News & Activities > လှုပ်ရှားမှုများ

News & Activities > လှုပ်ရှားမှုများ

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

18 September 2026လှုပ်ရှားမှုများ

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့ ပူးပေါင်း၍ “စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပွဲအခမ်းအနားအတွင်း ရိုးမဘဏ်၏ Car Loan နှင့်ပတ်သက်၍ သိရှိထားသင့်သည့် အချက်အလက်များ၊ ချေးငွေလျှောက်ထားရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အကြောင်းအရာများအပြင် ပရူဒန်ရှယ်အာမခံ၏ Car Loan အာမခံနှင့် အသက်အာမခံအစီအစဉ်များအကြောင်းကို မိတ်ဆက်မျှဝေပေးခဲ့ပါသည်။ မိမိစိတ်ကူးအိပ်မက်ထဲက ကားကို ပိုင်ဆိုင်နိုင်ရန် အထောက်အကူပြုသည့် ငွေကြေးဆိုင်ရာအချက်အလက်များအပြင် မိသားစုအနာဂတ်အတွက် ပိုမိုကောင်းမွန်စွာ ကြိုတင်ပြင်ဆင်နိုင်ရန် အသုံးဝင်သည့် အသိပညာနှင့် အတွေ့အကြုံများကိုလည်း မျှဝေပေးခဲ့ပါသည်။

အဆိုပါပွဲသို့ တက်ရောက်ပေးခဲ့ကြသည့် မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မိတ်ဖက်ပါတနာများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ရိုးမဘဏ်အနေဖြင့် Customer များအတွက် လုံခြုံစိတ်ချရသည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်လျက်ရှိသကဲ့သို့ ပရူဒန်ရှယ်အာမခံနှင့် ပူးပေါင်း၍ မိသားစုများအတွက် ပိုမိုလုံခြုံစိတ်ချရသည့် အနာဂတ်တစ်ခု တည်ဆောက်နိုင်ရန် လိုအပ်သည့် အထောက်အပံ့များကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

Share this news on