ရိုးမဘဏ်မှာ ချေးငွေလျှောက်ထားရင် မည်သည့်နည်းလမ်းက စိတ်အချရဆုံးဖြစ်သလဲ?
အဖြေမှန်ကတော့ [B. ရိုးမဘဏ် ဘဏ်ခွဲများ] ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ချေးငွေနဲ့ ပတ်သက်တဲ့ မက်လုံးပေး လိမ်လည်မှုတွေ များပြားနေတဲ့အတွက် မိမိတို့ရဲ့ ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံဖို့က အရေးကြီးဆုံးပါပဲ။
ရိုးမဘဏ် Customer များအတွက် ချေးငွေလိမ်လည်မှုများ ကာကွယ်တားဆီးရန် အသိပညာတိုးတက်စေမည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
✅ ချေးငွေဆိုင်ရာအကြောင်းအရာများကို နားလည်ပြီး တရားဝင်လျှောက်ထားရမည့် လုပ်ငန်းစဉ်ကို သိထားပါ။
✅ တရားဝင်ဘဏ်လမ်းကြောင်းများမှတစ်ဆင့် တိုက်ရိုက်လျှောက်ထားပါ။
✅ ချေးငွေဆိုင်ရာလုပ်ငန်းစဉ်တိုင်းသည် သတ်မှတ်ထားသော ဝန်ဆောင်ခများမှအပ အပိုကုန်ကျစရိတ် လုံးဝမရှိကြောင်း သိရှိထားပါ။
✅ အချက်အလက်အားလုံးကို သေချာစွာစစ်ဆေးပြီး မမှန်ကန်သော အပြုအမူများတွေ့ရှိပါက သတင်းပေးပို့ပါ။
ချေးငွေယူခြင်းသည် မိမိတို့လုပ်ငန်း၏ တိုးတက်မှုအတွက် အရေးပါသော အထောက်အကူတစ်ရပ်ဖြစ်သဖြင့် ရိုးမဘဏ်မှ ချေးငွေဆိုင်ရာ အသိပညာများကို မျှဝေပေးလျက်ရှိပါတယ်။ ဒါကြောင့် ယုံကြည်စိတ်ချရသော ရိုးမဘဏ်နှင့်အတူ ငွေကြေးလုံခြုံရေးနှင့် ပတ်သက်သော အသိပညာများကို ရယူလိုက်ပါ။



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





