အမျိုးသမီးတွေဟာ နေ့စဉ်ဘဝမှာရော လုပ်ငန်းခွင်မှာပါ ကြိုးစားမှု၊ စိန်ခေါ်မှုတွေနဲ့ ရှေ့ဆက်နေကြရင်း လူမှုအသိုင်းအဝိုင်းအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖန်တီးပေးနေကြပါတယ်။ ဒါကြောင့် မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ပုံဖော်နိုင်မဲ့ အလေ့အထကောင်းတွေကို မျှဝေပေးပါရစေ။
၁) စံတန်ဖိုးများ သတ်မှတ်ပါ။
ကိုယ်ပိုင်စံတန်ဖိုး သတ်မှတ်ခြင်းက လုပ်ငန်းခွင်မှာ လုပ်ဆောင်ရမဲ့ တာဝန်တွေ၊ ရေတို၊ ရေရှည်ပန်းတိုင်တွေကို ရှင်းလင်းစေပြီး ပိုမိုပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ လမ်းညွှန်ပေးပါတယ်။
၂) ယုံကြည်မှုရှိရှိ ပြောဆိုဆက်ဆံပါ။
စကားပြောဆိုရာမှာ ယုံကြည်မှုရှိရှိ ပြောဆိုခြင်းက မိမိရဲ့အတွေးအမြင်တွေကို ပိုမိုထိရောက်စွာ မျှဝေနိုင်စေမှာပါ။ လုပ်ငန်းခွင်ဝတ်စားဆင်ယင်မှုကလည်း ကိုယ်ရည်ကိုယ်သွေးနဲ့ ယုံကြည်မှုကို ဖော်ပြရာမှာ အရေးပါတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုပါ တိုးတက်စေပါတယ်။
၃) မိမိကိုယ်ကိုယ် သိရှိနားလည်ပါ။
မိမိရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို အကဲဖြတ်သုံးသပ်ကြည့်ပါ။ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှုစတဲ့ခံစားချက်တွေ ပေါ်ပေါက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သတိပြုမိပြီး ခံစားချက်တွေကို အရှိအတိုင်း လက်ခံတတ်ဖို့ သင်ယူသင့်ပါတယ်။
အမျိုးသမီးတစ်ဦးအနေနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုဆိုတာ အခြေခံအုတ်မြစ်ဖြစ်သလို အချင်းချင်းအပြန်အလှန်ကူညီပြီး အတူတကွတိုးတက်အောင် လုပ်ဆောင်တာတွေဟာလည်း အရေးပါတဲ့အချက်တွေပါပဲ။ အမျိုးသမီးများရဲ့ ကြိုးစားမှုနဲ့ အောင်မြင်မှုတွေကို ဆက်လက်မြှင့်တင်ရင်း နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေကြတဲ့ အမျိုးသမီးတိုင်းကို ဂုဏ်ပြုလိုက်ကြရအောင်နော်။



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





