Growth Mindset ဆိုတာက မွေးရာပါ အရည်အချင်းတစ်ခုမဟုတ်ဘဲ ကြိုးစားအားထုတ်မှု၊ စဉ်ဆက်မပြတ်သင်ယူမှုနဲ့ လေ့ကျင့်မှုတို့ကနေတစ်ဆင့် တည်ဆောက်ယူရတဲ့ အရာတစ်ခုပါ။ ဒီစိတ်ဟာ လုပ်ငန်းခွင်အတွင်းမှာ တိုးတက်အောင်မြင်ဖို့ အရေးပါတာကြောင့် Growth Mindset ကို ကိုယ်တိုင်ပြုစုပျိုးထောင်နိုင်မဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးပါရစေ။
၁) “မဖြစ်နိုင်ဘူး” ဆိုတဲ့ အတွေးကို ပြောင်းလဲပစ်ပါ။
တစ်ခါမှ မကြိုးစားဖူးသေးဘဲနဲ့ “မဖြစ်နိုင်ဘူး” လို့ ကြိုတင်တွေးပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်မထားပါနဲ့။ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရှောင်ပြေးမဲ့အစား “ဖြစ်နိုင်တယ်” ဆိုတဲ့ အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်လိုက်တာက လုပ်ငန်းခွင်မှာ ယုံကြည်မှုအပြည့်ရှိစေမှာပဲဖြစ်ပါတယ်။
၂) ဝေဖန်မှုတွေကနေ သင်ခန်းစာယူပါ။
မိမိရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်ပြောဆိုချက်တွေကို စိတ်ရှည်ရှည်နဲ့ နားထောင်ပြီး အကျိုးရှိတဲ့အချက်တွေကို ထုတ်ယူဖို့ ကြိုးစားပါ။ တခြားသူတွေရဲ့ အမြင်က ကိုယ်တိုင် သတိမထားမိတဲ့ အားနည်းချက်တွေနဲ့ အမှားတွေကို ထောက်ပြပေးနိုင်ပြီး ပြုပြင်တိုးတက်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်လာစေပါတယ်။
၃) အောင်မြင်မှုကနေ အင်အားယူပါ။
မိမိအောင်မြင်ခဲ့တဲ့အခါမှာ ရလဒ်တစ်ခုကိုပဲ အာရုံစိုက်မနေဘဲ အဲဒီအောင်မြင်မှုအတွက် လုပ်ဆောင်ခဲ့တဲ့ ကြိုးစားအားထုတ်မှုတွေကို ပြန်လည်သုံးသပ်ပြီး ချီးကျူးတတ်ဖို့ လိုပါတယ်။ ဒီလိုတန်ဖိုးထားတတ်တဲ့ အလေ့အကျင့်က နောက်ထပ်စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။
မိမိရဲ့ အတွေးအမြင်ကို ပြောင်းလဲလိုက်တာနဲ့ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက အတားအဆီးတွေ မဟုတ်တော့ဘဲ တိုးတက်ဖို့အတွက် လှေကားထစ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အခုက စတင်ပြီး Growth Mindset ကို သေချာကျင့်သုံးကာ အောင်မြင်မှုပန်းတိုင်တွေဆီကို လျှောက်လှမ်းလိုက်ကြရအောင်။



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





