ပို့ကုန်ဝန်ဆောင်မှုများ

Business Banking > Other Services

ပို့ကုန်ဝန်ဆောင်မှုများ

Business Banking > Other Services

ပို့ကုန်လုပ်ငန်း ဝန်ဆောင်မှုများအကြောင်း

ရိုးမဘဏ်၏ အတွေ့အကြုံရင့် နိုင်ငံတကာကုန်သွယ်ရေးချေးငွေဝန်ဆောင်မှုအဖွဲ့မှ ချေးငွေထုတ်ပေးမှု၊ စာရွက်စာတမ်းဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အတိုင်ပင်ခံ ဝန်ဆောင်မှုများကို လူကြီးမင်း၏ နိုင်ငံတကာပို့ကုန် ကုန်သွယ်ရေးရည်မှန်းချက်များ ပြည့်မီစေရန် ပို့ကုန်လုပ်ငန်းစဉ် အဆင့်တိုင်းတွင် အကောင်းဆုံး ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

သင့်နှင့်ကိုက်ညီသော ကုန်သွယ်ရေးဆိုင်ရာဘဏ်လုပ်ငန်းဝန်ဆောင်မှု

ပို့ကုန်လုပ်ငန်းဝန်ဆောင်မှုများအကြောင်း သိကောင်းစရာ 

title-border

  • သွင်းကုန်နှင့်ပို့ကုန်လုပ်ငန်းများသည် နိုင်ငံတကာကုန်သွယ်မှုသို့ ဝင်ဆန့်အောင်ကြိုးစားရာတွင် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး ပြည်တွင်းမှအလုပ် အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးပါသည်။
  • သွင်းကုန်နှင့်ပို့ကုန်လုပ်ငန်းဆောင်ရွက်ခြင်းသည် အခြားသောနိုင်ငံတကာကုန်သွယ်မှုကို ဝင်ရောက်ရန် ကြိုးစားသောနည်းလမ်းများနှင့် နှိုင်းယှဉ်လျှင် အချိန်နှင့်ငွေ ရင်းနှီးမြှုပ်နှံမှု ပိုမိုနည်းပါးသောနည်းလမ်းတစ်ခုဖြစ်သည်။
  • နိုင်ငံတစ်နိုင်ငံသည် ပြည်တွင်းလိုအပ်ချက်၏ ၁၀၀% ကို မထောက်ပံ့နိုင်သည့်အတွက် သွင်းကုန်နှင့်ပို့ကုန်လုပ်ငန်းများလုပ်ဆောင်ခြင်းအားဖြင့် ယင်းနိုင်ငံ၏ ကုန်သွယ်မှုကို ပိုမိုတိုးတက်စေမည်ဖြစ်သည်။
  • ကုန်သွယ်မှုဖြင့် ကမ္ဘာ့နိုင်ငံများအား အကောင်းဆုံးနည်းပညာများ၊ အကောင်းဆုံးထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ရယူနိုင်ရန် ကူညီပေးနိုင်ပါသည်။

 ပို့ကုန်လုပ်ငန်းဝန်ဆောင်မှုများ

  • ပို့ကုန်ငွေလွှဲစာတမ်းဆိုင်ရာ အကြံပေးဝန်ဆောင်မှု
  • ပို့ကုန်ငွေလွှဲစာတမ်း အတည်ပြုပေးခြင်း
  • ပို့ကုန်ငွေလွှဲစာတမ်းအတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း
  • လွှဲပြောင်းနိုင်သည့် ပို့ကုန်ငွေလွှဲစာတမ်း ဝန်ဆောင်မှု
  • ပို့ကုန် ကောက်ခံရေးစနစ်

ပို့ကုန်လုပ်ငန်းအတွက် ဘဏ္ဍာရေးအထောက်အပံ့များ

  • ထုတ်ပိုးမှု ချေးငွေ – သင်္ဘောမတင်မီ ချေးငွေထုတ်ပေးခြင်း
  • ငွေလွှဲစာတမ်းအပေါ်တွင်ထုတ်ပေးသည့် ချေးငွေ – သင်္ဘောမတင်မီ ချေးငွေထုတ်ချေးခြင်း
  • ပို့ကုန်ဘေလ်ပေါ်တွင်ထုတ်ပေးသည့်ချေးငွေ- သင်္ဘောတင်အပြီး ချေးငွေထုတ်ချေးခြင်း
  • ပို့ကုန် ကောက်ခံရေးစနစ်ပေါ်တွင်ထုတ်ပေးသည့်ချေးငွေ- သင်္ဘောတင်အပြီး ချေးငွေထုတ်ချေးခြင်း

အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ