Flexi ငွေစုဘဏ်အပ်ငွေစာရင်း
Personal Banking > အပ်ငွေစာရင်းများ
Flexi ငွေစုဘဏ်အပ်ငွေစာရင်း
Personal Banking > အပ်ငွေစာရင်းများ
Flexi ငွေစုဘဏ်အပ်ငွေစာရင်း အကြောင်း
နှစ်စဉ် ၁၀.၅% အတိုးနှုန်းဖြင့် မိမိစုဆောင်းငွေကို တိုးပွားစေလိုက်ပါ။
လုပ်ငန်းရှင်များ၊ မိသားစုများ၊ ကျောင်းသား/သူများနှင့် အငြိမ်းစားယူထားသူများအတွက် သင့်တော်ပါသည်။
Flexi ငွေစုဘဏ်အပ်ငွေစာရင်းကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ


အတိုးပုံမှန်ရရှိခြင်း
နှစ်စဉ် ၁၀.၅% အတိုးနှုန်းဖြင့် မိမိစုဆောင်းငွေကို ပုံမှန်တိုးပွားစေနိုင်ပါသည်။

ဘဏ်တိုးငွေကို လစဉ်ထုတ်ပေးခြင်း
တိုးပွားရရှိထားသော ဘဏ်တိုးငွေကို လစဉ်ထုတ်ယူနိုင်ပါသည်။

လွယ်ကူစွာ စီမံခန့်ခွဲနိုင်ခြင်း
ငွေစုဘဏ်စာအုပ်အသုံးပြုနိုင်သလို Yoma Bank Next Mobile Application မှတစ်ဆင့် မိမိအကောင့်ကို လွယ်ကူစွာစီမံခန့်ခွဲနိုင်ပါသည်။

ငွေသွင်း၊ ငွေထုတ်လွယ်ကူစွာပြုလုပ်နိုင်ခြင်း
နိုင်ငံတစ်ဝှမ်းရှိ ရိုးမဘဏ် ဘဏ်ခွဲများတွင် အဆင်ပြေလွယ်ကူစွာ ငွေသွင်း၊ ငွေထုတ်ပြုလုပ်နိုင်ပါသည်။
လစဉ်အတိုး တွက်ချက်နည်း
အတိုးကို လစဉ် (၅) ရက်နေ့မှ လကုန်ရက်အထိ ကာလအတွင်း မိမိအကောင့်အတွင်းရှိနေသော အနည်းဆုံးအပ်ငွေပမာဏအပေါ်တွင် တွက်ချက်ပါသည်။ လစဉ်တိုင်း ထိုကာလအတွင်း စုငွေများထည့်ထားခြင်းဖြင့်အမြင့်ဆုံးအတိုးရရှိစေမည်ဖြစ်ပါသည်။
အကောင့်ဖွင့်ရန် -
- ကနဦးအပ်နှံငွေကို ၁၀,၀၀၀ ကျပ် သတ်မှတ်ထားပါသည်။
- အနည်းဆုံး လက်ကျန်ငွေ ၁,၀၀၀ ကျပ် ထားရှိရပါမည်။
- အနည်းဆုံးအသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
- နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း) တင်ပြရပါမည်။
အသုံးပြုနိုင်သော အကောင့်အမျိုးအစားများ
- တစ်ဦးချင်းအကောင့်
- သက်ငယ်အကောင့် (အသက် ၁၈ နှစ် မပြည့်သေးသူများအတွက် မိဘအုပ်ထိန်းသူမှ ဖွင့်ပေးနိုင်ပါသည်။)
- ပူးတွဲအကောင့်များ

Interest Calculator
%
Flexi ငွေစုဘဏ်အပ်ငွေစာရင်းအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

အတိုးနှုန်း – တစ်နှစ်လျှင် ၁၀.၅% ဖြင့် မိမိစုဆောင်းငွေကို ပုံမှန်တိုးပွားစေနိုင်ပါသည်။
- ဝန်ဆောင်ခ – ၁,၅၀၀ ကျပ်
(ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ဘဏ်ဝန်ဆောင်မှုတစ်ခုခု အသုံးပြုထားခြင်းမရှိသော အပ်ငွေစာရင်းများကိုသာ လစဉ်ကောက်ခံပါသည်။)
Flexi ငွေစုဘဏ်အပ်ငွေစာရင်း အကြောင်း
မေးလေ့ရှိသော မေးခွန်းများ

နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့သွားရောက်ပြီး လူကြီးမင်း၏ စာအုပ်အသစ်ထုတ်ယူနိုင်ရန် အကူအညီ ရယူနိုင်ပါသည်။
လစဉ်ကြေး မရှိပါ။ သို့သော် ဘဏ်စာရင်းဖွင့်လှစ်ထားပြီး လွန်ခဲ့သော (၁) နှစ်အတွင်း ဘဏ်ဝန်ဆောင်မှုတစ်ခုခု အသုံးပြုထားခြင်းမရှိသော အပ်ငွေစာရင်းများကို ဝန်ဆောင်ခ (Inactive Account Fee) ကောက်ခံပါသည်။
နီးစပ်ရာရိုးမဘဏ်၊ ဘဏ်ခွဲသို့သွားရောက်ပြီး အကောင့်အဟောင်း၏အသေးစိတ်အချက်အလက်များကို ရယူနိုင်ပါသည်။
Flexi ငွေစုဘဏ်အပ်ငွေစာရင်းသည် ပုံမှန်ငွေစုဘဏ်အပ်ငွေစာရင်းထက် အဆင့်မြှင့်ထားသော အပ်ငွေစာရင်းဖြစ်ပြီး လက်လီနှင့်လုပ်ငန်းသုံး ဖောက်သည်များအတွက် အမြင့်ဆုံးအတိုးနှုန်းများပေးအပ်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။
သင်နှင့်ကိုက်ညီသော စာရင်းအမျိုးအစားကို ရွေးချယ်ပါ။
အခြားစာရင်းအမျိုးအစားများနှင့် နှိုင်းယှဉ်ကြည့်ရှုပါ။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Flexi ခေါ်ယူအပ်ငွေစာရင်း

Flexi Everyday စာရင်းရှင်စာရင်း




BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal