ရိုးမဘဏ် တောင်ဒဂုံဘဏ်ခွဲရှိ ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း ရိုးမဘဏ်က အတည်ပြုပြောကြား
1 Min Read
ရန်ကုန်၊ မြန်မာ − အောက်တိုဘာ ၁ ရက် ၂၀၂၀ − ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ၂၄ ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးရှိ ရိုးမဘဏ် တောင်ဒဂုံဘဏ်ခွဲတွင် အလုပ်လုပ်ကိုင်နေသော ရိုးမဘဏ်ဝန်ထမ်းတစ်ဦးတွင် Covid -19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရိုးမဘဏ်က ယနေ့ သတင်းထုတ်ပြန်လိုက်ပါသည်။ မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်က ထုတ်ပြန်ခဲ့သော Covid-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု အဖြေများအရ အဆိုပါ ဝန်ထမ်းတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ယင်းဝန်ထမ်းသည် လက်ရှိတွင် အသွားအလာ ကန့်သတ်နေထိုင်လျက်ရှိပါသည်။
ရောဂါပိုးတွေ့ရှိသူ ဝန်ထမ်းနှင့် အနီးကပ် ထိတွေ့ခဲ့သော ဘဏ်ဝန်ထမ်းများအားလုံးကိုလည်း ၂၁ ရက်ကြာ အသွားအလာကန့်သတ်နေထိုင်စေလျက်ရှိပါသည်။ ရိုးမဘဏ်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆောင်ရွက်နေသော ထိတွေ့မှုကွင်းဆက်များ ဖော်ထုတ်ရေးလုပ်ငန်းတွင်လည်း ပံ့ပိုးကူညီပေးလျက်ရှိပါသည်။
ဘဏ်၏ Business Continuity Plan အရ ရိုးမဘဏ်သည် ဩဂုတ်လကတည်းကပင် ဘဏ်ခွဲများ၌ Group A နှင့် B ခွဲခြားကာ တစ်ပတ်စီ အလှည့်ကျ ရုံးတက်စေသည့် စနစ်ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခု ရောဂါပိုးတွေ့ရှိသည့် ဝန်ထမ်းသည် Group B တွင် အလုပ်လုပ်နေသော ဝန်ထမ်းဖြစ်ပါသည်။
တောင်ဒဂုံဘဏ်ခွဲအား ပိုးသတ်သန့်စင်ခြင်း လုပ်ငန်းများ ပြုလုပ်ရန် အောက်တိုဘာ ၂ ရက် (သောကြာနေ့) တွင် ဘဏ်ပိတ်ထားမည် ဖြစ်ပြီး အောက်တိုဘာ ၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ကာ Group A မှ ဘဏ်ဝန်ထမ်းများဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။
ရိုးမဘဏ် ကျန်ဘဏ်ခွဲများအားလုံးကို ပုံမှန်အတိုင်း ဖွင့်လှစ်ကာ ဘဏ်ဝန်ဆောင်မှုပေးအပ်လျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း လိုက်နာဆောင်ရွက် လျက်ရှိပါသည်။ ရိုးမဘဏ်အနေဖြင့် ဘဏ်ဝန်ထမ်းများအားလုံးအား Social Distancing ကျင့်သုံးခြင်း၊ ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် မကြာခဏ လက်ဆေးခြင်း စသည့်တို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားပါမည်။ ရိုးမဘဏ် Customer များအား အောက်ပါ ဘဏ်ဝန်ဆောင်မှုနည်းလမ်းများကို အသုံးပြုကြရန် အထူး တိုက်တွန်းလို ပါသည်။
၁။ ဘဏ်ခွဲ − ရန်ကုန်မြို့ရှိ မိမိနှင့် နီးစပ်ရာ ဘဏ်ခွဲသို့ သွားရောက်ခြင်း
ဘဏ်ခွဲများတွင် ဘဏ်ဝန်ဆောင်မှု တိုကင်ရယူသည့် စနစ်အား အွန်လိုင်းမှတစ်ဆင့် ကြိုတင် ရယူနိုင်သော Online Booking ၀န်ဆောင်မှုကို စတင်မိတ်ဆက်ထားပြီး ဖြစ်ပါသည်။ အသေးစိတ်ကို https://booking.yomabank.com တွင် လေ့လာနိုင်ပါသည်။
၂။ ATM ငွေထုတ်စက်များ : MPU Logo ပါ မည်သည့် ATM စက်များတွင်မဆို အချိန်မရွေး ငွေထုတ်ယူနိုင်ပါသည်။
၃။ မိုဘိုင်းဘဏ်ဝန်ဆောင်မှုများ : Yoma Bank Mobile Banking ဝန်ဆောင်မှုကိုလည်း ဆက်လက် ပေးအပ်လျက်ရှိပါသည်။
၄။ WavePay : ရိုးမဘဏ် SMART အကောင့်ကို WavePay နှင့် ချိတ်ဆက်ထားပါက မည်သည့် Wave ကိုယ်စားလှယ်ဆိုင်များတွင်မဆို ငွေသွင်းငွေထုတ် ပြုလုပ်နိုင်ပါသည်။
Customer များအနေဖြင့် ရိုးမဘဏ်အား ဆက်သွယ်လိုပါက အောက်ဖော်ပြပါနည်းလမ်းများမှ တစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၁။ Call Center – 09 796 629662
၂။ ရိုးမဘဏ်၏ တရားဝင် Facebook Page (www.facebook.com/yomabank) (အပြာရောင်အမှန်ခြစ်ပါဝင်သည်)
၃။ Website : www.yomabank.com
၄။ အီးမေလ်း − [email protected]
Customers များ၊ ဝန်ထမ်းများနှင့် မိတ်ဖက်များ၏ လုံခြုံရေးကို သေချာစေရန် ရိုးမဘဏ်အနေဖြင့် လက်ရှိအခြေ အနေကို အနီးကပ်စောင့်ကြည့်လျက်ရှိပါသည်။ COVID-19 နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက မြန်မာနိုင်ငံ၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal

