ဒါရိုက်တာဘုတ်အဖွဲ့

Who we are > About us

ဒါရိုက်တာဘုတ်အဖွဲ့

Who we are > About us

ဒါရိုက်တာဘုတ်အဖွဲ့

ဘုတ်အဖွဲ့သည် ရိုးမဘဏ်၏ လုပ်ငန်းနည်းဗျူဟာကို ပဲ့ကိုင်ပေးခြင်း၊ စီမံခန့်ခွဲမှုအဖွဲ့ခေါင်းဆောင်များကို ဦးဆောင်ခြင်းနှင့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရန် တည့်မတ် ဦးဆောင်ပေးလျက်ရှိပါသည်။

ဘုတ်အဖွဲ့သည် ရိုးမဘဏ်၏ ကော်ပိုရိတ်ယဉ်ကျေးမှု (Corporate Culture) နှင့် အမြုတေတန်ဖိုးများ ကို ပုံဖော်ရန် တာဝန်ရှိပါသည်။ ထို့အပြင် ဘုတ်အဖွဲ့၏ အဓိကတာဝန်မှာ အစုရှယ်ယာရှင်များနှင့် အကျိုးဆက်စပ်ပတ်သက်သူများအတွက် ရေရှည်တည်တံ့သော တန်ဖိုးများ ဖန်တီးခြင်း ဖြစ်ပါသည်။ ဘုတ်အဖွဲ့တွင် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများစွာ ရှိသော ပညာရှင်များဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းကြောင့် မတူကွဲပြားသော အမြင်သစ်များကို ရယူနိုင်ပြီး ခိုင်မာကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါသည်။

ရိုးမဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့ကို အစုရှယ်ယာရှင်များက ရွေးချယ်တင်မြှောက်ပါသည်။ ဘဏ်၏ ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်ကို မြှင့်တင်ရန် ဆက်လက်ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဒါရိုက်တာဘုတ်အဖွဲ့၏ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ထားပါသည်။ အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သောဒါရိုက်တာများအား ခန့်အပ်ခြင်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းများနှင့် ကိုက်ညီသည့်အပြင် ဘဏ်၏ ကော်ပိုရိတ်အုပ်ချုပ်မှုဝါဒများနှင့်လည်း တစ်သားတည်း ဖြစ်စေပါသည်။ထို့အပြင် ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များသည် ဘဏ်၏ အစုရှယ်ယာရှင်များ၊ Stakeholder များ၊ Customer များနှင့် ဝန်ထမ်းများ အားလုံး၏ အကျိုးစီးပွားများ ဖြစ်ထွန်းစေရန် ဟန်ချက်ညီညီ သမာသမတ်ကျစွာ လမ်းညွှန်ဆောင်ရွက်ပါသည်။ ဘဏ်သည် ကနဦးကတည်းက Audit Committee ၊ Risk and Compliance Oversight Committee နှင့် People, Remuneration and Nomination Committee တို့ကို ဖွဲ့စည်းထားပြီး ကော်ပိုရိတ်အုပ်ချုပ်မှု မူဘောင်ကို ဆက်လက် တိုးတက်ကောင်းမွန်အောင် အဓိကထား၍ ဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဘဏ်၏ အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ (Independent Non-Executive Director) သည် မဲပေးရန် အစုရှယ်ယာ (၅) ရာခိုင်နှုန်းအောက်သာ ကိုင်ဆောင်ထားသူဖြစ်ရမည်ပြီး ဥပဒေတွင်သတ်မှတ်ထားသည့် အဖွဲ့အစည်းနှင့် ပတ်သက်ဆက်စပ်နေသော (Related Party) မဟုတ်သည့် ပုဂ္ဂိုလ်ကို ဆိုလိုပါသည်။

ဒါရိုက်တာဘုတ်အဖွဲ့

Board Profiles

team-icon

ဦးထွန်းမြတ်

ဥက္ကဋ္ဌ

team-icon

ဦးကြည်အေး

ဒါရိုက်တာ

team-icon

ဒေါက်တာသိန်းဇော်

အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ

team-icon

Mr. Chintaman Mahadeo Dixit alias Dilip

အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ

team-icon

Mr. John Alan Staley 

အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ

ဆက်စပ် အကြောင်းအရာများ

ရိုးမဘဏ်အကြောင်း

ရိုးမဘဏ်အကြောင်း

As ‘the Responsible Bank’ for over 30 years

Read more
Mission, Vision & Value

Mission, Vision & Value

As ‘the Responsible Bank’ for over 30 years

Read more