ်တွေကို သိသိသာသာ အားကောင်းလာစေမှာပါ။ မြန်မာနိုင်ငံမှာ အလုပ်လုပ်ဖို့ အကောင်းဆုံး ကုမ္ပဏီဆိုပြီး လူသိများတဲ့ ကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ရိုးမဘဏ်က ဝန်ထမ်းတွေကို အာမခံအကာအကွယ် ပေးအပ်ဖို့ ကျွန်တော်တို့ ပရူဒန်ရှယ်အာမခံ ကို ရွေးချယ်ခဲ့တဲ့ အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေရဲ့ လက်ရှိ ဝန်ထမ်းသက်သာချောင်ချိရေး အစီအစဉ်တွေမှာ ထည့်သွင်းနိုင်ဖို့ အပါအဝင် အကောင်းဆုံး ကျွမ်းကျင် ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်ပြီး ရေရှည်လုပ်ကိုင်အောင် ထိန်းသိမ်းထားနိုင်မယ့် အာမခံထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ပရူဒန်ရှယ်အာမခံ က ဆက်ပြီး ပေးအပ်သွားမှာပါ” ဟု ပြောသည်။
၂၀၂၀ ခုနှစ်၊ မတ်လတွင် ပရူဒန်ရှယ်အာမခံနှင့် ရိုးမဘဏ်တို့သည် မြန်မာနိုင်ငံသားများအတွက် ယုံကြည်စိတ်ချရပြီး ရှေရှည်ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သည့် အသက်အာမခံ ဝန်ဆောင်မှုများ လိုအပ်နေမှုကို ဖြည့်ဆည်းပေးနိုင်ရန် သီးသန့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အရ ရိုးမဘဏ်ဝန်ဆောင်မှု အသုံးပြုသူများမှာ နေရာဒေသ အနှံ့အပြားရှိ ကြီးမားကျယ်ပြန့်သော ဘဏ်ခွဲကွန်ရက်များ မှ တစ်ဆင့် ပရူဒန်ရှယ်အာမခံ ၏ ရေရှည်အာမခံ စုဆောင်းငွေနှင့် အာမခံအကာအကွယ်များကို ချိတ်ဆက်ရယူနိုင်မည် ဖြစ်ပါသည်။
ယခု ပူးပေါင်းဆောင်ရွက်မှုသည် ပရူဒန်ရှယ်အာမခံ ၏ အထူးဦးစားပေး ရင်းနှီးမြုပ်နှံထားသည့် နောက်ဆုံးပေါ် ခေတ်မီ နည်းပညာများအား ရိုးမဘဏ်၏ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပျံ့နှံ့ရောက်ရှိနိုင်သည့် ဈေးကွက် ကျွမ်းကျင်မှုတို့ဖြင့် ပေါင်းစပ်ပြီး ပရူဒန်ရှယ်အာမခံ မှ ဖြန့်ချိသွားမည့် အာမခံဝန်ဆောင်မှုများမှတစ်ဆင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် အားလုံးပါဝင်အသုံးပြုနိုင်မည့် ငွေကြေးဆိုင်ရာ ဂေဟစနစ်တစ်ခုကို အမှန်တကယ် ပုံဖော်ဖန်တီး နိုင်မည် ဖြစ်ပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal

