News & Activities > Events & Activities

News & Activities > Events & Activities

‘Transformation of Digital Payments and Business AI’ Event

12 September 2025လှုပ်ရှားမှုများ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင် ရိုးမဘဏ်မှ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)၊ City Trust Holdings၊ Wave၊ CMHL တို့နှင့် ပူးပေါင်းကာ “Transformation of Digital Payments and Business AI” ပွဲကို Chatrium Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစတွင် MYANWEN ၏ Vice President 3 ဒေါ်သူဇာဝင်းမှ ကြိုဆိုမိန့်ခွန်း ပြောကြားပေးခဲ့ပြီး City Trust Holdings ၏ CEO ဖြစ်သူ ဦးငြိမ်းချမ်းစိုးဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဒေါက်တာ ထွန်းသူရသက်မှ ယနေ့စီးပွားရေးလုပ်ငန်းများအတွက် Business AI ၏ အခန်းကဏ္ဍနှင့် လေ့လာမှတ်သားသင့် သည်များကို ဆွေးနွေးဟောပြောပေးခဲ့ပါသည်။

ထို့အပြင် ဒေါ်သီတာဝင်း (Plan Bee)၊ ဒေါ်မေနှင်းဝေ (Healthy & Happy) နှင့် ‌ဒေါ်အိအိဝင်း (နေပြည်တော်ပုံရိပ်သစ်) တို့ကလည်း Panel Discussion တွင် MSMEs လုပ်ငန်းရှင်များအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုများ၊ Business AI ၏ အရေးပါပုံနှင့် ပတ်သက်ပြီး ဝင်ရောက်ဆွေး‌နွေးပေးခဲ့ကြပါသည်။

ဆွေးနွေးဟောပြောမှုများအပြီးတွင်လည်း ပွဲသို့ တက်ရောက်သူများအတွက် အမေးအဖြေအစီအစဉ်များနှင့် Networking အစီအစဉ်များ ပြုလုပ်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ပါသည်။

ရိုးမဘဏ်အနေဖြင့် ကြွရောက်ဟောပြောပေးပါသော ဒေါက်တာ ထွန်းသူရသက်နှင့်တကွ Panelist များ၊ ပွဲသို့ တက်ရောက်ပေးပါသော တာဝန်ရှိလူကြီးမင်းများနှင့် မိတ်ဖက်အဖွဲ့အစည်းမှ လူကြီးမင်းများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာပြောကြားအပ်ပါသည်။

Share this news on