အောက်တိုဘာလဟာ Cybersecurity Awareness Month ဖြစ်တာနဲ့အညီ နေ့စဉ်လူနေမှုဘဝမှာ ဒီဂျစ်တယ်အသုံးပြုမှုတွေ မြင့်မားလာတာကြောင့် ကိုယ်ရေးအချက်အလက်နဲ့ ငွေကြေးလုံခြုံမှုကို ပိုမိုဂရုစိုက်ဖို့ သတိပေးတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။
မသမာသူတွေဟာ အားနည်းတဲ့ Password တွေ၊ မသင်္ကာစရာ လင့်ခ်တွေကတစ်ဆင့် ကိုယ်ရေးအချက်အလက်တွေကို လိမ်လည်ရယူတတ်ကြတာကြောင့် မသင်္ကာစရာ အခြေအနေတွေ ကြုံတွေ့ရတဲ့အခါတိုင်း အရင်ဆုံး အတည်ပြုစစ်ဆေးပေးပါ။
နေ့စဉ် လိုက်နာကျင့်သုံးတဲ့ ဒီဂျစ်တယ် လုံခြုံရေးအလေ့အကျင့်ကောင်းလေးတွေကသာ လိမ်လည်မှုနဲ့ ဆိုက်ဘာအန္တရာယ်တွေကို အထိရောက်ဆုံး လျှော့ချနိုင်မဲ့ အဓိက ကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။
ဒီနေ့ကစပြီး ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုအတွက် သတိရှိရှိ လုပ်ဆောင်ခြင်းဖြင့် လုံခြုံစိတ်ချရတဲ့ ဒီဂျစ်တယ်လူနေမှုဘဝကို အတူတကွ တည်ဆောက်လိုက်ကြရအောင်။
သံသယဖြစ်ဖွယ် အခြေအနေများနဲ့ ကြုံတွေ့ရပါက Yoma Bank 24/7 Customer Care Center – 9662 (သို့မဟုတ်) 097 9662 9662 သို့ ချက်ချင်းဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။
Scam Awareness နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ဤလင့်ခ် https://ymbank.co/fb_scamawareness တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#YomaBank #CybersecurityAwarenessMonth #ScamAwareness #TogetherWithYomaBank



BizSpace Portal
Payroll Portal
Supply Chain Financing





