အိမ်ရာပိုင်ဆိုင်မှုပြ ချေးငွေ
Personal Banking > Loans
အိမ်ရာပိုင်ဆိုင်မှုပြ ချေးငွေ
Personal Banking > Loans
အိမ်ရာပိုင်ဆိုင်မှုပြ ချေးငွေ အကြောင်း
ရိုးမဘဏ်၏ အိမ်ရာပိုင်ဆိုင်မှုပြချေးငွေ (Home Equity Loan) ဖြင့် လက်ရှိပိုင်ဆိုင်နေထိုင်နေသော အိမ်ရာအား ရင်းနှီးမြှုပ်နှံ၍ မိမိနှင့်မိသားစု၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးအစရှိသည့် ကိုယ်ပိုင်အသုံးစရိတ်များအတွက် လွယ်ကူလျင်မြန်စွာ ချေးငွေလျှောက်ထားနိုင်ပါပြီ။
အိမ်ရာပိုင်ဆိုင်မှုပြ ချေးငွေကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ


လစဉ် အရစ်ကျစနစ်ဖြင့်
လွယ်ကူစွာ ပြန်လည်ပေးဆပ်နိုင်ခြင်း

ချေးငွေအား အနည်းဆုံး (၃) နှစ်မှ
အများဆုံး (၁၀) နှစ်အထိ ပေးဆပ်နိုင်ခြင်း
ချေးငွေလျှောက်ထားရန်
- မြန်မာနိုင်ငံသားမှတ်ပုံတင်ရှိသော အသက် (၁၈) နှစ်ပြည့်ပြီး လစဉ်ဝင်ငွေ အနည်းဆုံး (၆) သိန်းကျပ်အထက်ရှိသူ လခစားဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ
- အသက် (၆၅) နှစ်ကျော်သော ကုမ္ပဏီလခစား ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များအနေဖြင့် အသက် (၆၀) နှစ်အောက် အရွယ်ရောက်ပြီး သားသမီးများ၊ မိသားစုဝင် မောင်နှမအရင်းများနှင့်အတူ ပူးတွဲလျှောက်ထားနိုင်သည်။
- မှတ်ပုံတင် (မူရင်း) နှင့် အိမ်ထောင်စုစာရင်း (မူရင်း)
- နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ
- အလုပ်အကိုင် (သို့) လုပ်ငန်းနှင့်ပတ်သက်သည့် အထောက်အထား
- ဝင်ငွေရရှိသည့် အထောက်အထား
- အခြား အိမ်ပိုင်ဆိုင်မှုနှင့် စပ်လျဉ်းသည့် အထောက်အထားများ
- ပိုင်ဆိုင်မှုအမည်ပေါက် ရှင်းလင်းခိုင်မာသော ဘိုးဘွားပိုင်မြေ၊ သက်တမ်းရှိ ဂရန်မြေနှင့်တကွ အဆိုပါမြေပေါ်တွင် ဆောက်လုပ်ထားသော အသင့်နေအဆောက်အဦး
- YCDC, MCDC, NCDC တို့မှ ခွင့်ပြုမိန့်ရရှိထားပြီး၊ စည်ပင်၊ အိုးအိမ်တို့မှ ထုတ်ပေးသော အမည်ပေါက်နေထိုင်ခွင့်မှတ်တမ်း (Owner Book) ရှိသော မြေနှင့် အဆောက်အဦး
- လူနေထိုင်ခွင့်ကျပြီး အိမ်ရာကော်မတီရှိသော တိုက်ခန်းများ၊ ကွန်ဒိုမီနီယမ်၊ မီနီကွန်ဒို

လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံအတွက် နီးစပ်ရာ ရိုးမဘဏ်ခွဲရှိ အိမ်ရာချေးငွေကျွမ်းကျင်သူ ဝန်ထမ်းများဖြင့် ဆွေးနွေးတိုင်ပင်ပါ။
အိမ်ရာပိုင်ဆိုင်မှုပြချေးငွေအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

| ချေးငွေဆိုင်ရာ သတ်မှတ်ချက်များ | |
| အတိုးနှုန်း | တစ်နှစ်လျှင် ၁၃%* |
| ကနဦး ဝန်ဆောင်ခ | အနည်းဆုံး ၂၅၀,၀၀၀ ကျပ် (သို့) ခွင့်ပြု ချေးငွေပမာဏ ၏ ၁.၅% |
*နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။
ရိုးမဘဏ်မှ အိမ်ရာပိုင်ဆိုင်မှုပြချေးငွေ လျှောက်ထားမှုများအတွက် ဖော်ပြထားသည့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ၀န်ဆောင်ခမှလွဲ၍ အခြားသော ပြင်ပလုပ်ငန်းစုများမှ တစ်ဆင့် အပိုငွေကြေးများကောက်ခံနေခြင်း မရှိပါ။ အိမ်ရာပိုင်ဆိုင်မှုပြချေးငွေအတည်ပြုမှု မြန်ဆန်နိုင်ရန် ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အခကြေးငွေပေးသွင်းပြီး လုပ်ဆောင်ပါက ဘဏ်နှင့် သက်ဆိုင်မှုမရှိပါကြောင်းနှင့် ချေးငွေလျှောက်ထားမှုများအတွက် စုံစမ်းမှုများကို ဘဏ်နှင့်သာ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါရန် အသိပေးအပ်ပါသည်။
Customer သိမှတ်ဖွယ်ရာများ ဖတ်ရှုရန်
Terms & Conditions Apply.
- ပိုင်ဆိုင်မှုအမည်ပေါက် ရှင်းလင်းခိုင်မာသော ဘိုးဘွားပိုင်မြေ၊ သက်တမ်းရှိ ဂရန်မြေနှင့်တကွ အဆိုပါမြေပေါ်တွင်ဆောက်လုပ်ထားသော အသင့်နေ အဆောက်အဦး
- YCDC, MCDC, NCDC တို့မှ ခွင့်ပြုမိန့်ရရှိထားပြီး၊ စည်ပင်၊ အိုးအိမ်တို့မှထုတ်ပေးသော အမည်ပေါက်နေထိုင်ခွင့်မှတ်တမ်း (Owner Book) ရှိသော မြေနှင့် အဆောက်အဦး
- လူနေထိုင်ခွင့်ကျပြီး အိမ်ရာကော်မတီရှိသော တိုက်ခန်းများ၊ ကွန်ဒိုမီနီယမ်၊ မီနီကွန်ဒို
အိမ်ရာပိုင်ဆိုင်မှုပြချေးငွေ အကြောင်း
မေးလေ့ရှိသော မေးခွန်းများ

ရိုးမဘဏ်ရှိ တစ်ဦးချင်းသုံး ချေးငွေအမျိုးအစားများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank Official Facebook Page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်အကူအညီ ရယူနိုင်ပါသည်။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Hire Purchase




BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal