Credit Card ကိုချင့်ချိန်သုံးနိုင်ခြင်းဖြင့် ဘာတွေအကျိုးကျေးဇူး ရနိုင်မလဲ

5 January 2026

Credit Card ကိုချင့်ချိန်သုံးခြင်းဖြင့် Credit Score ကောင်းများရရှိနိုင်ပြီး မိမိရဲ့ ငွေကြေးစီမံခန့်ခွဲမှု အလေ့အထကောင်းများကို ပြသနိုင်မှာဖြစ်ပါတယ်။ ဒီ့အပြင် ..

✅ ချေးငွေလျှောက်ထားမှုအတွက် ကောင်းမွန်တဲ့အထောက်အပံ့ရရှိခြင်း

✅ ဘဏ်လုပ်ငန်းစဥ်များ လုပ်ဆောင်ရာတွင် အဆင်ပြေ၊ ချောမွေ့မှုရှိခြင်းများ ရရှိနိုင်မှာဖြစ်ပါတယ်။

Credit Score ကောင်းမွန်အောင် လုပ်နိုင်မဲ့ အဓိကနည်းလမ်း ၂ ခုမှာ 

⏰ အချိန်မီ ပေးချေပါ။

Credit Card Statement ရဲ့ သတ်မှတ်ရက်ကျော်လွန်သွားရင် နောက်ကျကြေးပေးရသလို Credit Score ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အတိုးနှုန်းမြင့်တက်ခြင်း၊ ချေးငွေကန့်သတ်ခံရခြင်းတို့ မဖြစ်ရအောင် လစဉ်သတ်မှတ်ရက်ကို စောင့်ကြည့်ပြီး အချိန်မီ ပေးချေပါ။

💳 အပြည့်အဝ ပေးချေပါ။

Minimum Payment ကိုပဲ ပေးချေနေမယ်ဆိုရင် အတိုးများတက်နိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အပြည့်အဝပေးချေခြင်းဖြင့် အတိုးမရှိဘဲ ငွေကြေးကို စနစ်တကျ ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် Credit Utilization Ratio ကို ထိန်းသိမ်းနိုင်တာကြောင့် Credit Score ကို မြှင့်တင်နိုင်ပါတယ်။

ဒီအချက်များကို အသုံးပြုပြီး Credit Score ကောင်းမွန်ဖို့ စနစ်တကျ စီမံကြပါစို့။