ပြောင်းလဲတိုးတက်နေတဲ့ လူနေမှုပုံစံတွေနဲ့အတူ ငွေကြေးကိုင်တွယ်သုံးစွဲမှုတွေပါ ပြောင်းလဲလာပြီး အခုဆိုရင် ငွေသားအသုံးပြုငွေပေးချေမှုကနေတစ်ဆင့် ငွေသားမဲ့ငွေပေးချေမှု (Cashless Payment) စနစ်ဆီကို ကူးပြောင်းလာပါပြီ။ ငွေသားမဲ့စနစ်ဆိုတာက ငွေသားအသုံးပြုမှုကို လျှော့ချပြီး CBM-NET ၊ MPU ၊ MMQR စနစ်များကို အဆင့်ဆင့် တည်ဆောက်ထားကာ ဒီဂျစ်တယ်နည်းပညာကို အခြေခံတဲ့ ငွေပေးချေမှုစနစ်ဖြစ်တာကြောင့် လက်ရှိမှာ MMQR အသုံးပြုမှု Transaction သန်း (၃၀) ကျော်၊ အသုံးပြုသူ ကုန်သည်ပေါင်း (၄၂၀,၀၀၀) ဦးကျော်နဲ့ အသုံးပြုသူလူဦးရေ (၂၄) သန်းကျော်ရှိနေပြီပဲဖြစ်ပါတယ်။
အခုလို ငွေသားမဲ့ငွေပေးချေမှု (Cashless Payment) တွေ ပိုမိုအသုံးပြုလာကြတာကြောင့် ဒီကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း မျှဝေပေးပါရစေ။
✅ ငွေကြေးစီးဆင်းမှုကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ခြင်း
Mobile Banking ဒါမှမဟုတ် Digital Wallet တွေကနေ ငွေပေးချေတဲ့အခါ မိမိအသုံးစရိတ်မှတ်တမ်းများကို ချက်ချင်းစစ်ဆေးနိုင်ပြီး ငွေကြေးစီမံခန့်ခွဲမှုကို ပိုမိုတိကျစွာ ဆောင်ရွက်နိုင်ပါတယ်။
✅ ပွင့်လင်းမြင်သာမှုရှိသော လုပ်ငန်းစနစ်တွင် ပါဝင်နိုင်ခြင်း
MSME လုပ်ငန်းရှင်များအနေဖြင့် MMQR ကဲ့သို့သော ငွေပေးချေမှုစနစ်များကို အသုံးပြုခြင်းအားဖြင့် ငွေကြေးစီးဆင်းမှုမှတ်တမ်းများ ပွင့်လင်းမြင်သာလာပြီး ငွေကြေးမှတ်တမ်းကို တည်ဆောက်ရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။
✅ ချေးငွေဆိုင်ရာအခွင့်အလမ်းသစ်များ ရရှိခြင်း
ဒီဂျစ်တယ်ငွေပေးချေမှုမှတ်တမ်းများဟာ ယုံကြည်စိတ်ချရမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်ကို ပြသနိုင်တဲ့ ဒေတာအခြေခံ အထောက်အထားများ ဖြစ်လာပြီး Digital Lending အခွင့်အလမ်းများလည်း ပိုမိုရရှိလာနိုင်ပါတယ်။
✅ အပိုဝန်ဆောင်ခများမှ ကင်းလွတ်နိုင်ခြင်း
ဘဏ်ဝန်ဆောင်မှုများကို ကိုယ်တိုင်တိုက်ရိုက် အသုံးပြုနိုင်ခြင်းကြောင့် မလိုလားအပ်တဲ့ စိန်ခေါ်မှုများနဲ့ ဝိသမလောဘသားများရဲ့ အခွင့်ကောင်းယူမှုများမှလည်း ကင်းလွတ်နိုင်ပါတယ်။
ဒါကြောင့် ငွေသားအသုံးပြုငွေပေးချေမှုများကို လျှော့ချပြီး ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များကို တိုးချဲ့အသုံးပြုခြင်းဖြင့် ရိုးမဘဏ်နဲ့အတူ ပိုမိုလုံခြုံပြီး ပိုမိုတိကျတဲ့ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းခရီးကို စတင်လိုက်ပါ။



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





