မဝယ်ယူခင် ကိုယ့်ကိုယ်ကိုယ် သေချာဆန်းစစ်မယ်

10 November 2025

ဈေးဝယ်ထွက်ရင် သေချာစဉ်းစားပြီးမှ ဝယ်ကြစို့!

ယနေ့ခေတ်ကြီးက လိုချင်စရာတွေပေါများလွန်းလို့ တကယ်လိုချင်တာ (Want) နဲ့ တကယ်လိုအပ်တာ (Need) ကို ကွဲကွဲပြားပြားသိဖို့ အရမ်းအရေးကြီးပါတယ်။ ဈေးကွက်ထဲမှာ ပစ္စည်းတခုကို ဝယ်ချင်လာအောင် ဆွဲဆောင်ထားရုံနဲ့ ထိုအရာကို ဝယ်ယူဖို့ ငွေပေးချေမှုမပြုလုပ်ခင် တကယ်လိုအပ်ရဲ့လားဆိုတာ စဉ်းစားပြီးမှ ဝယ်ယူတာက နောင်လာမဲ့ ရှေ့ရေးအတွက် အများကြီးအထောက်အကူရနိုင်ပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေလဲဆိုတော့…

✅ မလိုအပ်ဘဲ ငွေကုန်ကြေးကျများတာကို ထိန်းချုပ်နိုင်မယ်။
✅ ငွေတွေကို ပိုမိုစုဆောင်းလာနိုင်မယ်။
✅ ရှေ့လာမဲ့ ငွေကြေးပန်းတိုင်များ (ဥပမာ – အိမ်ဝယ်ဖို့၊ ပညာရေး ရင်းနှီးမြှုပ်နှံဖို့) အတွက် အများကြီး အထောက်အကူပြုနိုင်ပါတယ်။

𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 နဲ့လည်း သုံးစွဲမှုမှတ်တမ်းတွေကို လွယ်လွယ်ကူကူ ပြန်ကြည့်နိုင်တဲ့အတွက် အသုံးစရိတ်တွေကို သေချာစိစစ်ရင်း သုံးသပ်နိုင်တာပေါ့။

ဒါကြောင့် လိုအပ်တာကို ဦးစားပေးစဉ်းစားပြီး ငွေကြေးသုံးစွဲမှုကို စီမံကြစို့။

Yoma Bank Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂