၁၉၉၃ ခုနှစ်၊ မေလ (၁၉) ရက်နေ့မှစတင်၍ မြန်မာပြည်သူပြည်သားများ၏ ယုံကြည်အားထားရသော ထိပ်တန်းဘဏ်တစ်ခုအဖြစ် ရပ်တည်လာခဲ့သော ရိုးမဘဏ်သည် ယခုအခါ နှစ်ပေါင်း (၃၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
Customer များ၏ ရည်မှန်းချက်အိပ်မက်များကို အမှန်တကယ်အကောင်အထည်ဖော်နိုင်ရန်အတွက် အကောင်းမွန်ဆုံးသော ဘဏ်ဝန်ဆောင်မှုများကို အပြည့်အဝ ပေးအပ်နိုင်ခြင်းအပေါ် တွင်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။
ဤ (၃၂) နှစ်တာ ကာလတစ်လျှောက်လုံး ရိုးမဘဏ်နှင့်အတူ ယုံကြည်စွာလက်တွဲခဲ့ကြသော Customer များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် ယခုလိုထိပ်တန်းဘဏ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ရိုးမဘဏ်မိသားစုဝင် ဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။
ယနေ့ မေလ (၁၉) ရက်နေ့တွင် ကျရောက်သည့် ရိုးမဘဏ်၏ (၃၂) နှစ်ပြည့် အထိမ်းအမှတ်ကို အတူတကွ ဂုဏ်ပြုလျက် နောင်နှစ်ပေါင်းများစွာတွင်လည်း Customer များနှင့် အေးအတူပူအမျှ အတူတကွလက်တွဲကာ အကောင်းမွန်ဆုံးသော ဘဏ်ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုပါသည်။



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





