11.11 Sales မှာ ဈေးဝယ်တော့မှာလား

11 November 2025

နည်းပညာများ တိုးတက်ပြောင်းလဲလာသလို အွန်လိုင်းဈေးရောင်းပွဲတော်များလည်း ပိုမိုများပြားလာပါတယ်။ 11.11 Sales ကဲ့သို့သော အွန်လိုင်းဈေးရောင်းပွဲတော်များတွင် ဝယ်ချင်စရာပစ္စည်းများကို ဆွဲဆောင်မှုရှိသော ပရိုမိုးရှင်းချပေးခြင်း၊ ကံစမ်းမဲဖောက်ပေးခြင်းတို့ဖြင့် ရောင်းချဖို့ ကြိုးစားကြပါတယ်။ အခုလို လျှော့ဈေးများနှင့် မက်လုံးပေးခြင်းများ များပြားလာသည်နှင့်အမျှ မသမာသူများအတွက်လည်း အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

လုံခြုံစွာ ဈေးဝယ်ထွက်နိုင်ဖို့ သိထားသင့်တဲ့ အချက်များကတော့

✅ အလွန်အကျွံ စျေးသက်သာလွန်းတဲ့ ပရိုမိုးရှင်းများဆိုရင် (ဥပမာ – ဖုန်းတလုံးကို ထက်ဝက်ဈေးနဲ့ရမယ်ဆိုရင်) သတိထားပါ။

✅ ဈေးရောင်းသူက သင့်ရဲ့ OTP (One-Time Password)၊ ATM Card နံပါတ်နှင့် အကောင့် Password တို့ကို လာရောက်တောင်းခံလာပါက မပေးပါနှင့်။

✅ ကံစမ်းမဲပေါက်သည် သို့မဟုတ် စျေးလျှော့ပေးမည်ဟု ပို့လာသည့် Link များကို မလိုအပ်ဘဲ မနှိပ်မိပါစေနှင့်။

ထို့သို့ မိမိကိုယ်တိုင် အမြဲသတိရှိနေမှသာလျှင် မသမာသူများ၏ လှည့်ကွက်များအောက် မကျဆုံးဘဲ စိတ်အေးချမ်းစွာ ဈေးဝယ်ထွက်နိုင်မှာဖြစ်ပါတယ်။

မိမိငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်များ ဆုံးရှုံးမှုမဖြစ်စေရန် Scam Awareness ဆိုင်ရာ အသိပညာဗဟုသုတများကို Yoma Bank Facebook Page တွင် မျှဝေပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ရပါက ရိုးမဘဏ်၏ Customer Care Center ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်ပါ။

Scam Awareness အကြောင်း အသေးစိတ်ကြည့်ရှုရန် – https://ymbank.co/scam-awareness