FlexiPay MPU Credit Card

Personal Banking > Cards

FlexiPay MPU Credit Card

Personal Banking > Cards

FlexiPay MPU Credit Card အကြောင်း

လက်ငင်းငွေပေးချေစရာမလိုဘဲ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်သည့် အကြွေးဝယ်ကတ်အမျိုးအစား ဖြစ်ပါသည်။ MPU လက်ခံသည့် POS စက်များတွင် ငွေပေးချေနိုင်ခြင်း၊ MPU E-Commerce Website များမှာ အွန်လိုင်းမှ ရောင်းချသည့် ပြည်တွင်း ဈေးဝယ်ယူမှုများအတွက် ငွေပေးချေမှုများကို ပြန်ဆပ်ရမည့် ရက်မတိုင်ခင်အထိ အတိုးမဲ့ သုံးစွဲနိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် ကတ်၏ လုပ်ဆောင်မှုများကို Yoma Bank Next Mobile Application မှ တစ်ဆင့်လည်း ကြည့်ရှုစီမံနိုင်မံနိုင်မှာဖြစ်ပါသည်။

FlexiPay MPU Credit Card ကို ဘာကြောင့်အသုံးပြုသင့်သလဲ။

အကျိုးခံစားခွင့်များ

title-border

စိတ်ကြိုက်ဝယ်ယူမှုများကို (၄၅) ရက် အတိုးအခမဲ့ကာလ ရရှိနိုင်ခြင်း

ပြည်တွင်း ငွေပေးချေမှုများကို လုံခြုံစိတ်ချစွာ အလွယ်တကူငွေပေးချေနိုင်ခြင်း

Yoma Bank Next Mobile Application မှလုပ်ဆောင်မှုတွေကို ကြည့်ရှုစီမံနိုင်ခြင်း

သီးသန့်အကျိုးခံစားခွင့်နှင့်အထူးအခွင့်အရေးအစီအစဉ်များရှိခြင်း

FlexiPay MPU Credit Card လျှောက်ရန် လိုအပ်ချက်များ

  • အနည်းဆုံးအသက် (၂၁) နှစ်ပြည့်ပြီးသူ ဖြစ်ရပါမည်။
  • မြန်မာနိုင်ငံသား နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ ဖြစ်ရပါမည်။
  • လစဉ်ဝင်ငွေ အနည်းဆုံ (၅၀၀,၀၀၀) ကျပ်ရှိသူ ဖြစ်ရပါမည်။
  • Yoma Bank ၏ Flexi Everyday Account ဖွင့်ထားရပါမည်။
requirement
မှတ်ချက်

ကတ်လျှောက်ထားခြင်းအပေါ်တွင်ခွင့်ပြုခြင်း (သို့) ငြင်းပယ်ခြင်းကို ဘဏ်မှ အကြောင်းကြားမည် ဖြစ်ပါသည်။

FlexiPay MPU Credit Card အတွက်

အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

title-border

 

ဝန်ဆောင်ခပမာဏ
ကတ်လျှောက်ထားခ၂၀,၀၀၀ ကျပ်
ကတ်အသစ် ပြန်လည် လျှောက်ထားခ၂၀,၀၀၀ ကျပ်
ကတ် နှစ်စဉ်ကြေး၅၀,၀၀၀ ကျပ်
PIN နံပါတ်အသစ် ပြန်လည်ပြုလုပ်ခ၁,၀၀၀ ကျပ်
လက်ကျန်ငွေ စစ်ဆေးခြင်းအခမဲ့
အတိုးနှုန်းတစ်နှစ်လျှင် ၁၆ %*
နောက်ကျကြေး၁၀,၀၀၀ ကျပ်
(သတ်မှတ်ရက်မတိုင်ခင် အနည်းဆုံးပြန်လည်ပေးဆပ်ရမည့် ငွေပမာဏကို ပေးချေခြင်းမရှိပါက)

* နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။

  • ကတ်ကိုင်ဆောင်သူသည် သတ်မှတ်ထားသော ကန့်သတ်ချက်အား မကျော်လွန်ရပါ။
  • ကတ်အသုံးပြုမှုများနှင့် အခကြေးငွေများ အားလုံးပါဝင်သည့် လစဉ်ငွေစာရင်း တစ်စောင်ကို ဖြန့်ဝေပေးမည်။
  • မပေးဆပ်ရသေးသည့် ငွေပမာဏ၏ ၁၀% ကို အနည်းဆုံးပြန်လည်ပေးဆပ်ရမည့်ပမာဏ (Minimum Payment Due) အဖြစ် သတ်မှတ်နိုင်သည်။
  • သတ်မှတ်ထားသည့် ငွေပေးဆပ်ရမည့်နေ့ (Due Date) သည် စာရင်းထုတ်ပေးသည့်နေ့မှ ၁၅ ရက်အတွင်း ဖြစ်နိုင်သည်။
  • နောက်ကျသည့်အခါ ၁၀,၀၀၀ ကျပ် (သို့မဟုတ်) ပြန်လည်မပေးဆပ်သည့်ငွေပမာဏ၏ ၂% အား နောက်ကျကြေးအဖြစ် ကောက်ခံနိုင်သည်။
  • ဝယ်ယူအသုံးပြုထားသည့် ချေးငွေပမာဏအား အပြည့်ပြန်လည်ပေးဆပ်ပါက (၄၅) အထိ အတိုးမဲ့ ရယူနိုင်ပါသည်။
  • နှစ်စဉ်အတိုးနှုန်း (ဥပမာ – ၁၆%) အား ပြန်လည်မပေးဆပ်သည့် ကျန်ငွေပမာဏပေါ်တွင် တွက်ချက်ကောက်ခံပါမည်။
  • ဘဏ်သွားစရာမလိုဘဲ Yoma Bank Next Mobile Application မှတစ်ဆင့် “Repayment” ကိုနှိပ်ကာ ပြန်လည်ပေးဆပ်နိုင်ပါသည်။

မေးလေ့မေးထရှိသော မေးခွန်းများ

title-border

FlexiPay သည် MPU Credit Card အမျိုးအစား အကြွေးဝယ်ကတ် ဖြစ်ပါသည်။

ကတ်လျှောက်ထားသူသည် အသက် (၂၁) နှစ်ပြည့်ပြီး (၆၅) နှစ်အတွင်းရှိသော မြန်မာနိုင်ငံသား ဖြစ်ရပါမည်။ ဝန်ထမ်းများ (သို့) ကိုယ်ပိုင်လုပ်ငန်းရှင်များ လျှောက်ထားနိုင်ပါသည်။

FlexiPay Credit Card အားလျှောက်ထားရန် လစဉ်ဝင်ငွေမှာ အနည်းဆုံး (၅၀၀,၀၀၀) ကျပ် ရှိရပါမည်။

အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ