ရိုးမဘဏ်ရဲ့ သီတင်းကျွတ်ကာလ ပြည်ပငွေလွှဲ အထူးအစီအစဉ် ရောက်ရှိလို့လာပါပြီ။
ဒီနှစ်သီတင်းကျွတ်မှာ ပြည်ပကနေ မြန်မာနိုင်ငံကို ငွေလွှဲပို့မယ်ဆိုရင် ရိုးမဘဏ်ရဲ့ အထူးအစီအစဉ် ရှိနေပါတယ်။ Western Union, RIA, MoneyGram, နဲ့ DEEMONEY တို့ကနေတစ်ဆင့် ရိုးမဘဏ်ကို ငွေလွှဲလိုက်ရုံနဲ့ ထပ်ဆောင်းအပိုငွေတွေ ရရှိနိုင်မှာပါ။
ရိုးမဘဏ်အကောင့်သို့ တိုက်ရိုက်ငွေလွှဲပြီး ရရှိနိုင်မဲ့ ထပ်ဆောင်းအပိုငွေပမာဏကတော့…
💰 ၁၀ သိန်းကျပ်အောက်: ထပ်ဆောင်းအပိုငွေ ၅,၀၀၀ ကျပ်
💰 ၁၀ သိန်းကျပ်မှ ၅၀ သိန်းကျပ်အထိ: ထပ်ဆောင်းအပိုငွေ ၁၅,၀၀၀ ကျပ်
💰 ကျပ် ၅၀ သိန်းအထက်: ထပ်ဆောင်းအပိုငွေ ၃၅,၀၀၀ ကျပ်
ရိုးမဘဏ်ခွဲတွင် သွားရောက်၍ ငွေလွှဲထုတ်ယူပါက ရရှိနိုင်မဲ့ ထပ်ဆောင်းအပိုငွေပမာဏကတော့…
💰 ၁၀ သိန်းကျပ်အောက်: ထပ်ဆောင်းအပိုငွေ ၃,၀၀၀ ကျပ်
💰 ၁၀ သိန်းကျပ်မှ ၅၀ သိန်းကျပ်အထိ: ထပ်ဆောင်းအပိုငွေ ၈,၀၀၀ ကျပ်
💰 ကျပ် ၅၀ သိန်းအထက်: ထပ်ဆောင်းအပိုငွေ ၁၅,၀၀၀ ကျပ် ဖြစ်ပါတယ်။
ဒီအစီအစဥ်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့ အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါဆို မကြာခင်ရောက်ရှိလာတော့မဲ့ မွန်မြတ်တဲ့ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ချစ်ရတဲ့သူတွေဆီ ငွေလွှဲပြီး ရိုးမဘဏ်မှာထုတ်ယူကာ ထပ်ဆောင်းအပိုငွေတွေရယူလိုက်ပါ။
Yoma Bank 24/7 Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂