ရိုးမဘဏ်အိမ်ရာချေးငွေ
Personal Banking > ချေးငွေများ
ရိုးမဘဏ်အိမ်ရာချေးငွေ
Personal Banking > ချေးငွေများ
ရိုးမဘဏ်အိမ်ရာချေးငွေ အကြောင်း
ရိုးမဘဏ် အိမ်ရာချေးငွေဖြင့်ဆိုလျှင် လူကြီးမင်းစိတ်ကြိုက်အိမ်ဝယ်ယူရန်မှာ သော့တစ်ချောင်းလှည့်ရုံလောက်အထိပင် လွယ်ကူပါသည်။ အနီးစပ်ဆုံး ရိုးမဘဏ်ခွဲသို့ သွားရောက်ပြီး ရိုးမဘဏ် ငွေရေးကြေးရေး ကျွမ်းကျင်သူများ၏ အကူအညီဖြင့် အိမ်ရာချေးငွေလျှောက်ထားမှုကို စတင်လိုက်ပါ။
ရိုးမဘဏ်အိမ်ရာချေးငွေကို ဘာလို့ရွေးချယ်သင့်လဲ?
အားသာချက်များ


လွယ်ကူစွာလျှောက်ထားနိုင်ခြင်း

အနည်းဆုံး ကနဦးပေးချေငွေ

အဆင်ပြေသောချေးငွေကာလများ
အများဆုံးချေးငွေသက်တမ်းများမှာ အိမ်ရာအမျိုးအစားအပေါ်တွင် မူတည်ပြီးကွဲပြားပါမည်။ *
အိမ်ရာချေးငွေလျှောက်ထားရန်
လိုအပ်ချက်များ
- မှတ်ပုံတင် (မူရင်း) နှင့် အိမ်ထောင်စုစာရင်း (မူရင်း)
- နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ
- အလုပ်အကိုင် (သို့) လုပ်ငန်း နှင့်ပတ်သက်သည့်အထောက်အထား
- ဝင်ငွေရရှိသည့်အထောက်အထား
- မှတ်ပုံတင် (မူရင်း) နှင့် အိမ်ထောင်စုစာရင်း (မူရင်း)
- မြေကွက်မြေပုံ (ဖောင်အမှတ်- ၁၀၅) နှင့် မြေပိုင်ဆိုင်မှုသမိုင်းကြောင်း (ဖောင်အမှတ်-၁၀၆)
- မြေဂရန်ပိုင်ဆိုင်မှု၊ မြေပိုင်ဆိုင်မှု သို့မဟုတ် သက်ဆိုင်ရာ အရောင်းအဝယ်စာချုပ်မိတ္တူ
- ကန်ထရိုက်တာနှင့် မြေပိုင်ရှင်ကြားရှိ စာချုပ် (လိုအပ်ပါက)
- တခြား အိမ်ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် အထောက်အထားများ

လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံအတွက် နီးစပ်ရာ ရိုးမဘဏ်ခွဲရှိ အိမ်ရာချေးငွေကျွမ်းကျင်သူဝန်ထမ်းများဖြင့် ဆွေးနွေးတိုင်ပင်ပါ။
ရိုးမဘဏ် အိမ်ရာချေးငွေအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

| ချေးငွေဆိုင်ရာ သတ်မှတ်ချက်များ | |
| မြေနှင့် အဆောက်အဦ၊ ကွန်ဒိုနှင့် မီနီကွန်ဒိုများအတွက် ချေးငွေသက်တမ်း ၂၅ နှစ်အထိ | ကနဦးပေးသွင်းငွေ ၃၀% |
| တိုက်ခန်းများအတွက် ချေးငွေသက်တမ်း ၁၅ နှစ်အထိ | ကနဦးပေးသွင်းငွေ ၃၀% |
| အတိုးနှုန်း (ကနဦးပေးသွင်းငွေ ၅၀% အောက်) | တစ်နှစ်လျှင် ၁၃ %* |
| အတိုးနှုန်း (ကနဦးပေးသွင်းငွေ ၅၀% နှင့်အထက်) | တစ်နှစ်လျှင် ၁၁ %* |
| ကနဦး ဝန်ဆောင်ခ | ၂၅၀,၀၀၀/- ကျပ် (သို့) ခွင့်ပြု ချေးငွေပမာဏ ၏ ၁.၅% |
*နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။
အိမ်ရာချေးငွေလျှောက်ထားသည့် Customers များသတိပြုရန် – ရိုးမဘဏ်မှ အိမ်ရာချေးငွေလျှောက်ထားမှုများအတွက် ဖော်ပြထားသည့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ၀န်ဆောင်ခ မှလွဲ၍ အခြားသော ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အပိုငွေကြေးများကောက်ခံနေခြင်းမရှိပါ။ အိမ်ရာချေးငွေအတည်ပြုမှု မြန်ဆန်နိုင်ရန် ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အခကြေးငွေပေးသွင်းပြီးလုပ်ဆောင်ပါက ဘဏ်နှင့် သက်ဆိုင်မှု မရှိပါကြောင်းနှင့် ချေးငွေလျှောက်ထားမှုများအတွက် စုံစမ်းမှုများကို ဘဏ်နှင့်သာ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါရန် အသိပေးအပ်ပါသည်။
Customer သိမှတ်ဖွယ်ရာများ ဖတ်ရှုရန်
Terms & Conditions Apply.
ရိုးမဘဏ်၏ အိမ်ရာချေးငွေ ကျွမ်းကျင်သူများက လွယ်ကူသော အိမ်ရာချေးငွေလျှောက်ထားမှုနှင့် လူကြီးမင်း၏ အိမ်ရာချေးငွေအသစ်အတွက် အကောင်းဆုံးချေးငွေကာလကို ရရှိစေရန် ကူညီဆောင်ရွက်ပေးပါမည်။
၁။ ကနဦးထောက်ခံချက်ရယူခြင်း – အနီးဆုံးရိုးမဘဏ်ခွဲကို ဆက်သွယ်ပြီး ရိုးမဘဏ်အိမ်ရာချေးငွေကျွမ်းကျင်သူများနှင့် ချေးငွေလိုအပ်ချက်အကြောင်းကို ဆွေးနွေးတိုင်ပင်လိုက်ပါ။ ထိုဆွေးနွေးမှုမှတစ်ဆင့် လူကြီးမင်းလိုအပ်မည့် ချေးငွေအမျိုးအစားနှင့် အတိုးနှုန်း၊ ကနဦးပေးသွင်းငွေနှင့် လစဉ်ပေးသွင်းရမည့် ငွေပမာဏတို့ကို သတ်မှတ်နိုင်မည်ဖြစ်ပါသည်။
၂။ အိမ်ရှာဖွေခြင်း – အိမ်ရာချေးငွေ ကနဦးခွင့်ပြုပမာဏရရှိပါက တတ်နိုင်သောငွေကြေး ပမာဏနှင့်ကိုက်ညီသော အိမ်ရာကို ရှာဖွေပါ။
၃။ အိမ်ရောင်းသူနှင့် ဆက်သွယ်ပြီး လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ခြင်း – မိမိဝယ်ယူလိုသည့် နေအိမ်ကို တွေ့ရှိပါက အိမ်ရှင်ကို ဆက်သွယ်ပြီး လိုအပ်သော စာရွက်စာတမ်း အထောက်အထားများနှင့် ဖောင်များဖြည့်စွက်ပါ။
၄။ အိမ်ရာချေးငွေ လျှောက်ထားခြင်း – ရိုးမဘဏ်ခွဲတိုင်းတွင် လိုအပ်သော စာရွက်စာတမ်းများကိုတင်သွင်းပြီး အိမ်ရာချေးငွေလျှောက်ထားနိုင်ပါပြီ။ ရိုးမဘဏ်၏ အိမ်ရာချေးငွေကျွမ်းကျင်သူများက ရာဖြတ်ခြင်း၊ ပိုင်ဆိုင်မှု စစ်ဆေးခြင်းနှင့် ဝင်ငွေအထောက်အထားများကို စစ်ဆေးပြီး သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း အိမ်ရာချေးငွေ ခွင့်ပြု၊မပြု ဆုံးဖြတ်ချက်ကို အကြောင်းပြန်ပေးပါမည်။
ရိုးမဘဏ်အိမ်ရာချေးငွေ ကို ဘာလို့ရွေးချယ်သင့်လဲ?
မေးလေ့မေးထရှိသော မေးခွန်းများ

တစ်ဦးချင်းသုံး ချေးငွေအမျိုးအစားများကတော့ အောက်ပါအတိုင်း ဖြစ်ပါသည်။
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်းသွားရောက်အကူအညီရယူနိုင်ပါသည်။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Hire Purchase




BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal