Secure Your NRC Identity

တစ်ဦးတည်းနှင့်သာ သက်ဆိုင်သော ကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်များကို မသမာသူများထံ ရောက်ရှိသွားပါက –

  • ငွေကြေးအကျိုးမြတ်ရရန် ရောင်းချခြင်း၊
  • မိမိနာမည်ဖြင့် SIM ကတ် စာရင်းသွင်းခြင်း၊
  • အွန်လိုင်းလိမ်လည်မှုများ၊ ဥပဒေချိုးဖောက်သည့်လုပ်ရပ်များတွင် အသုံးပြုခြင်း၊
  • ဘဏ်အကောင့်အတုများဖွင့်၍ ဥပဒေနှင့်မကင်းလွတ်သည့်ငွေများ လွှဲပြောင်းထုတ်ယူခြင်း၊
  • နိုင်ငံကူးလက်မှတ် လိမ်လည်ထုတ်ယူခြင်း စသည့်မသမာသောကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှုရှိပြီး ဥပဒေအရအရေးယူခံရနိုင်သည့်အတွက် မိမိရဲ့ကိုယ်ရေးအချက်အလက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ကို လုံခြုံစွာထိန်းသိမ်းရန် အရေးကြီးပါသည်။