နိုင်ငံခြားငွေစာရင်း
Personal Banking > အပ်ငွေစာရင်းများ
နိုင်ငံခြားငွေစာရင်း
Personal Banking > အပ်ငွေစာရင်းများ
နိုင်ငံခြားငွေစာရင်းအကြောင်း
ရိုးမဘဏ်၏ နိုင်ငံခြားငွေစာရင်းကို အသုံးပြုပြီး မိမိ၏နိုင်ငံခြားငွေများကို လွယ်ကူချောမွေ့စွာစီမံလိုက်ပါ။
နိုင်ငံတကာအဖွဲ့အစည်းများတွင် လုပ်ကိုင်နေသော ဝန်ထမ်းများနှင့် သင်္ဘောသားများအတွက် သင့်တော်ပါသည်။
နိုင်ငံခြားငွေစာရင်းကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ


နိုင်ငံခြားငွေများ လွယ်ကူစွာစီမံနိုင်ခြင်း
မိမိရရှိထားသော နိုင်ငံခြားငွေများကို လွယ်ကူစွာထိန်းသိမ်းစီမံနိုင်ပါသည်။

နိုင်ငံခြားငွေ (၅)မျိုး သုံးနိုင်ခြင်း
ဒေါ်လာ (USD)၊ ယူရို (EUR)၊ စင်္ကာပူဒေါ်လာ (SGD)၊ ထိုင်းဘတ် (THB) နှင့် တရုတ်ယွမ် (CNY) ငွေကြေးများ သုံးနိုင်ပါသည်။

အွန်လိုင်းနှင့် မိုဘိုင်းဘဏ်လုပ်ငန်းစနစ် ရရှိခြင်း
Yoma Bank Next Mobile Application မှတစ်ဆင့် အချိန်နေရာမရွေး မိမိအကောင့်ကို စီမံခန့်ခွဲနိုင်ပါသည်။
မိမိကိုယ်ပိုင် နိုင်ငံခြားငွေအကောင့်မှ ငွေကြေးများကို မြန်မာကျပ်ငွေအဖြစ်သို့လည်းကောင်း၊ မြန်မာကျပ်ငွေအကောင့်မှ ငွေကြေးများကို နိုင်ငံခြားငွေအဖြစ်သို့လည်းကောင်း Yoma Bank Next Mobile Application တွင် ငွေလွှဲပြောင်းမှုတစ်ကြိမ်လျှင် အများဆုံး အမေရိကန်ဒေါ်လာ ၅,၀၀၀ နှင့် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ လွှဲပြောင်းနိုင်ပါသည်။
အကောင့်ဖွင့်ရန်
- ကနဦးအပ်နှံငွေပမာဏ သတ်မှတ်မထားပါ။
- အနည်းဆုံး လက်ကျန်ငွေပမာဏ USD 50 (သို့) ညီမျှသော မြန်မာငွေကျပ်ပမာဏ
- အနည်းဆုံးအသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
- နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း) တင်ပြရပါမည်။
- ပါတ်စပို့ဓာတ်ပုံ
- ဝင်ငွေရလမ်းကြောင်း အထောက်အထား တင်ပြရပါမည်။
အသုံးပြုနိုင်သော အကောင့်အမျိုးအစားများ
- တစ်ဦးချင်းအကောင့်
- ပူးတွဲအကောင့်

နိုင်ငံခြားငွေစာရင်းအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

လျှောက်ထားနိုင်သည့် နိုင်ငံတကာငွေကြေးများ – အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ
- စာရင်းထဲသို့ ငွေထည့်သွင်းပါက ထည့်သွင်းငွေ ပမာဏ၏ ၀.၃ % ဝန်ဆောင်ခ ကောက်ခံပါမည်။
- စာရင်းမှ ငွေထုတ်ယူပါက လုပ်ဆောင်ချက်တစ်ကြိမ် ပြုလုပ်တိုင်း တစ်ဒေါ်လာ ကောက်ခံပါမည်။
နိုင်ငံခြားငွေစာရင်းအကြောင်း
မေးလေ့ရှိသော မေးခွန်းများ

နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့သွားရောက်ပြီး ချက်လက်မှတ်စာအုပ်အသစ်ပြုလုပ်ရန် အကူအညီရယူနိုင်ပါသည်။
ရိုးမဘဏ် ဘဏ်ခွဲတစ်ခုခုသို့မသွားရောက်မီ ထိုဘဏ်ခွဲတွင် နိုင်ငံခြားငွေအကောင့်ဖွင့်ပေးသည့်ဝန်ဆောင်မှု ရှိ/မရှိကို ရိုးမဘဏ် Customer Service Hotline သို့ ကြိုတင်ဆက်သွယ်စုံစမ်းနိုင်ပါသည်။
သင်နှင့် ကိုက်ညီသော အကောင့်ကို ရွေးချယ်ပါ။
နိုင်ငံခြားငွေစာရင်းကို အခြားအကောင့်များနှင့် နှိုင်းယှဉ်ပါ။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Flexi ငွေစုဘဏ်အပ်ငွေစာရင်း

Flexi ခေါ်ယူအပ်ငွေစာရင်း




BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal