menu

Hire Purchase

ရိုးမဘဏ်၏ Hire Purchase ဖြင့် မော်တော်ယာဉ်များနှင့် စက်ယန္တရားများ အသစ်ဝယ်ယူရာတွင် ငွေကြေးအထောက်အပံ့ ရယူနိုင်ပါပြီ။ အဆင်ပြေသော ချေးငွေကာလပါရှိသည့် ရိုးမဘဏ်၏ Hire Purchase ဖြင့်  ဝယ်သူနှင့် ရောင်းသူ နှစ်ဦးလုံးအတွက် လွယ်ကူလုံခြုံသော ဝယ်ယူမှုများကို ဆောင်ရွက်နိုင်မှာ ဖြစ်သည်။


Hire Purchase စနစ်သည် *

  • မော်တော်ယာဉ်များနှင့် လုပ်ငန်းသုံး စက်တပ်ယာဉ်များ
  • စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးသုံး စက်ယန္တရားများ
  • ဆေးဝါးနှင့် ဆေးရုံသုံး ကိရိယာများ
  • စက်ရုံ စက်ယန္တရားများ အတွက် သင့်လျော်ပါသည်။

*ရိုးမဘဏ်နှင့် ချိတ်ဆက်ထားသော တရားဝင် ရောင်းချသူထံမှသာ ပစ္စည်းများ ဝယ်ယူရမည်။


ဝန်ဆောင်ခ နှင့် အတိုးနှုန်း

ဝန်ဆောင်ခ
ချေးငွေ ကြိုတင်ပေးဆပ်မှု ဝန်ဆောင်ခ
မရှိ
ကနဦး ပေးသွင်းငွေ
ဝယ်ယူသည့် ပစ္စည်းအပေါ် မူတည်ပြီး အနည်းဆုံး ၃၀%
ဘဏ်ဝန်ဆောင်ခ
ချေးငွေပမာဏ၏ ၁ % * 
*ကနဦး ပေးသွင်းငွေ နှင့် ဘဏ်ဝန်ဆောင်ခများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။


အတိုးနှုန်း
(က) ကြိုတင် အတိုးပေးချေမှုကို Hire Purchase ပမာဏအပေါ်တွင် ကောက်ခံသွားမည် ဖြစ်သည်။

ကာလ
လစဉ်အတိုးနှုန်း
သုံးလပတ် (သို့) နှစ်ဝက်အတိုးနှုန်း
၁ နှစ်
၆%
၇%
၂ နှစ်
၁၂%၁၃%
၃ နှစ်
၁၈%၁၈%


(ခ) တူညီသော လစဉ်ပေးသွင်းငွေ၊ တူညီသော သုံးလပတ် ပေးသွင်းငွေ၊ တူညီသော နှစ်ဝက်ပေးသွင်းငွေ ပုံစံအတွက် Hire Purchase စနစ် ချေးငွေပမာဏ အပေါ် မူတည်ပြီး အတိုးနှုန်းကို တစ်နှစ်လျှင် ၁ % ကောက်ခံသွားပါမည်။ 

ဝယ်ယူသည့်ပစ္စည်း
အများဆုံးချေးငွေသက်တမ်း
ကားအသစ်
၅ နှစ်
ကားအဟောင်း၃ နှစ်
စက်ယန္တရားကြီးများ သို့မဟုတ် စိုက်ပျိုးရေး လုပ်ငန်းသုံး စက်ကိရိယာ အသစ်များ 
၃ နှစ်
အသုံးပြုပြီးသော စက်ယန္တရားကြီးများ သို့မဟုတ် စိုက်ပျိုးရေး လုပ်ငန်းသုံး စက်ကိရိယာများ 
၂ နှစ်

ဝယ်ယူသည့် စက်ပစ္စည်း အမျိုးအစားပေါ် မူတည်၍ ၁လ တစ်ကြိမ်၊ ၃လ တစ်ကြိမ်နှင့် ၆လ တစ်ကြိမ် ချေးငွေ ပြန်လည် ပေးဆပ်နိုင်ပါသည်။



အာမခံ

ချေးငွေ ရယူထားသည့်  ပိုင်ဆိုင်မှုတိုင်းအတွက် Hire Purchase ချေးငွေကာလ တစ်လျှောက် အာမခံ ထားရှိရမည် ဖြစ်ပါသည်။


လျှောက်ထားရန် လိုအပ်ချက်များ

  • မှတ်ပုံတင် မိတ္တူနှင့် မူရင်းကိုပါ ပူးတွဲ တင်ပြရမည်။
  • အိမ်ထောင်စုစာရင်း မိတ္တူနှင့် မူရင်းကိုပါ စစ်ဆေးရန် တင်ပြရမည်။
  • နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ မူရင်း
  • ဝင်ငွေရရှိသည့် အထောက်အထား 
  • လျှောက်ထားသူသည် ဝန်ထမ်းဖြစ်ပါက ကုမ္ပဏီ ထောက်ခံစာနှင့် ပြီးခဲ့သည့် ၃ လအတွင်းရှိ လစာပြေစာများ
  • အာမခံပေးမည့်သူ တစ်ဦးနှင့် အဆိုပါပုဂ္ဂိုလ်၏ အလားတူ အထောက်အထားများ

ပိုမိုသိရှိရန် နီးစပ်ရာ ဘဏ်ခွဲသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။