မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း တွေ့ဆုံဆွေးနွေးပွဲတွင် ရိုးမဘဏ်မှ Main Sponsor အနေဖြင့် ပါဝင်ခဲ့
မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MCCPMD) မှ ကြီးမှူးကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ PARKROYAL Yangon ၌ ကျင်းပပြုလုပ်ခဲ့ပြီး MCCPMD အသင်းဝင် ဆေးနှင့် ဆေးပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များ၊ ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါပွဲတွင် ရိုးမဘဏ်အနေဖြင့် Main Sponsor အဖြစ် ပါဝင်ခဲ့ပြီး လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးနိုင်မည့် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ၊ ချေးငွေဝန်ဆောင်မှုများနှင့် နိုင်ငံတကာကုန်သွယ်မှု၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို မိတ်ဆက်မျှဝေပေးခဲ့ပါသည်။
ရိုးမဘဏ်အနေဖြင့် လုပ်ငန်းကဏ္ဍအသီးသီးရှိ လုပ်ငန်းရှင်များ၏ ငွေကြေးဆိုင်ရာလိုအပ်ချက်များအားပိုမိုနားလည်ကာလုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသည့် ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ဖြေရှင်းချက်များကို ပံ့ပိုးပေးလျက်ရှိပါသည်။ ထို့အပြင် လုပ်ငန်းရှင်များနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်ကာ ရေရှည်တည်တံ့သည့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်မည့် ယုံကြည်စိတ်ချရသော ငွေကြေးမိတ်ဖက်အဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါသည်။
Explore our gallery
Other Related News

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

MSME လုပ်ငန်းများအတွက် “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲ

BizSpace Portal
Payroll Portal
Supply Chain Financing




