ရိုးမဘဏ်မှ တစ်နှစ်တာအောင်မြင်မှုများကို ဂုဏ်ပြုသည့် Appreciation Dinner အခမ်းအနား ကျင်းပပြုလုပ်ခဲ့
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရိုးမဘဏ်ရုံးချုပ်ဝန်းအတွင်း၌ နှစ်သစ်ကို ကြိုဆိုပြီး အောင်မြင်စွာ ဖြတ်သန်းခဲ့သော တစ်နှစ်တာကို ဂုဏ်ပြုသည့်အနေဖြင့် Appreciation Dinner အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကာ ရိုးမဘဏ်မှ စီမံခန့်ခွဲမှုအဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။
ပွဲအခမ်းအနားအတွင်း Myanmar Youth Fellowship (MYF) အဖွဲ့မှ Christmas Carol သီချင်းများ၊ Performance များ သီဆိုဖျော်ဖြေခဲ့ကြပြီး ရိုးမဘဏ် CEO မှ အဖွင့်မှာစကားပြောကြားခြင်းအစီအစဥ်၊ Secret Santa Gift လဲလှယ်သည့်အစီအစဥ်များဖြင့် ပျော်ရွှင်ဖွယ်အမှတ်တရများကို ဖန်တီးခဲ့ကြပါသည်။ တစ်နှစ်တာလုံး ရရှိခဲ့သောအတွေ့အကြုံများကို အတူတကွ ပြန်လည်သုံးသပ်ပြီး နှစ်သစ်ကို အားအင်သစ်များနှင့် ရည်မှန်းချက်ပန်းတိုင်များ ရယူနိုင်ဖို့ ရည်ရွယ်ခဲ့သော အဆိုပါပွဲသည် ရိုးမဘဏ်အတွက် အဓိပ္ပာယ်ပြည့်ဝသည့် အချိန်တစ်ခုဖြစ်ခဲ့ပါသည်။
Explore our gallery
Other Related News

BizSpace Portal
Payroll Portal
Supply Chain Financing








