မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ငွေရေးကြေးရေးဝန်ဆောင်မှုကဏ္ဍ ပေါ်ထွန်းလာစေရန် Microfinance Delta International Co., Ltd (MIFIDA) နှင့် ရိုးမဘဏ်တို့ ငွေကြေးသဘောတူညီမှုလက်မှတ်ရေးထိုး

New & Activities > သတင်းများ

မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ငွေရေးကြေးရေးဝန်ဆောင်မှုကဏ္ဍ ပေါ်ထွန်းလာစေရန် Microfinance Delta International Co., Ltd (MIFIDA) နှင့် ရိုးမဘဏ်တို့ ငွေကြေးသဘောတူညီမှုလက်မှတ်ရေးထိုး

New & Activities > သတင်းများ

မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ငွေရေးကြေးရေးဝန်ဆောင်မှုကဏ္ဍ ပေါ်ထွန်းလာစေရန် Microfinance Delta International Co., Ltd (MIFIDA) နှင့် ရိုးမဘဏ်တို့ ငွေကြေးသဘောတူညီမှုလက်မှတ်ရေးထိုး

14 November 2019သတင်းများ

1 Min Read

မြန်မာကျပ်ငွေ ၃ ဘီလျံရှိ သဘောတူညီချက်သည် MIFIDA ၏ မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် အသေးစားချေငွေလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

ရန်ကုန်၊ မြန်မာ –  ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၉ ခုနှစ် – Microfinance Delta International Co., Ltd (MIFIDA) နှင့် ရိုးမဘဏ်တို့သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ဝင်ငွေနည်းပါးသော အိမ်ထောင်စုများကို ငွေကြေးထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာငွေကျပ် ၃ ဘီလျံတန်ဖိုးရှိ သဘောတူလက်မှတ်ရေးထိုးခြင်းကို ယနေ့တွင် ရိုးမဘဏ်ရုံးချုပ်မှာ  ပြုလုပ်ခဲ့သည်။ ယခု သဘောတူလက်မှတ်ရေးထိုးခြင်းသည် လုပ်ငန်းအဖွဲ့အစည်းနှစ်ခုအကြား ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ငွေရေးကြေးရေးဝန်ဆောင်မှုကဏ္ဍ ပေါ်ထွန်းလာ စေရန် ဟူသည့် ရည်မှန်းချက်နှင့်အညီ ငွေကြေးသဘောတူညီမှုကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်။ ယခု ပံ့ပိုးငွေကြေးဖြင့် MIFIDA သည် ခန့်မှန်းခြေ မိသားစုပေါင်း ၅,၀၀၀ မှ ၁၀,၀၀၀ အတွက် အသေးစားစီးပွားရေး လုပ်ငန်းများ တိုးတက်စေမည့် အသေးစားငွေကြေးပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်တော့မည် ဖြစ်သည်။

MIFIDA သည် အသေးစားငွေကြေးလုပ်ငန်းကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံရှိ ဝင်ငွေနည်းပါးသော မိသားစုများကို စားဝတ်နေရေး တိုးတက်မှုအတွက် အထောက်အပံ့ပေးနိုင်ရန် လုပ်ဆောင်နေသော လုပ်ငန်းဖြစ်သည်။ ယင်းကဲ့သို့ ရည်မှန်းချက်ကို ရရှိနိုင်ရန် အဖွဲ့လိုက် ချေးငွေ၊ အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးချေးငွေ၊ ရာသီအလိုက် စိုက်ပျိုးချေးငွေ၊ ပညာရေးချေးငွေ၊ ကျန်းမာရေးချေးငွေ စသည့် ချေးငွေအမျိုးအစားများကို ထုတ်ချေးပေးလျက်ရှိသည်။ ထို့ပြင် MIFIDA သည် ၎င်း၏ ဖောက်သည်များအတွက် ငွေစုဝန်ဆောင်မှုထုတ်ကုန်ကိုလည်း စေတနာဖြင့် လုပ်ဆောင်ပေးလျက်ရှိသည်။ လက်ရှိတွင် MIFIDA သည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခု၌ ရုံးခွဲပေါင်း ၅၇ ခု ဖွင့်ထားပြီး လူပေါင်း ၁၃၀,၀၀၀ ကျော်ကို ဝန်ထမ်းပေါင်း ၇၄၀ ကျော်ဖြင့် ဝန်ဆောင်မှုများပေးအပ်သည်။ ရိုးမဘဏ်နှင့် ပူးပေါင်းဆောင်ရွက်လိုက်သည့် ငွေကြေးဖြင့် ဝင်ငွေနည်းပါးသော အိမ်ထောင်စုများမှ လူပေါင်း ၅၀၀၀ မှ ၁၀၀၀၀ ခန့်သည် ထပ်မံ၍ အသေးစားငွေကြေးပံ့ပိုးမှုများကို ရရှိနိုင်မည် ဖြစ်သည်။

MIFIDA ၏ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်ဆွေက “မြန်မာနိုင်ငံရဲ့  ငွေရေးကြေးရေးလုပ်ငန်းတွေထဲမှာ ဦးဆောင်သူဖြစ်တဲ့ ရိုးမဘဏ်နဲ့လက်တွဲ အလုပ်လုပ်ကိုင်ခွင့်ရရှိခြင်းဟာ တိုင်းပြည်ရဲ့ ကျေးလက်နဲ့ မြို့ပြမှာရှိတဲ့ ဝင်ငွေနည်းပါး တဲ့ပြည်သူတွေအတွက် လက်လှမ်းမီပြီး လွယ်လင့်တကူရရှိနိုင်တဲ့  ချေးငွေဝန်ဆောင်မှုတွေ  ပေးအပ်နိုင်ရေးဆိုတဲ့ MIFIDA ရဲ့ ကတိကဝတ်ကို ပိုမိုအားကောင်းလာစေပါတယ်။ အသေးစားချေးငွေလုပ်ငန်း အခန်းကဏ္ဍဟာ လူမှုအဖွဲ့ အစည်း ပိုမိုအားကောင်းစေဖို့နဲ့ နိုင်ငံစီးပွားရေးတိုးတက်ဖို့ အဓိက အချက်အချာကျပါတယ်။ ယခု ပူးပေါင်းဆာင်ရွက်မှုဟာ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ နိုင်ငံတစ်ဝန်း လွှမ်းခြုံရောက်ရှိနိုင်မှုကို အရှိန်မြှင့်တင် ပေးလိုက်တာ ဖြစ်ပြီး မြန်မာပြည်သူတွေအတွက် အားလုံးပါဝင်နိုင်တဲ့ ငွေရေးကြေးရေးဝန်ဆောင်မှုကို ပေးအပ်နိုင်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ကို ပိုမိုပံ့ပိုးကူညီပေးပါတယ်” ဟု ပြောကြားခဲ့သည်။

ရိုးမဘဏ်အနေဖြင့် မြန်မာလူမျိုးများအတွက် ပိုမိုကောင်းမွန်သောနိုင်ငံတစ်ခုထူထောင်ရန် မျှော်မှန်းချက်နှင့်အညီ  မြန်မာနိုင်ငံ အတွင်းရှိ မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ငွေရေးကြေးရေးဝန်ဆောင်မှုအတွက် အမြဲကြိုးစားလုပ်ဆောင်လျက်ရှိသည်။ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အသေးစားချေးငွေလုပ်ငန်းကဏ္ဍ၏ အရေးပါမှုကို နားလည်သဘောပေါက်ခြင်းဖြင့် ဘဏ်၏ အဓိကချေးငွေ အုပ်စုဖြစ်သော ယင်းကဏ္ဍအတွင် ရင်းနှီးမြှုပ်နှံမှုများကို သိသိသာသာတိုးမြှင့်ခဲ့သည်။ ရိုးမဘဏ်သည် အသေးစားချေးငွေလုပ်ငန်းအဖွဲ့အစည်းများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းများ တိုးချဲ့နိုင်ရန် ဆန်းသစ်တီထွင်သော နည်းလမ်းများကို အမြဲရှာဖွေလျက်ရှိသည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံရှိ ဘဏ်အသုံးပြုသူတွေရော အသုံးမပြုသူတွေအတွက်ပါ အဓိက ငွေရေးကြေးရေးကူညီပံ့ပိုးသူဖြစ်လာဖို့ ဖြစ်ပါတယ်။ အသေးစားချေးငွေလုပ်ငန်းကဏ္ဍ တိုးတက်လာမှုဟာ သိသိသာသာ ဖြစ်လာတယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သဘောပေါက် နားလည်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသေးစားချေးငွေလုပ်ငန်းတွေကိုပံ့ပိုးကူညီတာဟာ အသေးစား စီးပွားရေးလုပ်ငန်းတွေဆီ ပိုမို ရောက်ရှိဖို့ ဖြစ်ပါတယ်။ ဒီ ပံ့ပိုးကူညီမှုကတစ်ဆင့် လူတွေရဲ့ စားနေဝတ်ရေး တိုးတက်လာပြီး ဒေသလူမှုအသိုင်းအဝိုင်းမှာလည်း ကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ရိုးုမဘဏ်၏ အမှုဆောင်အရာရှိချုပ် Mr. Dean Cleland က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်းကဏ္ဍသည် မကြာသေးမီနှစ်များကစတင်၍ သိသိသာသာ တိုးတက်လာသည်ကို တွေ့မြင်ရသည်။ အသေးစားချေးငွေလုပ်ငန်းပေါင်း၁၈၉ ဖွဲ့သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေပြီး မိသားစုပေါင်း ၄ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအရေအတွက်သည် နိုင်ငံလူဦးရေ၏ ၁၀% အောက်လျော့နည်းနေသေးသည်။ အသေးစားချေးငွေလုပ်ငန်းများကို တီထွင်ဆန်းသစ်သော ငွေကြေးကူညီမှုများ ပံ့ပိုးပေးခြင်းဖြင့် ရိုးမဘဏ်သည် ဝင်ငွေနည်းပါးသော မိသားစုများနှင့် စိုက်ပျိုးရေး၊ လက်လီအရောင်း စသည့် အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းများအတွက်လည်း အားလုံးပါဝင်သည့် သမားရိုးကျ ငွေရေးကြေးရေးကိုရရှိမှုကို တိုးချဲ့နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

MIFIDA အကြောင်း

MIFIDA သည် ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Gojo & Company အုပ်စုဝင် ကုမဏီဖြစ်ပြီး အာရှတိုက်တစ်လွှား အသေးစားချေးငွေလုပ်ငန်းနှင့်  ငွေရေးကြေးရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ စာရင်းပိတ်စာရင်းများအရ ယင်းကုမ္ပဏီအုပ်စုသည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်အောက်ရှိ ဂျပန်အစိုးရအေဂျင်စီဖြစ်သည့် Japan International Cooperation Agency (JICA) မှ အမေရိကန်ဒေါ်လာ ၃၅ သန်းကို  အရှေ့အာရှရှိ NBFIs နှင့် အကြီးဆုံးအာမခံကုမ္ပဏီများနှင့်အတူ ရန်ပုံငွေ ပံ့ပိုးမှု ရရှိခဲ့သည်။ MIFIDA သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ဆောင်မှုကို ၂၀၁၅ ခုနှစ်တွင် ဝင်ငွေနည်းပါးသော လူများ ဆင်းရဲနွမ်းပါးသည့်ဘဝများမှ လွတ်မြောက်ပြီး ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် MIFIDA သည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခု၌ ရုံးခွဲပေါင်း ၅၇ ခု ဖွင့်ထားပြီး လူပေါင်း ၁၃၀,၀၀၀ ကျော်ကို ဝန်ဆောင်မှု များပေးအပ်သည်။

3 States and Divisions, serving more than 130,000 active clients.

Share this news on

Other Related News

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။