ရိုးမဘဏ် နှင့် MC Easy Microfinance Company Limited တို့ မြန်မာကျပ် ၄.၈ ဘီလျံ တန်ဖိုးရှိ ငွေကြေးသဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုး

New & Activities > သတင်းများ

ရိုးမဘဏ် နှင့် MC Easy Microfinance Company Limited တို့ မြန်မာကျပ် ၄.၈ ဘီလျံ တန်ဖိုးရှိ ငွေကြေးသဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုး

New & Activities > သတင်းများ

ရိုးမဘဏ် နှင့် MC Easy Microfinance Company Limited တို့ မြန်မာကျပ် ၄.၈ ဘီလျံ တန်ဖိုးရှိ ငွေကြေးသဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုး

22 October 2019သတင်းများ

1 Min Read

ယင်းငွေကြေးသဘောတူညီချက်အသစ်ကတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်း ဒေသ ၇ ခုရှိ နောက်ထပ် အသေးစားလုပ်ငန်းရှင်ပေါင်း ၁၆,၀၀၀ ကို ချေးငွေထောက်ပံ့ပေးသွားနိုင်မည်ဖြစ်သည်။

ရန်ကုန်၊ မြန်မာ – ဒီဇင်ဘာလ ၆ ရက် ၂၀၁၉ ခုနှစ် – ရိုးမဘဏ်နှင့် MC Easy Microfinance Company Limited (“Easy Microfinance”) တို့သည် မြန်မာနိုင်ငံအတွင်းရှိ Easy Microfinance ၏ ချေးငွေ ထောက်ပံ့ရေးလုပ်ငန်းများကို အထောက်အပံ့ပေးရန် မြန်မာကျပ် ၄.၈ ဘီလျံတန်ဖိုးရှိ ငွေကြေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ ငွေကြေးသဘောတူညီချက်အသစ်သည် ရိုးမဘဏ်နှင့် Easy Microfinance ကြားရှိ မြန်မာကျပ် ၈ ဘီလျံ တန်ဖိုးရှိ ငွေကြေး သဘောတူညီချက်အပြီး နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည်။ ယခုသဘောတူညီချက်ကတစ်ဆင့် အထူးသဖြင့် လုပ်ငန်းလည်ပတ်ရန် အရင်းအနှီးအတွက် ငွေကြေးအထောက်အပံ့ လိုအပ်နေသည့် အသေးစား စီးပွားရေး လုပ်ငန်းရှင်ပေါင်း နောက်ထပ် ၁၆,၀၀၀ ကို ငွေကြေးထောက်ပံ့ပေးသွားနိုင်မည်ဖြစ်သည်။

၂၀၁၆ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေသစ်အရ မြန်မာနိုင်ငံရှိ ဘဏ်များအနေဖြင့် အသေးစားချေးငွေလုပ်ငန်းများကို ငွေ ထုတ်ချေးပေးနိုင်ခဲ့ပြီး ရိုးမဘဏ်သည်လည်း အသေးစားချေးငွေလုပ်ငန်းအဖွဲ့အစည်းပေါင်း ၁၀ ခု ကျော်ကို ဆန်းသစ်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သော ရိုးမဘဏ်နှင့် Easy Microfinance ကြားရှိ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ရန်ကုန်၊ နေပြည်တော်၊ စစ်ကိုင်း၊ မကွေးတိုင်း၊ ဧရာဝတီ တိုင်းဒေသ ကြီးများနှင့် မွန် နှင့် ကရင် ပြည်နယ်တို့ရှိ Easy Microfinance ၏ ရုံးခွဲပေါင်း ၂၁ ခုကတစ်ဆင့် ချေးငွေပေါင်း မြန်မာကျပ် ၁၂.၈ ဘီလျံကျော်ကို ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

“ရိုးမဘဏ်အနေနဲ့ မြန်မာလူမျိုးများအတွက် ပိုမိုကောင်းမွန်သောနိုင်ငံတစ်ခုထူထောင်ဖို့ မျှော်မှန်းချက်နဲ့အညီ မြန်မာနိုင်ငံ အတွင်းရှိ ငွေကြေးအထောက်အပံ့ မရရှိသေးတဲ့ စီးပွားရေးလုပ်ငန်းတွေ ချေးငွေပိုမိုရရှိနိုင်စေဖို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ တယ်။ ဈေးကွက်အတွင်းရှိ အသေးစားစီးပွားရေးလုပ်ငန်းတွေဆီကို ချေးငွေရောက်ရှိအောင် ဆောင်ရွက်ရာမှာ အသေး စားငွေရေးကြေးရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အရေးပါတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရိုးမဘဏ်အနေနဲ့ အသေးစားငွေရေးကြေးရေးကဏ္ဍကို ဘဏ်ရဲ့ချေးငွေအပိုင်းမှာ အဓိကထားဆောင်ရွက် နေပါတယ်။ ဒီဘဏ္ဍာရေးဆိုင်ရာ ငွေကြေးပံ့ပိုးမှုနှင့်အတူ မြန်မာနိုင်ငံအတွင်းရှိ အသေးစားလုပ်ငန်းရှင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင် ကူညီပေးနိုင်မှာပါ” လို့ ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် Mr. Dean Cleland က ပြောကြားခဲ့ပါသည်။

Easy Microfinance သည် ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အကျိုးအမြတ်အတွက် ရည်ရွယ်ဆောင်ရွက်သည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ မတူညီသော ချေးငွေပုံစံနှစ်မျိုးကို ဝန်ဆောင်မှုပေးခြင်းဖြင့် အသင်းသား များစွာကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်သည်။ Easy Microfinance မှ ဝန်ဆောင်မှုပေးသော ချေးငွေများသည် လွယ်ကူ လျင်မြန်စွာရယူနိုင်စေရန်နှင့် လွယ်လွယ်ကူကူ ပြန်လည်ပေးချေနိုင်စေရန် ဖန်တီးထားပြီး ချေးငွေရယူသူများ၏ လုပ်ငန်း လိုအပ်ချက်နှင့် ပြန်လည်ပေးချေနိုင်စွမ်းကို အခြေခံ၍ ချေးငွေပမာဏကို သတ်မှတ်ထားပေးခြင်း ဖြစ်သည်။ Easy Microfinance ၏ ဝန်ဆောင်မှုများတွင် ငွေချေးယူသူ အဖွဲ့ဝင်များမှ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် အာမခံရန်လိုအပ်သည့်၊ မြန်မာငွေကျပ် ၁၀ သိန်းပမာဏအထိ လိုအပ်ချက်ရှိသည့် စီးပွားရေး လုပ်ငန်းငယ်များကို အဓိကထားသည့် အဖွဲ့လိုက်ချေးငွေနှင့် မြန်မာငွေကျပ် သိန်း ၁၀၀ ပမာဏအထိ လိုအပ်ချက်ရှိသည့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များကို အဓိကထားသည့် တစ်ဦးချင်းချေးငွေများ ဟူ၍ ရှိသည်။

Easy Microfinance ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Frank Snieders မှလည်း “ ရိုးမဘဏ်နဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ရခြင်းဟာ Easy Microfinance ရဲ့ လုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်နိုင်ဖို့အပြင် အသေးစားလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးနိုင်ဖို့နဲ့ လူမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ချေးငွေဝန်ဆောင်မှုတွေကို ပိုမိုများပြားတဲ့ အသင်းသားတွေကို ပေးနိုင်လာစေမှာဖြစ်တဲ့အတွက် အခုလို ရိုးမဘဏ်နဲ့အတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍမှာ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်ခွင့်ရခြင်းကို အလွန်ပင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း” ပြောကြားခဲ့ပါသည်။

Easy Microfinance အကြောင်း

Easy Microfinance သည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် အသေးစား ငွေရေးကြေးရေးလုပ်ငန်းလိုင်စင် ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည်။ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ရှယ်ယာရှင်များ ဖြစ်သော Meridian Capital နှင့် Delta Capital တို့မှ အမေရိကန်ဒေါ်လာ ၁၄.၂ သန်း ရှယ်ယာ ထည့်ဝင်ခဲ့ပြီးဖြစ်ပြီး ကုမ္ပဏီဆက်လက်ကြီးထွားလာစေရန် ဆက်လက်ပံ့ပိုးပေးမည့် အစီအစဉ်များရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ Easy Microfinance သည် မြန်မာနိုင်ငံ၏ အသေးစားငွေရေး ကြေးရေးလုပ်ငန်းကဏ္ဍတွင် အကြီးဆုံးသောအဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ထားရှိသည့်အညီ ချေးငွေများကို မြန်ဆန်ထိရောက်စွာ ထုတ်ချေးပေးနိုင်မည့် နည်းပညာများကိုအသုံးပြုထားသော အသင်းသားဗဟိုပြုနည်းစနစ်ဖြင့် အခြားအဖွဲ့အစည်းများနှင့် မတူညီကွဲပြားစွာ လုပ်ငန်းဆောင်ရွက်လျက် ရှိသည်။ လုပ်ငန်းဆောင်ရွက်ခဲ့သော ပထမသက်တမ်း ၃ နှစ်အတွင်း ချေးငွေပေါင်း ၃၇၀၀၀၀ ကျော်၊ စုစုပေါင်း ချေးငွေပမာဏ မြန်မာငွေကျပ် ၁၅၀ ဘီလျံကျော်ကို ထုတ်ချေးပေးနိုင်ခဲ့သည်။ ယခုလက်ရှိ မြန်မာနိုင်ငံအတွင်း၊ ဒေသ ၇ ခုတွင် အသင်းသားပေါင်း ၁၄၀၀၀၀ ခန့်၊ ချေးငွေစုတန်ဖိုး မြန်မာကျပ်ငွေ ၄၈ ဘီလျံခန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက် ရှိပါသည်။

Share this news on