News & Activities > Events & Activities

News & Activities > Events & Activities

ရိုးမဘဏ် Branch Manager Conference ကို နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့

19 January 2026လှုပ်ရှားမှုများ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ရိုးမဘဏ် Branch Manager Conference ကို Pan Pacific Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး စီမံခန့်ခွဲမှုအဖွဲ့ခေါင်းဆောင်များ၊ ဌာနဆိုင်ရာလုပ်ဖော်ကိုင်ဖက်များနှင့် ဘဏ်ခွဲမန်နေဂျာများ တက်ရောက်ခဲ့ကြပါသည်။

ရိုးမဘဏ် Branch Manager Conference ကို နှစ်စဉ် ပြုလုပ်လေ့ရှိပြီး ယခုနှစ်၏ ဆောင်ပုဒ်မှာ “Grow Smart, Lead Responsibly, Perform Effectively” ဖြစ်ပါသည်။ ရိုးမဘဏ် Customer များအား ဝန်ဆောင်မှုပေးရာနှင့် လုပ်ငန်းခွင်အတွင်း ဦးဆောင်ရာနေရာများတွင် ဘဏ်ခွဲမန်နေဂျာများအနေဖြင့် ပိုမိုဆန်းသစ်သော အတွေးအခေါ်များ၊ သမာသမတ်ကျသည့် ဆုံးဖြတ်ချက်များနှင့် ထိရောက်သော ဝန်ဆောင်မှုလုပ်ဆောင်ချက်များကို စနစ်တကျ ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ရိုးမဘဏ် ဘဏ်ခွဲမန်နေဂျာများနှင့် အခြားဌာနဆိုင်ရာလုပ်ဖော်ကိုင်ဖက်များ အချင်းချင်း ချိတ်ဆက်ပြီး အကြံဉာဏ်များနှင့် အတွေ့အကြုံများ ဖလှယ်ကာ ကောင်းမွန်သော အလေ့အကျင့်များကို မျှဝေနိုင်ခဲ့သည့်အပြင် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးသော လှုပ်ရှားမှုများကိုလည်း ပြုလုပ်ခဲ့ကာ Conference Day (၂) ရက်တာကာလအား တက်တက်ကြွကြွ ဖြတ်သန်းခဲ့ကြပါသည်။

Share this news on

Other Related News

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့ ပူးပေါင်း၍ “စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
MSME လုပ်ငန်းများအတွက် “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲ

MSME လုပ်ငန်းများအတွက် “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲ

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့သည် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (Myanmar Business Executives Association - MBE) နှင့် ပူးပေါင်း၍ “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် PARKROYAL Yangon ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။