ရိုးမဘဏ်သည် မြန်မာနိုင်ငံအထက်ပိုင်းတွင် ဘဏ္ဍာရေးနှင့် ငွေကြေး ဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် မန္တလေးမြို့၌ Business Center ဖွင့်လှစ်
1 Min Read
ရိုးမဘဏ်၏ ဘဏ္ဍာရေး နှင့် ငွေကြေး ဝန်ဆောင်မှုများ ပိုမိုတွင်ကျယ်လာသည်နှင့်အမျှ ဒေသတွင်းစီးပွားရေးလုပ်ငန်းများသည်လည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းဆောင်တာများကို လွယ်လွယ်ကူကူ တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်သည်
မြန်မာ၊ ရန်ကုန်မြို့ ၊ သြဂုတ်လ ၅ ရက်၊ ၂၀၁၉ခုနှစ် – ရိုးမဘဏ်သည် မြန်မာနိုင်ငံအထက်ပိုင်းတွင် ဘဏ္ဍာရေး နှင့် ငွေကြေး ဝန်ဆောင်မှုများကို အပြည့်အဝပေးအပ်နိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဇူလိုင်လက အမှတ် (ဃ/၂-၂၀)၊ အမှတ်(၄) ရပ်ကွက်၊ ၆၂ လမ်းနှင့် မနော်ဟရီလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ တွင် Business Center ကို ဖွင့်လှစ်လိုက်သည်။ ယခု Business Center မှတစ်ဆင့် ဘဏ္ဍာရေး နှင့် ငွေကြေး ဝန်ဆောင်မှုများ ပေးအပ်ကာ စီးပွားရေးအလားအလာကောင်းများ ရှိနေသော မန္တလေးမြို့ အခြေစိုက်စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းတိုးတက်ရေးအတွက် အားပေးကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မန္တလေးမြို့တစ်မြို့တည်းတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း အဖွဲ့ဝင်ပေါင်း ၅,၀၀၀ နှင့် ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၈,၀၀၀ ကျော်ရှိပြီး လာမည့်နှစ်များအတွင်း စီးပွားရေးအလားအလာကောင်းများစွာရှိနေပါသည်။ ထိုသို့ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှု၏ အခန်းကဏ္ဍသည် များစွာ အရေးကြီးသည်ကို ရိုးမဘဏ်က သိရှိနားလည်ပြီး ရေရှည်တည်တံ့ ခိုင်မြဲသော စီးပွားရေး လုပ်ငန်းများ တိုးတက်မှုကို ဖော်ဆောင်နိုင်ရန် လိုအပ်သော ငွေကြေး ဝန်ဆောင်မှု အမျိုးမျိုးကို ယခု Business Center မှ တစ်ဆင့် ပေးအပ်သွားမည် ဖြစ်သည်။
“မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (SME) တွေဖြစ်ပြီး SME တွေဟာ နိုင်ငံ့စီးပွားရေးမှာ အရေးကြီးတဲ့အပိုင်းကနေ ပါဝင်နေပါတယ်။ စီးပွားရေးအလားအလာကောင်းတွေရှိနေတဲ့ မြန်မာနိုင်ငံအထက်ပိုင်းက စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ငန်းတိုးတက်ရေးတွေ မနှောင့်နှေးစေဖို့အတွက် ကျွန်တော်တို့ရိုးမဘဏ်အနေနဲ့ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးသွားမှာပဲဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ တိုးတက်မှုအရှိန်အဟုန်ကို စီးမျောရင်း ကျွန်တော်တို့ရဲ့ ဒေသတွင်း ကော်ပိုရိတ်ဘဏ်လုပ်ငန်း ဆောင်ရွက်မှုတွေက မြန်မာနိုင်ငံအထက်ပိုင်းက စီးပွားရေးအသိုက်အဝန်း အတွက် စီးပွားရေးလုပ်ငန်းဆောင်တာတွေကို တဖြေးဖြေး အရှိန် မြှင့်တင်ပေးမှာဖြစ်သလို ဒေသတွင်းလူမှု အသိုက်အဝန်းရဲ့ နေထိုင်မှုအဆင့်အတန်းကိုလည်း တိုးတက်လာအောင် ကူညီလုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ” ဟု ရိုးမဘဏ်၏ Head of Corporate Banking ဖြစ်သူ Mr. Gerald Loh က ပြောကြားခဲ့ပါသည်။
အဆိုပါ Business Center တွင် ကြီးထွားစ စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေနိုင်မည့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင် အကြံပေးမှုများ ၊ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းသုံး ငွေကြေးဝန်ဆောင်မှုများ ၊ လယ်ယာလုပ်ငန်းသုံး ချေးငွေ ၊ ရာသီပေါ်ချေးငွေ ၊ လုပ်ငန်းသုံး စက်ပစ္စည်း ယန္တရားများ ဝယ်ယူနိုင်မည့် အငှား ဝယ်ယူစနစ် ချေးငွေ ၊ ရိုးမဘဏ် အိမ်ရာချေးငွေ နှင့် အခြားသော ဘဏ္ဍာရေး နှင့် ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှုများစွာကို ရိုးမဘဏ်၏ အတွေ့အကြုံရင့် ကော်ပိုရိတ်ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများနှင့် ဝန်ဆောင်မှုတစ်ခုချင်းစီအတွက် အထူးကျွမ်းကျင်ဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍအလိုက် တစ်နေရာတည်း၌ မြန်ဆန်စွာ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပါသည်။
ရိုးမဘဏ်သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ငွေရေးကြေးရေးအလုံးစုံ ပါဝင်မှု အတွက် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပြီး ချေးငွေကဏ္ဍတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အဓိကထား ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ရိုးမဘဏ်၏ ချေးငွေပမာဏစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်ကို SME ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံထားပြီး ပျမ်းမျှချေးငွေပမာဏမှာ ၂၀ မီလီယံ ကျပ် မှ ၁ ဘီလီယံ ကျပ် အထိရှိပါသည်။ ရိုးမဘဏ် Business Center ၏ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အသေးစိတ် သိရှိလိုပါက ရိုးမဘဏ် Call Center – ၉၆၆၂ (သို့မဟုတ်) ၀၉ ၇ ၉၆၆၂ ၉၆၆၂ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal

