လိုအပ်ချက်တိုင်းအတွက် ရိုးမဘဏ် Hire Purchase

17 March 2026

လုပ်ငန်းအတွက် လိုအပ်တာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လိုအပ်ချက်အတွက်ပဲဖြစ်ဖြစ် စက်ပစ္စည်းတွေ ပိုင်ဆိုင်ဖို့ ငွေအပြည့်အဝ စုမိတဲ့အထိ စောင့်စရာမလိုတော့ပါဘူး။

ငွေကြေးလည်ပတ်မှု မပြတ်တောက်စေဘဲ လိုချင်တဲ့ စက်ပစ္စည်းတွေကို ချက်ချင်း ပိုင်ဆိုင်နိုင်ဖို့ ရိုးမဘဏ်ရဲ့ Hire Purchase က အကောင်းဆုံး အထောက်အပံ့အဖြစ် ရှိနေပါပြီ။ ဝယ်ယူမဲ့ ပစ္စည်းတန်ဖိုးကို အပြည့်အဝ တစ်ခါတည်း ပေးချေစရာမလိုဘဲ 30% Down Payment မှ စပေးသွင်းပြီး ကျန်ငွေပမာဏကို လစဥ်အရစ်ကျ ပြန်ပေးသွင်းနိုင်မှာဖြစ်ပါတယ်။

ရိုးမဘဏ် Hire Purchase ဖြင့် ဝယ်ယူနိုင်တဲ့ ပစ္စည်းတွေကတော့ –
✅ စိုက်ပျိုးရေးနှင့် လယ်ယာသုံး စက်ကိရိယာများ 
✅ လုပ်ငန်းသုံး (သို့) အကြီးစား စက်ယန္တရားကြီးများ
✅ မီးစက်နှင့် အင်ဂျင်အမျိုးမျိုး
✅ ဆေးရုံ၊ ဆေးခန်းသုံး ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ
✅ ပုံနှိပ်စက်နှင့် ပုံနှိပ်လုပ်ငန်းသုံး စက်ပစ္စည်းများ ဖြစ်ပါတယ်။

တရားဝင်ချိတ်ဆက်ထားတဲ့ Authorized Dealer Showroom များမှာပဲ ဝယ်ယူနိုင်တာမို့ Dealer List ကို ယခုလင့်ခ် https://ymbank.co/hire-purchase တွင် လေ့လာကြည့်ရှုကာ နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲများမှာ လျှောက်ထားလိုက်ပါ။

Yoma Bank 24/7 Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂