𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကနေ ငွေလွှဲတိုင်း ဒါတွေ လုပ်လေ့ရှိလား။

18 March 2026

အခုလို ဒီဂျစ်တယ်ခေတ်မှာ ငွေလွှဲဝန်ဆောင်မှုတွေကို ဖုန်းလေးတစ်လုံးရှိရုံနဲ့ အချိန်နေရာမရွေး အဆင်ပြေလွယ်ကူစွာ လုပ်ဆောင်လာနိုင်တာနဲ့အမျှ မှားယွင်းငွေလွှဲမှုတွေ မဖြစ်စေဖို့  ပြုလုပ်သင့်တဲ့ အလေ့အထကောင်းတွေကို မျှဝေလိုက်ပါတယ်။

၁။ ငွေလွှဲလက်ခံမဲ့သူရဲ့ အချက်အလက်နဲ့ ငွေပမာဏကို သေချာစစ်ဆေးပါ။
ငွေလွှဲလုပ်ငန်းစဉ်မှာ ငွေလွှဲလက်ခံမဲ့သူရဲ့ အကောင့်နံပါတ်၊ နာမည်နဲ့ လွှဲမဲ့ငွေပမာဏ မှန်၊ မမှန် အမြဲစစ်ဆေးပါ။

၂။ Remark ရေးဖို့ မမေ့ပါနဲ့။
ငွေပေးချေတဲ့အကြောင်းအရာကို Remark မှာ အမြဲရေးမှတ်ပေးခြင်းက ကိုယ့်ရဲ့ ဝင်ငွေ၊ ထွက်ငွေစာရင်းကို ပြန်စစ်ကြည့်တဲ့အခါ မှတ်တမ်းကောင်းတစ်ခု ဖြစ်စေပါတယ်။

၃။ Receivers မှာ မှတ်သားထားပါ။
မကြာမခဏ ငွေလွှဲနေရတဲ့ အကောင့်တွေကို Receiver List ထဲမှာ မှတ်ထားလိုက်ပါ။ ဒါဆို နောက်တစ်ခါငွေလွှဲရင် အကောင့်နံပါတ်တွေ ပြန်ရိုက်စရာမလိုတော့ဘဲ တန်းလွှဲနိုင်လို့ အချိန်ကုန်လည်း သက်သာစေပါတယ်။

ရိုးမဘဏ် Customer တွေရဲ့ ငွေကြေးလုံခြုံမှုက အဓိကဖြစ်လို့ ဒီအချက် (၃)ချက်ကို အလေ့အကျင့်လုပ်ထားရင်း ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အပြည့်အဝ ခံစားလိုက်ပါ။

Yoma Bank 24/7 Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂