ပုဂ္ဂိုလ်ရေး အချက်အလက်များ
ထိန်းသိမ်းခြင်း ထုတ်ပြန်ချက်
ပုဂ္ဂိုလ်ရေး အချက်အလက်များ
ထိန်းသိမ်းခြင်း ထုတ်ပြန်ချက်
ပုဂ္ဂိုလ်ရေးအချက်အလက်များ ထိန်းသိမ်းခြင်း ထုတ်ပြန်ချက်
ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ထိန်းသိမ်းခြင်း ထုတ်ပြန်ချက်
ရိုးမဘဏ်သည် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို သက်ဆိုင်ရာဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုံခြုံစွာကိုင်တွယ်ဆောင်ရွက်ပါသည်။ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ကြေညာချက်သည် ရိုးမဘဏ်၏ ဝန်ဆောင်မှုများနှင့် အခြားဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှု ပလက်ဖောင်းများမှတစ်ဆင့် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ကိုယ်ရေးအချက်အလက်များကို မည်သို့ ကာကွယ်သည်၊ မျှဝေသည်၊ စုဆောင်းရယူ အသုံးပြုသည်ကို ရှင်းလင်းဖော်ပြထားခြင်းဖြစ်ပါသည်။
ဤထုတ်ပြန်ချက်သည် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများအနေဖြင့် ရိုးမဘဏ်၏ ဝက်ဘ်ဆိုဒ်၊ မိုဘိုင်းဘဏ်အပလီကေးရှင်း နှင့် တရားဝင်ရိုးမဘဏ်၏ လူမှုကွန်ယက်စာမျက်နှာများစတဲ့ ဒစ်ဂျစ်တယ်ချန်နယ်တို့ အသုံးပြုသည့်အခါ (သို့မဟုတ်) အွန်လိုင်း ကမ်ပိန်းများနှင့် အခြားဝန်ဆောင်မှုများ ဆက်သွယ်ဆောင်ရွက်သည့်အခါ စုဆောင်းရရှိသော အချက်အလက်များအတွက်လည်း သက်ဆိုင်ပါသည်။
အသေးစိတ်အချက်အလက်များကို ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖတ်ရှုနိုင်ပြီး အပြည့်အစုံကို ဤ လခ့်နေရာတွင် နှိပ်၍ ဒေါင်းလုဒ်ရယူနိုင်ပါသည်။
ဝက်ဘ်ဆိုက် စာမျက်နှာဆိုင်ရာ ပုဂ္ဂိုလ်ရေးအချက်အလက်များ ထိန်းသိမ်းခြင်း ထုတ်ပြန်ချက်
သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ထိန်းသိမ်းခြင်းသည် ကျွန်ုပ်တို့ အတွက် အရေးကြီးပါသည်။ ယခု အွန်လိုင်း ပုဂ္ဂိုလ်ရေးအချက်အလက်များ ထိန်းသိမ်းခြင်း မူဝါဒသည် သင်အနေဖြင့် ကျွန်ုပ်တို့၏ အွန်လိုင်းဝန်ဆောင်မှုများ အသုံးပြုသည့်အခါ (သို့) ဝက်ဘ်ဆိုက်စာ မျက်နှာသို့ ဝင်ရောက်ကြည့်ရှုသည့်အခါ အချက်အလက်များကို ရိုးမဘဏ်က မည်သို့ ကာကွယ်သည်၊ မျှဝေသည်၊ စုဆောင်းရယူ အသုံးပြုသည်ကို ရှင်းပြပါမည်။ ယခုထုတ်ပြန်ချက်သည် ရိုးမဘဏ် ဝက်ဘ်ဆိုက်၊ Yoma Bank Mobile Banking Application ၊ ရိုးမဘဏ်၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများ အပါအဝင် ရိုးမဘဏ်၏ များစွာသော အွန်လိုင်းဝန်ဆောင်မှုများတွင် အကျုံးဝင်သက်ရောက်မည် ဖြစ်သည့်အပြင် ရိုးမဘဏ်၏ ဒစ်ဂျစ်တယ် ကြော်ငြာ လုပ်ဆောင်မှုများအနက် တစ်ခုခုမှ ကြော်ငြာသည့် ကြော်ငြာကို ကြည့်ရှုသည့် ဆက်သွယ်မှုမျိုးတွင်လည်း အကျုံးဝင်သက်ရောက်မည် ဖြစ်သည်။
သင့်အနေဖြင့် မည်သည့် ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသည် ဖြစ်စေ IP Address နှင့် Domain အမည် ကဲ့သို့ သတင်းအချက်အလက်၊ ဝင်ရောက်ကြည့်ရှုခဲ့သည့် လမ်းကြောင်းများကို အီလက်ထရွန်နစ်သဲလွန်စအဖြစ် ချန်ရစ်မိနိုင်ပါသည်။ ရိုးမဘဏ်အနေဖြင့် ယင်းကဲ့သို့သော သတင်းအချက်အလက်မျိုးကို www.yomabank.com ရှိ ဝင်ရောက်အသုံးပြုမှုအခြေအနေကို ပုံဖော်ခြင်းကို ပြုလုပ်နိုင်ရန်နှင့် ကောင်းစွာ နားလည်ရန် အသုံးပြုခြင်းဖြစ်သည်။ မိမိတို့ ဝက်ဘ်ဆိုက်ကို လာရောက်ကြည့်ရှုသူများ၏ အကျိုးကျေးဇူးအတွက် ရိုးမဘဏ် ဝက်ဘ်ဆိုက်၏ စံချိန်စံညွှန်းကို ပိုမိုတိုးတက်လာစေရန် အသုံးပြုခြင်းဖြစ်သည်။
For more information, please click here to download PDF file.



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal