လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်း
Business Banking > Accounts
လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်း
Business Banking > Accounts
လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်း အကြောင်း
ရိုးမဘဏ်၏ လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်းဖြင့် ယုံကြည်စိတ်ချရသော နိုင်ငံတကာဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရယူလိုက်ပါ။
ပြည်တွင်းပြည်ပကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများနှင့် ကုန်သည်များအတွက် သင့်တော်ပါသည်။
လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်းကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ


နိုင်ငံခြားငွေများကို လွယ်ကူစွာစီမံနိုင်ခြင်း
သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းကိစ္စရပ်များနှင့် ငွေပေးချေမှုများအတွက်လိုအပ်သော နိုင်ငံခြားငွေများကို လွယ်ကူစွာ စီမံနိုင်ပါသည်။

နိုင်ငံခြားငွေ (၅)မျိုး သုံးနိုင်ခြင်း
ဒေါ်လာ (USD), ယူရို (EUR), စင်္ကာပူဒေါ်လာ (SGD), ထိုင်းဘတ် (THB) နှင့် တရုတ်ယွမ် (CNY) ငွေကြေးများ သုံးနိုင်ပါသည်။

အွန်လိုင်းနှင့် Mobile Banking စနစ်ရရှိခြင်း
Yoma Bank Next Mobile Application မှတစ်ဆင့် အချိန်နေရာမရွေး မိမိအကောင့်ကို စီမံခန့်ခွဲနိုင်ပါသည်။
မိမိကိုယ်ပိုင် နိုင်ငံခြားငွေအကောင့်မှ ငွေကြေးများကို မြန်မာကျပ်ငွေအဖြစ်သို့လည်းကောင်း၊ မြန်မာကျပ်ငွေအကောင့်မှ ငွေကြေးများကို နိုင်ငံခြားငွေအဖြစ်သို့လည်းကောင်း Yoma Bank Next Mobile Application တွင် ငွေလွှဲပြောင်းမှုတစ်ကြိမ်လျှင် အများဆုံး အမေရိကန်ဒေါ်လာ ၅,၀၀၀ နှင့် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ လွှဲပြောင်းနိုင်ပါသည်။
အကောင့်ဖွင့်ရန်
- အနည်းဆုံး လက်ကျန်ငွေပမာဏ USD 100 (သို့) ညီမျှသော မြန်မာငွေကျပ်ပမာဏ
- တာဝန်ရှိသူ၏ မှတ်ပုံတင်/နိုင်ငံကူးလက်မှတ်
- Visa စာမျက်နှာ
- ပါတ်စပို့ဓာတ်ပုံ
- ကုမ္ပဏီ Letterhead နှင့် MD/Chairman ၏ လက်မှတ်နှင့် ရုံးတံဆိပ်တုံးပါဝင်သော လျှောက်လွှာ
- ဘုတ်အဖွဲ့အစည်းအဝေးမှတ်တမ်း (ကုမ္ပဏီ Letterhead နှင့် DICA စာရင်းတွင်ပါဝင်သော ပုဂ္ဂိုလ်များ ၇၅% နှင့်အထက်၏ လက်မှတ်)
- ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- ကုမ္ပဏီ Extract/ကုမ္ပဏီအကြောင်း Profile (ဥပမာ- ဒါရိုက်တာစာရင်း, အရာရှိများစာရင်း, ရှယ်ယာနှင့် ကုမ္ပဏီလိပ်စာ စသည်)
- သွင်းကုန်/ထုတ်ကုန်လိုင်စင် (သွင်းကုန်/ထုတ်ကုန်လုပ်ငန်းဖြစ်ပါက)

လုပ်ငန်းသုံး နိုင်ငံခြားငွေစာရင်းအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

လျှောက်ထားနိုင်သည့် နိုင်ငံတကာငွေကြေးများ – အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်
- စာရင်းထဲသို့ ငွေထည့်သွင်းပါက ထည့်သွင်းငွေပမာဏ၏ ၀.၃% ဝန်ဆောင်ခ ကောက်ခံပါသည်။
- စာရင်းမှ ငွေထုတ်ယူပါက လုပ်ဆောင်ချက်တစ်ကြိမ်ပြုလုပ်တိုင်း ဝန်ဆောင်ခ တစ်ဒေါ်လာ ကောက်ခံပါသည်။
ဝန်ဆောင်ခ – ၁,၅၀၀ ကျပ်
- ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ဘဏ်ဝန်ဆောင်မှုတစ်ခုခု အသုံးပြုထားခြင်းမရှိသော အပ်ငွေစာရင်းများကိုသာ ကောက်ခံပါသည်။
လုပ်ငန်းသုံး နိုင်ငံခြားငွေစာရင်း
မေးလေ့မေးထရှိသော မေးခွန်းများ

နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့သွားရောက်ပြီး ချက်လက်မှတ်စာအုပ်အသစ်ပြုလုပ်ရန် အကူအညီရယူနိုင်ပါသည်။
ရိုးမဘဏ် ဘဏ်ခွဲတစ်ခုခုသို့ မသွားရောက်မီ ထိုဘဏ်ခွဲတွင် နိုင်ငံခြားငွေအကောင့်ဖွင့်ပေးသည့်ဝန်ဆောင်မှု ရှိ/မရှိကို ရိုးမဘဏ် Customer Service Hotline သို့ ကြိုတင်ဆက်သွယ်စုံစမ်းနိုင်ပါသည်။
သင်နှင့် ကိုက်ညီသော အကောင့်ကို ရွေးချယ်ပါ။
လုပ်ငန်းသုံး နိုင်ငံခြားငွေစာရင်းကို အခြားအကောင့်များနှင့် နှိုင်းယှဉ်ပါ။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Flexi Everyday စာရင်းရှင်စာရင်း

စီးပွားရေးလုပ်ငန်းသုံး စာရင်းရှင်စာရင်း



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal