ကိုယ်စားလှယ်ဘဏ်လုပ်ငန်း
Personal Banking > အခြားဝန်ဆောင်မှုများ
ကိုယ်စားလှယ်ဘဏ်လုပ်ငန်း
Personal Banking > အခြားဝန်ဆောင်မှုများ
ရိုးမဘဏ် ကိုယ်စားလှယ်ဘဏ်လုပ်ငန်း
ရိုးမဘဏ်မှ တရားဝင်ခန့်အပ်ထားသော ကိုယ်စားလှယ်များမှတစ်ဆင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသည့် စနစ်တစ်ခု ဖြစ်ပါသည်။
ရိုးမဘဏ် ကိုယ်စားလှယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အားသာချက်များ


ငွေသွင်းခြင်း
ငွေသွင်းရ လွယ်ကူ၊ မြန်ဆန်၊ လုံခြုံ — စောင့်ဆိုင်းရန်မလို

ငွေထုတ်ခြင်း
ငွေထုတ်ရ လွယ်ကူ၊ မြန်ဆန်၊ လုံခြုံ
ငွေသွင်း/ ငွေထုတ်ရန် လိုအပ်ချက်များ
ငွေသားထည့်သွင်းခြင်း
- စာရင်းပိုင်ရှင်၏ အမည်
- စာရင်းပိုင်ရှင်၏ ဘဏ်စာရင်းအမှတ်
- ပေးသွင်းသူ၏ အချက်အလက် (အမည်၊ ဖုန်းနံပါတ် စသည်)
ငွေသားထုတ်ယူခြင်း
- ငွေသားထုတ်ယူမည့်သူ၏ ဘဏ်စာရင်းအမှတ်
- မှတ်ပုံတင်ကတ်ပြား (NRC)
- ဘဏ်တွင် စာရင်းသွင်းထားသော ဖုန်းနံပါတ်

ရိုးမဘဏ် ကိုယ်စားလှယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

- ငွေသွင်းခြင်း – ၀.၁% (အနည်းဆုံး -၂၀၀ ကျပ်)
- ငွေထုတ်ခြင်း – ၀.၅% (အနည်းဆုံး -၅၀၀ ကျပ်)
ငွေသွင်းခြင်း
ရိုးမဘဏ်စာရင်းသို့ ငွေသွင်းရန်အတွက် ဘဏ်ခွဲများသို့သွားရောက်ရန်မလိုအပ်တော့ဘဲ နီးစပ်ရာ ရိုးမဘဏ်ကိုယ်စားလှယ်များထံတွင် လွယ်ကူလျင်မြန်စွာငွေပေးသွင်းနိုင်ပါသည်။ ငွေသွင်းခြင်းလုပ်ငန်းစဉ်တိုင်းအတွက် SMS အသိပေးစနစ်ဖြင့် ချက်ချင်းအတည်ပြုပေးနိုင်သည့်အတွက် စိတ်ချလုံခြုံစွာဖြင့် ငွေသွင်းခြင်းဆောင်ရွက်နိုင်ပါသည်။
ငွေထုတ်ခြင်း
ရိုးမဘဏ်စာရင်းမှ ငွေသားထုတ်ယူရန်အတွက် ဘဏ်ခွဲများသို့သွားရောက်ရန်မလိုအပ်တော့ဘဲ နီးစပ်ရာ ရိုးမဘဏ်ကိုယ်စားလှယ်များထံတွင် လွယ်ကူလျင်မြန်စွာငွေသားထုတ်ယူနိုင်ပါသည်။ ငွေသားထုတ်ယူခြင်းလုပ်ငန်းစဉ်တိုင်းအတွက် SMS အသိပေးစနစ်ဖြင့် ချက်ချင်းအတည်ပြုပေးနိုင်သည့်အတွက် စိတ်ချလုံခြုံစွာဖြင့် ငွေထုတ်ခြင်းဆောင်ရွက်နိုင်ပါသည်။
မေးလေ့မေးထရှိသောမေးခွန်းများနှင့် အဖြေများ

ရိုးမဘဏ်ကိုယ်စားလှယ်များထံတွင် ရိုးမဘဏ်စာရင်းသို့ငွေသွင်းခြင်း၊ ရိုးမဘဏ်စာရင်းမှငွေထုတ်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။
ငွေပေးသွင်းသည့်ပမာဏပေါ်တွင် (၀.၁%) အနည်းဆုံး -၂၀၀ ကျပ်
ငွေသားထုတ်ယူသည့်ပမာဏပေါ်တွင် (၀.၅%) အနည်းဆုံး -၅၀၀ ကျပ်
ငွေပေးသွင်းမည့်ဘဏ်စာရင်းအမှတ်၊ စာရင်းပိုင်ရှင်အမည်နှင့် ငွေပေးသွင်းသူ၏ အချက်အလက်များ လိုအပ်ပါသည်။
ငွေသားထုတ်ယူခြင်းအား မိမိကိုယ်ပိုင်ဘဏ်စာရင်းမှသာထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ထုတ်ယူရန်အတွက် ဘဏ်စာရင်းအမှတ်၊ မှတ်ပုံတင်မူရင်းနှင့်တကွ လူကိုယ်တိုင် ကိုယ်စားလှယ်ထံသို့ သွားရောက်ရန်လိုအပ်ပါသည်။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Fees & Charges
အောက်ပါလင့်ခ်တွင် ပါရှိသော အချက်အလက်များသည် ရိုးမဘဏ်လီမိတက်မှ ပေးအပ်သော ဝန်ဆောင်မှု အမျိုးမျိုးအတွက် အခကြေးငွေများနှင့် ပတ်သက်၍ သုံးစွဲသူ၏ ရည်ညွှန်းချက် ဖြစ်သည်။

မေတ္တာလက်ဆောင် ချက်လက်မှတ်




BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal