အလုပ်အကိုင်အခွင့်အလမ်းများကို ရွေးချယ်ရာမှာ သတိထားပါ။

15 February 2026

အတွေ့အကြုံမလို၊ အိမ်မှာနေရင်း လစာကောင်းရမယ် ဆိုတဲ့ အလုပ်ကမ်းလှမ်းမှုတွေ တွေ့တဲ့အခါ စိတ်လှုပ်ရှားပြီး ချက်ချင်းမဆုံးဖြတ်မိပါစေနဲ့။ ဒါဟာ မသမာသူတွေက သင့်ကိုယ်ရေးအချက်အလက်နဲ့ ငွေကြေးများကို လိမ်လည်ရယူဖို့ ခင်းထားတဲ့ အကွက်တစ်ခုသာ ဖြစ်ပါတယ်။

အလုပ်ရမယ်ဆိုတဲ့ မက်လုံးတွေပေးပြီး လိမ်လည်မှုများနောက် မပါသွားမိစေဖို့ လုပ်ဆောင်ရမဲ့အချက်တွေကတော့

၁။ လုပ်အားထက် သာလွန်သော လစာပေးပါက သတိထားပါ။
ကျွမ်းကျင်မှုမလိုဘဲ မက်လောက်စရာ လစာများဖြင့် အလုပ်ကမ်းလှမ်းခြင်းဟာ သင့်ကို ငါးစာချနေတာ ဖြစ်ပါတယ်။


၂။ ကိုယ်ရေးအချက်အလက်များကို မလိုအပ်ဘဲ မပေးပါနဲ့။
အလုပ်မခန့်ရသေးခင်မှာ မှတ်ပုံတင်နံပါတ်၊ ဘဏ်အကောင့်နှင့် အခြားသောကိုယ်ရေးအချက်အလက်များ တောင်းခံလာပါက လုံးဝမပေးပါနဲ့။


၃။ ကုမ္ပဏီအကြောင်း အသေးစိတ်စစ်ဆေးပါ။
ကုမ္ပဏီနာမည်ကို အွန်လိုင်းပေါ်တွင်ရှာဖွေတဲ့အခါ Website မရှိခြင်း၊ တရားဝင် Facebook Page တစ်ခုမျှ ရှာမတွေ့ခြင်းက အထူးသတိပြုရမဲ့ အချက်ဖြစ်ပါတယ်။

ဒီအချက်တွေကို သေချာမှတ်သားပြီး ငွေကြေးနဲ့ကိုယ်ရေးအချက်အလက် ဆုံးရှုံးနစ်နာမှုများမဖြစ်အောင် သတိပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Scam Awareness အကြောင်း အသိပညာများကို Yoma Bank Facebook Page တွင် မျှဝေသွားမည်ဖြစ်သဖြင့် စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ပါက Customer Care Center 24/7 ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်ပါ။