MMQR

Personal Banking > Digital Banking

MMQR

Personal Banking > Digital Banking

MMQR အကြောင်း

MMQR သည် မြန်မာနိုင်ငံအတွင်း QR ကို အခြေခံကာ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများရဲ့ မတူညီသော Mobile Wallets များအကြား အပြန်အလှန်ချိတ်ဆက်၍ ငွေပေးချေနိုင်သော Digital Payment Switch စနစ်တစ်ခုဖြစ်ပါသည်။

အကောင်းဆုံး ငွေပေးချေမှုစနစ်ကို ရွေးချယ်လိုက်ပါ

အချက်အလက်များနှင့် အကျိုးကျေးဇူးများ

title-border

လုံခြုံစိတ်ချရပြီး လွယ်ကူမြန်ဆန်ခြင်း

မတူညီသော Digital Wallets များ၊ Bank Applications များဖြင့် Scan ဖတ်ပြီး စိတ်တိုင်းကျ ငွေပေးချေနိုင်ပါသည်။

MMQR ရှိသည့် ဆိုင်တိုင်းတွင် အလွယ်တကူငွေပေးချေနိုင်ခြင်း

နိုင်ငံတော်အဆင့် QR စနစ်ကို အသုံးပြုထားသောကြောင့် ငွေသားကိုင်ဆောင်စရာမလိုဘဲ မိုဘိုင်းဖုန်းများဖြင့် ငွေပေးချေမှုတိုင်းကို လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ပါသည်။

စျေးဝယ်ယူမှုများအပြင် အခြားငွေပေးချေမှုများပါ လုပ်ဆောင်နိုင်ခြင်း

စျေးဝယ်ယူမှုများအပြင် အခြားသောဘေလ်များနှင့် အခွန်များပါ နေရာမရွေး အချိန်မရွေး ပေးဆောင်နိုင်ခြင်း

MMQR အတွက်

အသေးစိတ်အချက်အလက်များ

title-border

  • အဆင့် (၁) Yoma Bank Next Mobile Application ၏ Scan to Pay ကို နှိပ်ပါ။
  • အဆင့် (၂) ပေးချေမည့် Merchant ၏ MMQR ကို Scan ဖတ်ကာ ငွေပေးချေမှုပြုလုပ်ပါ။
  • အဆင့် (၃) ပေးချေရမည့် ငွေပမာဏကိုဖြည့်သွင်းပြီး Next ကိုနှိပ်ပါ။
  • အဆင့် (၄) အချက်အလက်များကို စစ်ဆေးကာ Confirm ကိုနှိပ်ပါ။
  • အဆင့် (၅) Transfer Successful screen ‌ပေါ်လာပါက Yoma Bank Next Mobile Application ဖြင့် ငွေပေးချေမှု ပြီးမြောက်ပြီ ဖြစ်ပါသည်။

MMQR အတွက်

မေးလေ့မေးထရှိသောမေးခွန်းများ

title-border

MMQR ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း QR ကို အခြေခံကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငွေပေးချေနိုင်ရန် စီစဉ်ထားသည့် ငွေပေးချေမှုနည်းစနစ်ဖြစ်ပါသည်။ အသုံးပြုသူများအကြား MMQR တွင်ပါဝင်သော ဘဏ်များ၊ Mobile Wallets များနှင့် ငွေကြေးဝန်ဆောင်မှုများအကြားတွင် မြန်ဆန် လုံခြုံပြီး အပြန်အလှန်ငွေပေးချေနိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

အသုံးပြုသူအနေဖြင့် သီးခြားစာရင်းထပ်မံပေးသွင်းစရာ မလိုအပ်ပါဘူး။ ကိုယ်သုံးနေကျ ဘဏ် (သို့မဟုတ်) Mobile Wallet က MMQR ကို အထောက်အပံ့ပေးပါတယ်ဆို တိုက်ရိုက်တန်း အသုံးပြုနိုင်ပါတယ်။

MMQR နဲ့ တွဲဖက်အသုံးပြုနိုင်သော ဘဏ်နှင့် Mobile Wallets များ၏ Application များမှ တစ်ဆင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ မိမိလက်ရှိသုံးနေသော ဘဏ်နှင့် Mobile Wallets Apps များတွင် “Now with MMQR” Logo အမှတ်အသားပါရှိပါက အသုံးပြုနိုင်ပြီး မိမိ၏ ဘဏ်နှင့် Mobile Wallets Apps များကိုလည်း နောက်ဆုံး Version သို့ အဆင့်မြှင့်ထားရန် လိုအပ်ပါသည်။

MMQR ဟာ သီးခြား Application လည်းမဟုတ်သလို အကောင့်သီးသန့်ထပ်ဖွင့်စရာလည်း မလိုအပ်ပါဘူး။ မိမိသုံးနေကျ Mobile Banking (သို့) Mobile Wallet App တွေမှာ ပါဝင်ပြီးသားဖြစ်ပြီး မိမိသုံးနေကျ App ကနေတဆင့် Scan ဖတ်ကာ မိမိရှိပြီးသား ငွေပမာဏကနေ တိုက်ရိုက်ပေးချေနိုင်တာဖြစ်လို့ ငွေဖြည့်သုံးစရာလည်း မလိုအပ်တော့ပါဘူး။

အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ