နေ့စဉ်ဖြတ်သန်းနေရတဲ့ လူမှုပတ်ဝန်းကျင်နဲ့ အလုပ်ကိစ္စတွေကြားမှာ မိမိရဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မိသားစုကို အချိန်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ မိသားစုဝင်တွေကြား သံယောဇဉ် ပိုမိုခိုင်မြဲစေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပါရစေ။
၁) မိသားစုကို နေ့စဉ်အချိန်ပေးပါ။
တစ်နေ့တာရဲ့ အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ၊ မိသားစုနဲ့အတူ စကားပြောဆိုဖို့ ဒါမှမဟုတ် ထမင်းလက်ဆုံစားဖို့ အချိန်သီးသန့် ဖယ်ထားပါ။ ဒီလို အချိန်တိုလေးတွေက မိသားစုဝင်အချင်းချင်း နားလည်မှု ပိုမိုရရှိစေပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနွေးထွေးမှုကို ဖြစ်ပေါ်စေပါတယ်။
၂) Digital Detox လုပ်ပါ။
မိသားစုနဲ့ အတူရှိနေချိန်မှာ ဖုန်း၊ ကွန်ပျူတာနဲ့ Soical Media အသုံးပြုမှုတွေကို ခေတ္တရပ်နားထားပါ။ မိသားစုဝင်တွေရဲ့ စကားသံကို အာရုံစိုက်နားထောင်ပေးခြင်းက တစ်ဦးကိုတစ်ဦး တန်ဖိုးထားရာရောက်သလို စိတ်ပိုင်းဆိုင်ရာ နီးစပ်မှုကိုလည်း တိုးတက်စေပါတယ်။
၃) အမှတ်တရလေးတွေ အတူတူပြုလုပ်ပါ။
အားလပ်ရက်တွေမှာ မိသားစုလိုက် အပြင်ထွက်တာ၊ အိမ်မှာပဲ ဟင်းအတူတူချက်စားတာ ဒါမှမဟုတ် ရုပ်ရှင်အတူတူကြည့်တာမျိုး စတဲ့ အစီအစဉ်လေးတွေ ပြုလုပ်ပါ။ ဒီလိုအမှတ်တရလေးတွေ မိသားစုရဲ့ ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်သလို အဖိုးတန်တဲ့ အချိန်ကောင်းတွေကိုလည်း ဖန်တီးပေးနိုင်မှာပါ။
မိသားစုအတွက် ပေးလိုက်တဲ့အချိန်ဟာ ဘယ်တော့မှ အလဟဿမဖြစ်တဲ့ တန်ဖိုးအရှိဆုံးအရာပါ။ ချစ်ခြင်းမေတ္တာတွေ အပြည့်နဲ့ မိသားစုအချိန်လေးတွေကို ဒီနေ့ကစပြီး အတူတူ အကောင်အထည် ဖော်လိုက်ကြတော့နော်။



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





