ခေါ်ယူအပ်ငွေစာရင်း
Personal Banking > အပ်ငွေစာရင်းများ
ခေါ်ယူအပ်ငွေစာရင်း
Personal Banking > အပ်ငွေစာရင်းများ
ခေါ်ယူအပ်ငွေစာရင်းအကြောင်း
စာရင်းထဲရှိငွေကို အလွယ်တကူစီမံနိုင်သလို အတိုးလည်းရရှိနေမည့် အကျိုးခံစားခွင့်ကို ခေါ်ယူအပ်ငွေစာရင်းဖြင့် ရယူနိုင်ပါသည်။
လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ဆိုင်ပိုင်ရှင်များအတွက် သင့်တော်ပါသည်။
ခေါ်ယူအပ်ငွေစာရင်းကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ


အချိန်မရွေး ငွေစုနိုင်ခြင်း
ငွေအပ်နှံခြင်းနှင့် ငွေထုတ်ယူခြင်းကို အချိန်မရွေး ပြုလုပ်နိုင်သောကြောင့် မိမိစိတ်တိုင်းကျ ငွေစုနိုင်ပါသည်။

နေ့စဉ်အတိုးတွက်ပေးခြင်း
စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များအပါအဝင် စာရင်းရှိလက်ကျန်ငွေအပေါ် နေ့စဉ်အတိုးတွက်ပေးသောကြောင့် စုဆောင်းငွေများ နေ့စဉ်တိုးပွားနေမည်ဖြစ်ပါသည်။

ဘဏ်တိုးငွေကို လစဉ်ထုတ်ပေးခြင်း
တိုးပွားရရှိထားသော ဘဏ်တိုးငွေကို လစဉ်ထုတ်ယူနိုင်ပါသည်။

လွယ်ကူစွာ စီမံခန့်ခွဲနိုင်ခြင်း
ငွေစုဘဏ်စာအုပ် အသုံးပြုနိုင်သလို Yoma Bank Next Mobile Application မှတစ်ဆင့် မိမိအကောင့်ကို လွယ်ကူစွာစီမံခန့်ခွဲနိုင်ပါသည်။

ငွေသွင်း၊ ငွေထုတ် လွယ်ကူစွာပြုလုပ်နိုင်ခြင်း
နိုင်ငံတစ်ဝှမ်းရှိ ရိုးမဘဏ် ဘဏ်ခွဲများတွင် မိမိငွေကို အဆင်ပြေလွယ်ကူစွာ ထုတ်ယူနိုင်ပါသည်။
အကောင့်ဖွင့်ရန်
- ကနဦးအပ်နှံငွေကို ၁၀,၀၀၀ ကျပ် သတ်မှတ်ထားပါသည်။
- အနည်းဆုံး လက်ကျန်ငွေ ၁,၀၀၀ ကျပ် ထားရှိရပါမည်။
- အနည်းဆုံးအသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
- နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း) တင်ပြရပါမည်။
အသုံးပြုနိုင်သော အကောင့်အမျိုးအစားများ
- တစ်ဦးချင်းအကောင့်များ
- သက်ငယ်စာရင်းအကောင့်များ (အသက် ၁၈ နှစ်မပြည့်သေးသူ)
- ပူးတွဲအကောင့်များ

Interest Calculator
%
ခေါ်ယူအပ်ငွေစာရင်း အတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

| အပ်နှံငွေပမာဏ | နှစ်စဉ်အတိုးနှုန်း |
| ကျပ် ၁၀၀,၀၀၀ နှင့်အထက် | ၆.၀၀% |
မှတ်ချက်။ ငွေကျပ် ၁ သိန်းနှင့်အထက် ပမာဏမှစတင်၍ အတိုးတွက်ချက်ပေးပါသည်။
- ဝန်ဆောင်ခ – ၁,၅၀၀ ကျပ်
(ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ဘဏ်ဝန်ဆောင်မှုတစ်ခုခု အသုံးပြုထားခြင်းမရှိသော အပ်ငွေစာရင်းများကိုသာ လစဉ်ကောက်ခံပါသည်။)
ခေါ်ယူအပ်ငွေစာရင်း အကြောင်း
မေးလေ့ရှိသော မေးခွန်းများ

နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်ပြီး လူကြီးမင်း၏ စာအုပ်အသစ်ထုတ်ယူနိုင်ရန် အကူအညီရယူနိုင်ပါသည်။
လစဉ် စီမံထိန်းသိမ်းမှုကြေး (၁၀၀၀ ကျပ်)စီ ကောက်ခံပါမည်။ ထို့အပြင် အပ်ငွေစာရင်းအတွက် လွန်ခဲ့သော (၁၂) လအတွင်း ဘဏ်ဝန်ဆောင်မှုတစ်ခုခု အသုံးပြုထားခြင်းမရှိသော အပ်ငွေစာရင်းများကို ဝန်ဆောင်ခ (Inactive Account Fee) ကောက်ခံပါမည်။
Call Deposit (ခေါ်ယူအပ်ငွေစာရင်း) သည် အကောင့်လက်ကျန်ငွေအပေါ် နေ့စဉ်အတိုးတွက်ပေးသောစာရင်းအမျိုးအစားဖြစ်ပြီး Savings (ငွေစုဘဏ်အပ်ငွေစာရင်း) အကောင့်နှင့်နှိုင်းယှဉ်လျှင် အတိုးနှုန်းနည်းပါသည်။ Savings (ငွေစုဘဏ်အပ်ငွေစာရင်း) သည် ပိုမိုမြင့်မားသော အတိုးနှုန်းပေးအပ်ထားပြီး လစဉ်အတိုးတွက်ပေးသော စာရင်းအမျိုးအစားဖြစ်ပါသည်။
သင်နှင့်ကိုက်ညီသော စာရင်းအမျိုးအစားကို ရွေးချယ်ပါ။
အခြားစာရင်းအမျိုးအစားများနှင့် နှိုင်းယှဉ်ကြည့်ရှုပါ။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Flexi ငွေစုဘဏ်အပ်ငွေစာရင်း

Flexi ခေါ်ယူအပ်ငွေစာရင်း




BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal